Tuesday, February 3, 2026

သက်တော် ၉၀ အရွယ် ဆရာ‌တော်ကြီး...

သက်တော် ၉၀ အရွယ် တိဗက်ဘာသာ‌ရေးအကြီးအကဲ ဆရာ‌တော်ကြီးဒလိုင်းလားမားသည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲတွင် "အကောင်းဆုံး အသံထွက်စာအုပ် နောက်ခံစကားပြောဆု" (Best Audiobook...

မန္တလေးမြို့တွင် ငလျင်ထပ်လှုပ်

မန္တလေးမြို့၌ ယနေ့ (ဖေဖော်ဝါရီ သုံးရက်) နေ့လည်ပိုင်း၌ အင်အားသိသာသည့် ငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ “မတ်လက လှုပ်တဲ့ ငလျင်လိုကို ခံစားလိုက်ရတယ်၊...

ဇူလိုင်လတွင် JLPT စာမေးပွဲဖြေဆိုရန် တစ်ဦးချင်းလျှောက်ထားသူများအနေဖြင့်...

၂၀၂၆ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း JLPT...

အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်ကားတိုက် (၄) ဦး...

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အမှန်(၂)လမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်...
HomeCelebrities' Newsရုပ်ရှင်နှစ်တစ်ရာပြည့်မတိုင်ခင်မှာတော့ မြန်မာ့ရုပ်ရှင်လောကဟာ အတော်လေးကို...

ရုပ်ရှင်နှစ်တစ်ရာပြည့်မတိုင်ခင်မှာတော့ မြန်မာ့ရုပ်ရှင်လောကဟာ အတော်လေးကို မြင့်မားလာမယ်လို့ မျှော်လင့်တယ် အကယ်ဒမီ ရန်အောင်

အကယ်ဒမီစည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်ပြီး ပြန်လည်ရေးဆွဲ ပြုပြင် နေတဲ့ကော်မတီထဲမှာ အကယ်ဒမီရန်အောင်လည်း ပါဝင်ပါတယ်။ အကယ်ဒမီ စည်းမျဉ်းစည်းကမ်းတွေကို အလွှာအသီးအသီး စုစည်းပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာတွေတင်ပြဆွေးနွေးလျက်ရှိပါတယ်လို့ အကယ်ဒမီ ရန်အောင်က ဆိုပါတယ်။

အကယ်ဒမီ ရန်အောင်က အကယ်ဒမီနဲ့ပတ်သက်ပြီး သူ့ရဲ့ဆန္ဒတစ်ခုကို ထုတ်ဖော်ပြောပြလာတာကတော့…

”ကျွန်တော်က သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းအတွက်ပဲ ပြောပြချင်ပါတယ်။ အဲဒါကတော့ အဓိကဇာတ်ဆောင်နဲ့ ဇာတ်ပို့ဇာတ်ရံ မကွဲတာပါ။ အဲဒါကိုတော့ ကွဲကွဲပြားပြား ဖြစ်စေချင် ပါတယ်။ အကယ်ဒမီဆိုတာက တစ်နှစ်အတွင်းမှာ ရသင့်ရထိုက် တဲ့သူ အတော်ဆုံးတွေကို ပေးရမှာ ဖြစ်ပါတယ်။ အဲဒီအရာကိုလည်း ကျွန်တော် တို့တွေ ဆွေးနွေးနေပါတယ်။ အမှတ်တစ်ခုကို ဆုံးဖြတ်မယ်။ စည်းမျဉ်းစည်းကမ်းကို ခိုင်ခိုင်မာမာ ချမှတ်ပါမယ်။ အမှတ်အများဆုံးသူတွေကိုပဲ ပေးအပ် သွားရမှာ ဖြစ်ပါတယ်။ အကယ်ဒမီဆုတွေမှာထပ်တိုးပေးလို့ရတဲ့ အကယ် ဒမီဆုတွေ ရှိနေပါပြီ။ အဲဒါတွေက Special Effect အတွက်ဆုတွေပေးလို့ ရမယ်။ မိတ်ကပ် Effect တွေအတွက် လည်း ဆုပေးလို့ ရပါမယ်။ နောက် တစ်ခုကတော့ Costume အပိုင်းကိုတာဝန်ယူ တဲ့ စတိုင်လစ်ကို အကယ်ဒမီ ဆုပေး အပ်လို့ရပါတယ်။ ကျွန်တော် တို့ ဆိုရင် အခု အချိန်အထိကိုယ့် အဝတ်အစားကို ကိုယ်စဉ်းစားပြီး ဝတ်နေကြရ တာဖြစ်ပါတယ်။ ကိုယ့်စိတ်ထဲ မှာ ကိုယ်ဝတ်မယ့်အရာ ကို ဖန်တီးရတယ်။ ဇာတ်လမ်းတစ်ခု ရလာပြီ ဆိုရင်ကိုယ် ဘာဝတ်ရမလဲ ဆိုတာ ကိုကိုယ့်ဘာသာ စဉ်းစားတယ်။ အဲဒါဟာ ကျွန်တော် တို့အတွက် ပိုပြီး အလုပ်ရှုပ်စေတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အဲဒီတော့ ဇာတ် ကားတစ်ခု အတွက် စတိုင်လစ်တစ်ယောက်တော့ ရှိရမယ်။ အဲဒီအတွက်လည်း စတိုင် လစ်တွေအတွက် အကယ်ဒမီဆုပေး ကိုပေးရမယ်။အခုလောလော ဆယ် မှာတော့ မိတ်ကပ် အကယ် ဒမီဆု၊ နောင်ဆိုရင် စတိုင်လစ် အကယ် ဒမီဆုတွေပေးအပ်သင့်ပါ တယ်” လို့ ပြောပါ တယ်။

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာ ပြည့်ကလည်း သိပ်မကြာခင် နှစ်အတွင်းရောက် ရှိလာ တော့မှာ ဖြစ်တဲ့အတွက် အကယ်ဒမီရန်အောင် က တော့ နှစ်တစ်ရာ ပြည့် မတိုင်ခင်ရုပ်ရှင်ရုံတွေလည်း အများကြီးဖြစ်ပေါ်လာမယ်လို့ ယုံကြည်ထားကြောင်း ဆိုပါ တယ်။

”အခုဆိုရင် ကျွန်တော် တို့တွေသည် ရုပ်ရှင်ရုံတစ်ရာ စီမံကိန်းတွေလည်း လုပ်လာနေပြီ ဖြစ်တဲ့အတွက် ရုပ်ရှင်နှစ်တစ်ရာ ပြည့် မတိုင်ခင်မှာတော့ မြန်မာ့ ရုပ်ရှင်လောကဟာ အတော်လေးကို မြင့်မား လာမယ် လို့ မျှော်လင့်တယ်။ ဘာလို့လဲဆိုရင် ရုံတစ်ရာ စီမံကိန်းပြီးသွားတာနဲ့အမျှ ရုပ်ရှင် လောကရဲ့ ဝင်ငွေတွေလည်းကောင်းလာမှာဖြစ် တယ်။ ဝင်ငွေကောင်းလာတာနဲ့အမျှ နိုင်ငံ တကာကိုလည်း ထိုးဖောက်ခွင့်ရလာမယ် လို့ မျှော်လင့်တယ်။ အခုကတော့ရတဲ့ ရုံလေးနဲ့ ပဲပြနေရတယ်။ အဲဒီတော့ တဖြည်းဖြည်း ချင်း ကျွန်တော်တို့ပြုပြင်ပြီးသွားနေကြ ပါပြီ” လို့အကယ်ဒမီ ရန်အောင်ကပြောပြ ခဲ့ပါ တယ်။

ထက်လူ

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071