Wednesday, June 11, 2025

ငလျင်သင့် ပြည်သူများအတွက် KBZ Center...

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် အခက်အခဲကြုံတွေ့ခဲ့ရသည့် ငလျင်သင့် ပြည်သူများအတွက် KBZ Center Mandalay တွင် အထူးချေးငွေဌာနများဖွင့်လှစ်၍ အမြန်ဆုံးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အထူးချေငွေဌာနများ...

မိုးများ၍ အမရပူရမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်နေ

ယခုရက်သတ္တပတ်အတွင်း သည်းထန်စွာရွာသွန်းနေသည့် မိုးကြောင့် မန္တလေးတိုင်း၊ အမရပူရမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်နေကြောင်း သိရသည်။ “မနေ့ညကနေ တစ်ညလုံးရွာတာ။ ရေဝင်တာ၊ ရေတက်တာလည်း မြန်တယ်။ အိမ်ထဲ...

လော့စ်အိန်ဂျယ်လိစ်မြို့လယ်တွင် မငြိမ်မသက်မှုများကြောင့် ညမထွက်ရအမိန့်ထုတ်ပြန်

ဆန္ဒပြမှုများနှင့် မငြိမ်မသက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် မြို့၏ မြို့လယ်ဧရိယာတွင် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း လော့စ်အိန်ဂျယ်လိစ်မြို့တော်ဝန် ကာရန်ဘတ်စ်က ပြောကြားခဲ့သည်။ "ကျွန်မအနေနဲ့ ဖျ-က်ဆီးမှုတွေ၊ လုယ-က်မှုတွေကို ရပ်တန့်ဖို့အတွက်...

အဖွင့်ပွဲမလှခဲ့သည့် မြန်မာယူ-၁၉ အမျိုးသမီးအသင်း ယနေ့...

ဗီယက်နမ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပနေသည့် အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် ဗီယက်နမ်အသင်းကို ရှုံးနိမ့်ထားသည့် မြန်မာအသင်းအနေဖြင့် ယနေ့ ဇွန် (၁၁)...
HomeNewsLiterature Newsထရမ့်နဲ့ ကင်တို့ တွေ့ဆုံမှုအပေါ်...

ထရမ့်နဲ့ ကင်တို့ တွေ့ဆုံမှုအပေါ် သုံးသပ်ချက်အမြင်များ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအွန်းတို့ဟာ စင်ကာပူနိုင်ငံ ဆန်တိုတာကျွန်းက Capella Hotel မှာ ဇွန်လ ၁၂ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။ ဆွေးနွေးပွဲအပြီးမှာ သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲဟာ အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံအကြား ကာလရှည်ကြာ တင်းမာမှုတွေကို လျှော့ချပြီး ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ဖန်တီးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နိုင်ငံတကာသုတေသီ ဦးကိုကိုလှိုင်နဲ့ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်တို့ရဲ့ သုံးသပ်ချက်အမြင်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ဦးကိုကိုလှိုင်

ဒီထိပ်သီးတွေ့ဆုံပွဲဟာ တစ်ချိန် က တစ်ဖက်ကိုတစ်ဖက် မီးလောင် တိုက်သွင်းပစ်မယ်လို့ ကြိမ်းဝါးခဲ့ကြ တဲ့ ရန်ဘက်ခေါင်းဆောင်နှစ်ယောက် လည်ပင်းဖက်ပြီး ရယ်မောနေနိုင်ခဲ့တဲ့ အဆင့်ကို ပြသနိုင်ခဲ့လို့ ထူးခြားပါ တယ်။ ဒီလိုလည်ပင်းဖက်နိုင်တာက လည်း နှစ်ယောက်စလုံးမှာ ဘုံအကျိုး စီးပွားရှိနေသလို၊ နိုင်ဖဲကိုယ်စီ ရှိနေ ကြလို့ပါ။ ဒီတွေ့ဆုံပွဲကြောင့် အ နောက်နိုင်ငံမီဒီယာတွေမှာ လူဆိုး ဗီလိန်၊ ဦးနှောက်မမှန်သူတွေအဖြစ် ပုံဖော်နှိပ်ကွပ်ခံခဲ့ရတဲ့ သူတို့နှစ် ယောက်စလုံး လူလိမ္မာသူရဲကောင်း ကြီးဘဝ ချက်ချင်းပြောင်းလဲသွားခဲ့ တာ ဘုံအကျိုးစီးပွားပါ။ နိုင်ဖဲဆိုတာ ကတော့ မြောက်ကိုရီးယားမှာ အဏု မြူလက်နက်ပိုင်ဆိုင်ထားပြီမို့ စမ်း သပ်တဲ့ ကွင်းကို ဖျက်ပြလို့လည်း ဘာမှဆုံးရှုံးစရာမရှိဘူး။ သုံးပုံဖဲ စကားနဲ့ပြောရင် ဖူလုံသွားပြီလေ။ အမေရိကန်ကလည်း မြောက်ကိုရီး ယားကို ဗန်းပြပြီး တရုတ်ကိုထိန်းချုပ် ဖို့ ဒုံးခွင်းဒုံးတပ်ဖွဲ့တွေ တောင်ကိုရီး ယားမှာ ချထားပြီးပြီလေ။ မြောက် ကိုရီးယား အန္တရာယ် လျော့သွားရင် အမေရိကန်ရေတပ်ကို ပစိဖိတ် အနောက်ပိုင်းမှာလျှော့ပြီး အိန္ဒိယ သမုဒ္ဒရာဘက် တိုးချဲ့လှုပ်ရှားဖို့ ပြင် ဆင်ထားပြီးပြီမို့ သူ့အတွက် အကွက် ကောင်းပါပဲ။

တကယ်တော့ ဒီရွှေ့ကွက်က အခုမှ အဖွင့်ကစားကွက်ပဲရှိသေး တယ်။ နောက်ပိုင်းမှာ ဒီထက်ပိုရှုပ် ထွေးတဲ့ ကစားကွက်တွေ လာပါလိမ့် ဦးမယ်။ တစ်ကွက်တည်းနဲ့ ပွဲပြီးပြီလို့ ပြောဖို့စောပါသေးတယ်။ ကင်ဂျုံအန် ရဲ့ နောက်ကွယ်မှာ တရုတ်သမ္မတ ရှီကျင်းဖျင် ရှိနေတယ်ဆိုတာလည်း သိထားဖို့ လိုပါလိမ့်မယ်။ ကင်ဟာ ထရမ့်နဲ့မတွေ့ခင် ရှီနဲ့နှစ်ကြိမ်တိုင် တိုင် တွေ့ထားခဲ့တာဖြစ်ပါတယ်။

ဒေါက်တာဝါဝါမောင်

ဘာ​တွေ​ဆွေး​နွေးတာမှန်း ​သေ ချာမသိ​ပေမယ့်​ အပြုံး​တွေShake hands ​တွေ မြင်​ရတယ်​။ ထိုအပြုံး တို့ရဲ့ ​နောက်​ကွယ်​မှာလည်း Hidden Agenda ​ ​တွေရှိနိုင်​ပါတယ်။ မည်​သို့ ဆို​စေ International Community မှာ​တော့ တကယ့်​မှတ်​​ကျောက်​ Milestone တစ်​ခုပါ။ ယုံကြည်​မှု (Trust) တည်​​ဆောက်​ကြည့်တာ ဖြစ်​မှာ​ပေါ့။ Dialogue လုပ်​ကြည့်​တာ ဖြစ်​မှာ​ပေါ့။

Trump က Kim ကို က​လေး တစ်​​ယောက်​ရဲ့ ​ကျောကို သပ်​လိုက်​ ရင်းရင်းနှီးနှီး​ပြောလိုက်​၊ ဒီချာတိတ်​ကို ဘယ်​လိုလုပ်​ရမလဲ​ပေါ့၊ ဘယ်​လိုကိုင်​တွယ်​ရမလဲ။ အ​တော်​မလွယ်​တဲ့ ​ကောင်​​လေးလို့​တော့ စိတ်​ထဲမှာ ယုံကြည်​ထားပုံပဲ။ Kim က ​တော်​​တော်​ အ​လေးအနက်​ထားနား​ထောင်​ပုံပဲ။ Kim ကို ​ခေါင်းမာပြီး ရက်​စက်​တတ်​တယ်​လို့ ဆိုကြ​ပေမယ့် သူ turnaround strategy ကို သုံး​နေ ပြီ။ သူ့ကိုယ်​သူ ယုံကြည်​ပုံရတယ်။ သူ့လူ​တွေ သူပိုင်​နိုင်​ပုံရပါတယ်​။ ၃ဝ ​ကျော်​ လူငယ်​တစ်​​ယောက်​အ​နေနဲ့ ​​International မှာ သူနဲ့သူ့နိုင်​ငံရဲ့မ​ကောင်း​သော ​ကျော်​​စောမှု Natorious နဲ့ အာဏာကို လုရယူမှု Dictatorship ကို Strategically Turnaroundလုပ်​ပြီး Opportunity အ​နေနဲ့ ပြန်​လည်​ဖန်​တီးပြီး အကောင်း ဆုံး အသုံးချသွားတာ၊ ဒီအဆင့်​ထိ ​ရောက်​​အောင်​လုပ်​လာနိုင်​တဲ့ Kim ရဲ့ အရည်​အချင်းက ​ခေသူမဟုတ်​ပါ။

Singapore ကိုလည်း ချီး ကျူးတယ်​။ Trump နဲ့ Kim ​တွေ့ ဆုံမှုကို အိမ်​ရှင်​အဖြစ်​လက်​ခံ​ပေးခဲ့ တာရယ်​၊ လုံခြုံ​ရေး တင်းကျပ်​မှု တာဝန်​က ကြီးသလို Singapore ကို ​တွေ့ဆုံမှုရဲ့ ကြား​နေ Location အဖြစ်​​ Kim နဲ့ Trump က​ရွေးချယ်​ တာဟာလည်း Singapore ရဲ့ ကြား​နေ Liberalism နဲ့ သူတို့ရဲ့ ​ဆွေး​နွေး တဲ့ အ​ကြောင်းအရာ​တွေ​ပေါ်မှာ နိုင်​ငံ​ရေး အမြတ်​ထုတ်​မယ့်​ နိုင်​ငံမဟုတ်​လို့လို့ ယူဆလို့လား စဉ်းစားစရာပါ။ နိုင်​ငံ​ရေးအမြတ်​ထုတ်​သည်​ ဖြစ်​​စေ၊ မထုတ်​သည်​ဖြစ်​​စေ စင်​ကာပူက နိုင်​ငံ​ရေး အမြတ်​ရပါတယ်​။ Peace process မှာ ပါဝင်​ခွင့်​ရတယ်။ ဒီနှစ်​ ကစင်​ကာပူအတွက်​ ASEAN Chairmanship ​ဆောင်​ရွက်​​နေတဲ့ အချိန်​မှာ Regional Peace ကို ​ပါဝင်​​ ဆောင်​ရွက်​နိုင်​တဲ့အတွက်​ထူးခြားသော Milestone တစ်​ခုလို့ မြင်​ပါတယ်​။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071