Saturday, June 6, 2026

ရန်ကုန်ဆေးရုံကြီးတွင် ရုပ်အလောင်းထုတ်ယူရာ၌ ငွေမတရားတောင်းခံမှု ပပျောက်ရေး...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသူများ၏ ရုပ်အလောင်းများ ထုတ်ယူသယ်ဆောင်ရာ၌ တရားမဝင် ငွေကြေးတောင်းခံမှုများနှင့် ငွေမတရားတောင်းခံမှုများ လျော့နည်းပပျောက်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဇွန် ၅...

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ တိုးမြှင့်ရေး ဆွေးနွေး၊...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ တရားဝင်ခရီးရောက်ရှိနေစဉ် ဇွန် ၅...

အိန္ဒိယရောက် မြန်မာသံဃာတော်နှင့် သီလရှင် (၆၃)...

အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော မြန်မာသံဃာတော်နှင့် သီလရှင်များအား အားပေးထောက်ပံ့သည့်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိသားစုက ဇွန် ၅ ရက်တွင် နေ့ဆွမ်းနှင့်...

ယဉ်ကျေးမှုများအကြား နားလည်မှုတံတား တည်ဆောက်ရေးတွင် မီဒီယာ၏အခန်းကဏ္ဍ...

နိုင်ငံနှင့်ဒေသပေါင်း ၅၀ ကျော်မှ သတင်းမီဒီယာကိုယ်စားလှယ်များ တရုတ်နိုင်ငံ၌ ကျင်းပသည့် Global Journalists Salon သို့ တက်ရောက် တရုတ်နိုင်ငံ၌ ကျင်းပလျက်ရှိသော China...
HomeCelebrities' Newsသရဲ၊ တစ္ဆေဆိုတာကို မြင်မှယုံမယ်...

သရဲ၊ တစ္ဆေဆိုတာကို မြင်မှယုံမယ် ကျော်ကျော်ဗိုလ်

“ဝိညာဉ်စိမ်း”ဆိုတဲံ့ Horror ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်ထားတဲ့ ကျော်ကျော်ဗိုက လက်ရှိအသက်အရွယ်အထိ သရဲ၊ တစ္ဆေနဲ့ပတ်သက်ပြီး အပြင်မှာမတွေ့ဖူးလို့အယုံအကြည်မရှိ ကြောင်း ပြောပါတယ်။

“ကျွန်တော်က မြင်မှယုံတာဗျ။ အခုချိန်အထိ သရဲ၊ တစ္ဆေ ဆိုတာကို မမြင်ဖူးတော့မယုံဘူးပေါ့” လို့ သူကပြောပြ ထား တာပါ။ ဒါဆို သူတို့ “ဝိညာဉ်စိမ်း” ရုပ်ရှင် ဇာတ် ကားရိုက်ကူးခဲ့စဉ်၊ ဒါမှမဟုတ် တခြားဇာတ်ကား တွေရိုက်ကူးခဲ့စဉ် သင်္ချိုင်းမြေမှာ ရိုက်ကူးရတဲ့ အခန်းတွေဆို ဘယ်လိုမှ မခံစားမိဘူးလား လို့ ဆိုတော့…..

“ဘာမှမရှိပါဘူး။ ကျွန်တော် တို့လည်း သေရင်အဲဒီသွားရမှာပဲလေ။ ငါတို့လည်း ရောက်မယ့် နေရာ ပဲဆိုပြီးတော့ ကြိုကြည့်ထား လိုက်တာပေါ့။ ဒါပါပဲ” လို့ သူက ဆက်လက် ပြောပါတယ်။ “ဝိညာဉ် စိမ်း” ရုပ်ရှင် ဇာတ် ကားကို ဘယ်လို မြင်လဲဆိုတဲ့ အမေးကို ကျော်ကျော်ဗိုက…..

“ဗုဒ္ဓဘာသာမှာ ဆုံးပါးသွားလို့ ရှိရင် အယူတွေရှိတာပေါ့နော်။ ဝိညာဉ်ခေါ်တာတို့၊ ရက်လည် အောင်တစ်ပတ်ထားရတာတို့၊ အဲဒီမှာ လွဲသွားနိုင်တဲ့ဟာလေးတွေကို သတိပြုမိဖို့ Message ပေးတာပေါ့။ ဒါက ကျွန်တော်တို့ မေတ္တာဖွဲ့သရဲ ဇာတ်ကားပေါ့။ ကြောက်ဖို့အရမ်း လည်း ကောင်းသလို မိသားစု မေတ္တာဖွဲ့လေးပေးထားတဲ့ သရဲ ဇာတ်ကား ပါ။ နောက်ပြီးတော့ အယူအဆလေးတွေ လွဲသွားမှာလေးကို မီးမောင်းထိုးပြထားတဲ့ကား လေးပါ။ အဲဒီတော့ ပညာလည်းပေးရင်း၊ Entertain လည်းလုပ်ရင်း လွမ်းစရာရသလေးတွေပါတဲံ့Horror ကားလေးကို လာကြည့်ဖို့လည်း တိုက်တွန်း ချင် ပါတယ်” လို့ ပြောပါတယ်။ “ဝိညာဉ်စိမ်း” ရုပ်ရှင် ဇာတ်ကား က ပုံမှန်ရိုက်ကူးနေကျ သရဲဇာတ်ကား တွေလိုမဟုတ်ဘူး။ မြန်မာလူမျိုးတို့ရဲ့ မိသားစု မေတ္တာတရားကို ဖော်ကျူးထားတာ။ တော်တော် လေးလည်း ကောင်းတာဆိုတော့ ဘယ်သူ့ကို အကယ်ဒမီမှန်းသလဲလို့မေးတဲ့အခါ…..

“တော်တော်လေးကို ကြီးသွား ပြီ(ရယ်လျက်)။ ကျွန်တော်တို့ မူတွေ၊ ဘောင်တွေ၊ စည်းမျဉ်းတွေ၊ စည်း ကမ်းတွေရှိတာကိုး။ ရှိတယ်ဆို တော့လည်း အဲဒါတွေနဲ့ ညီတဲ့သူ ရမှာပေါ့ဗျာ။ အားလုံးကတော့ ဇာတ်ကားကောင်းဖို့အတွက်ပဲ အာရုံစိုက်ပြီး ကြိုးစား ထားကြတာကိုး။ ဟာမိုနီဖြစ်နေကြတာပေါ့” လို့ ကျော်ကျော်ဗိုက ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

ရန်ကုန်ဆေးရုံကြီးတွင် ရုပ်အလောင်းထုတ်ယူရာ၌ ငွေမတရားတောင်းခံမှု ပပျောက်ရေး စီမံဆောင်ရွက်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသူများ၏ ရုပ်အလောင်းများ ထုတ်ယူသယ်ဆောင်ရာ၌ တရားမဝင် ငွေကြေးတောင်းခံမှုများနှင့် ငွေမတရားတောင်းခံမှုများ လျော့နည်းပပျောက်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဇွန် ၅ ရက်တွင် ထုတ်ပြန်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဇွန် ၁ ရက်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ပရဟိတအသင်းအဖွဲ့များမှ ကိုယ်စားလှယ် စုစုပေါင်း ၅၅ ဦးခန့် တက်ရောက်သည့် ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် ရုပ်အလောင်းတင်ယာဉ်နှင့် လူနာတင်ယာဉ်များကို အခမဲ့ သို့မဟုတ် သင့်တင့်မျှတသောနှုန်းထားဖြင့် ပို့ဆောင်ပေးနိုင်မည့် ပရဟိတအသင်းများ၏...

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ တိုးမြှင့်ရေး ဆွေးနွေး၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား တရုတ်က ဆက်လက်ထောက်ခံမည်ဟု ဝမ်ယိ ပြောကြား

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ တရားဝင်ခရီးရောက်ရှိနေစဉ် ဇွန် ၅ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာစေရေး၊ “အေးအတူ ပူအမျှ အသိုက်အဝန်း” တည်ဆောက်ရေး၊ နှစ်နိုင်ငံအကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေးနှင့် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်...

အိန္ဒိယရောက် မြန်မာသံဃာတော်နှင့် သီလရှင် (၆၃) ပါးအား နိုင်ငံတော်သမ္မတ မိသားစုက ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော မြန်မာသံဃာတော်နှင့် သီလရှင်များအား အားပေးထောက်ပံ့သည့်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိသားစုက ဇွန် ၅ ရက်တွင် နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါလှူဒါန်းမှုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ မြန်မာသံရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး ဒေလီတက္ကသိုလ်၊ ဂေါတမဗုဒ္ဓတက္ကသိုလ်နှင့် သုဘာတီတက္ကသိုလ်တို့တွင် ပညာသင်ကြားနေသော သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၆၃) ပါးအား ရည်စူးဆက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လှူဒါန်းရာတွင် နေ့ဆွမ်းအပြင် ဗုဒ္ဓရုပ်ပွားတော်၊ သင်္ကန်းပရိက္ခရာများ၊ နဝကမ္မဝတ္ထုအလှူတော်ငွေများနှင့် ဒါတဗ္ဗဝတ္ထုပစ္စည်းအစုစုတို့ကိုပါ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071