လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေတ အင်္ဂလိပ်ဘောလုံးသူရဲကောင်းဘော်ဘီမိုးအရုပ်နဲ့ ဒီဇိုင်းထွင်ထားတ ကယ်လီဘရွတ်ခ်ဲ့ ရဲ့ ဖက်ရှင

0
166

 

နှစ်စဉ် ဇွန်လမှာ ကျင်းပလေ့ရှိတဲ့ အင်္ဂလန်နိုင်ငံက တော်ဝင်မြင်း ပြိုင်ပွဲRoyal Ascotကို ဝတ်ဆင်လာတဲ့ မော်ဒယ်လ်ကယ်လီဘရွတ်ခ် ရဲ့ ဦးထုပ်ဖက်ရှင်ကို ကမ္ဘာ တစ်ဝန်းလူကြိုက်များနေကြောင်း သိရပါ တယ်။ အဆိုပါပွဲကို တက်ရောက်လာ ကြတဲ့ အမျိုးသမီးပရိသတ်တွေရဲ့ သိမ်မွေ့ပြီး ကျက်သရေရှိလှတဲ့ ဦးထုပ်ဒီဇိုင်း အမျိုးမျိုးကြားမှာတော့ ကယ်လီရဲ့ ဦးထုပ်ဖက်ရှင်က လူကြိုက်အများဆုံးဖြစ်နေခဲ့တာပါ။ ထူးခြားချက်က ကယ်လီဟာ သူ့ရဲ့ ဒီဇိုင်းလှလှဦးထုပ်မှာ အင်္ဂလိပ်ဘော လုံးသမား ဘော်ဘီမိုးရဲ့ ပုံတူအရုပ် ကလေးကိုပါ ထည့်ပြီး ဒီဇိုင်းပြုလုပ် ထားတာဖြစ်ပါတယ်။

အထက်က ဆိုခဲ့သလို ဇွန်လ ၁၉ ရက်နေ့ကစပြီး ကျင်းပနေတဲ့ အင်္ဂလန်ရဲ့တော်ဝင်မြင်းပြိုင်ပွဲကြီး ဆိုတာ အင်မတန်မှ ခမ်းနား ထည်ဝါလှတဲ့ အင်္ဂလိပ်လူမျိုးတွေရဲ့ အဓိက ပွဲတော်ကြီးတစ်ခု ဆိုလည်းမမှားပါဘူး။ အင်္ဂလန်နိုင်ငံတစ်ဝန်းလုံးက တော်ဝင် မြင်းတပ် က မြင်းအလှတွေ၊ မြင်းစီးသမားတွေ ထောင်နဲ့ချီပြီး ရောက်ရှိ လာကြပြီလို့လည်းသိရပါ တယ်။ ၅ ရက်တိုင်တိုင် ကျင်းပမယ့် အဆိုပါ ပွဲကြီးကို ပရိသတ် ပေါင်း ၃ သိန်းကျော် တက်ရောက်မယ်လို့ လည်း ခန့်မှန်းထားကြပါတယ်။ တစ်ဆက်တည်းဆိုသလို အဖွင့်နေ့မှာပဲ ဝတ်ဆင်ပြသခဲ့တဲ့ ကယ်လီရဲ့ ဦးထုပ်မှာပါတဲ့ ဘောလုံးသမား ဘော်ဘီမိုးဟာ အင်္ဂလန်ရဲ့ သူရဲ ကောင်းတစ်ဦးလို့ တင်စားခံထားရ သူပါ။ အကြောင်းက ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကြီးမှာ အနောက်ဂျာမဏီအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး ကမ္ဘာ့ဖ လားကြီးကို ဆွတ်ခူးပေးခဲ့စဉ်က အသင်းခေါင်းဆောင်က ဘော်ဘီမိုး ပဲဖြစ်ပါတယ်။

 

Ref; BBC


LEAVE A REPLY

Please enter your comment!
Please enter your name here