မျက်နှာကို ခွဲစိတ်ပြုပြင်မှုတွေ လုပ်ရတာ ကြောက်တယ်ဆိုတဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်

0
106

ကစ်ကစ်လို့ ချစ်စနိုးနာမည်နဲ့ ပရိသတ်တွေရဲ့အချစ်ကို ရရှိထားတာ ကတော့ သရုပ်ဆောင်ဝတ်မှုံရွှေရည်ပဲဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ လတ်တလောမှာတော့ ‘ဒဏ္ဍာရီမိုး’ ဇာတ်ကားကို သရုပ်ဆောင် ရဲတိုက်၊ ဒေါင်း၊ ရွှေထူးတို့နဲ့အတူ သရုပ်ဆောင်နေတာဖြစ်ပြီး သူ့ရဲ့သရုပ်ဆောင်မှုကို ပရိသတ် အားလုံးက တအားသဘောကျနှစ်သက်ကြပါတယ်။ ခန္ဓာကိုယ်အချိုးအစား၊ အသားအရေအလှအပဟာ ဘယ်လိုမှပြောစရာမလိုအောင် လှပတဲ့အတွက် ကိုယ့်ရဲ့ခန္ဓာကိုယ်ထိန်းသိမ်းမှု၊ အသားအရေလှပမှုတို့ကို ဘယ်လို ထိန်းသိမ်းဖြစ် သလဲ မိန်းကလေးတော်တော်များများ ခွဲစိတ်ပြုပြင်နေတာတွေကိုကော ဘယ်လိုမြင်မိသလဲလို့မေးကြည့်တဲ့အခါမှာတော့ ဝတ်မှုံရွှေရည်က –

”သူများတွေကတော့ ကစ်ကို ပြောတယ်။ ပင်ကိုအလှလေး ပိုင်ဆိုင်ထား တဲ့သူတစ်ယောက်ဆိုပြီး တော့ ပြောကြတာတွေရှိတယ်။ အဲဒီလိုဆိုပေမယ့်လည်း ကိုယ်လည်း ထိန်းသိမ်း ရတဲ့အပိုင်းတွေရှိတယ်။ ကိုယ့်ဘက်က အသားအရေ ထိန်းသိမ်းရတာမျိုးတွေ၊ ဂရုစိုက်ရတာမျိုး တွေရှိတာပေါ့နော်။ ဒီအတိုင်းတော့ ပင်ကိုအလှကို ပြီးစလွယ် ထားထားလို့တော့ မရဘူး။ ကိုယ့်ဘာသာကိုယ်တော့ skin care လေး လက်လှမ်းမီသလောက်တော့ လုပ်ရတာပေါ့။ ပြီးတော့ အခု တလော မိန်းကလေးတော်တော်များများ ခွဲစိတ်ပြုပြင် တာတွေရှိတယ်။ ဒီလိုပြုပြင်မှုလုပ်တာ ကောင်း ပါတယ်။ ပြုပြင်ရဲတယ်ဆိုရင်တော့ မိုက်တာ ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်များများ က အခုခေတ်မှာ ပြင်လာကြတယ်။ ပြီးတော့ သူတို့ ပြုပြင်လိုက်တာတွေလည်း လှတယ်။ ပြင်ရဲတဲ့သူတွေအတွက်ကတော့ကောင်း တာပေါ့။ သူများတွေ အဲဒီလိုမျိုးပြုပြင်တာကို အားပေးတယ်။ ကိုယ်ကိုယ်တိုင်တော့ မလုပ်ရဲဘူး။ အဲဒီလိုမျိုးကြီးလုပ် နေရရင် အသည်းယားတယ်။ ကြောက်တယ်။ ကိုယ်က ငယ် ငယ်လေးကတည်းက အသား နာမှာ ကြောက်တတ်တဲ့ပုံစံ မျိုးဆိုတော့ ကိုယ်ကိုယ် တိုင်ကတော့ ခွဲစိတ်ပြု ပြင်မှုတွေ လုပ်နေ တဲ့သူတွေကို လေးစားတယ်။ ကစ် လုပ်ပါဆိုရင် တော့ ဘယ်တော့ မှလုပ်ဖြစ်မှာ မဟုတ်ဘူး (ရယ် လျက်)”ဆိုပြီး ဝတ်မှုံရွှေရည်က ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here