ဝါရင့်သရုပ်ဆောင်တွေရဲ့ တွဲဖက်ညီမှုကို မြင်တွေ့ရဦးမယ့် စိန်ယောက်မရုပ်ရှင်ဇာတ်ကား

0
186

 

ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးပုံဖော်ထားသော စိန်ယောက်မ ရုပ်ရှင်ဇာတ်ကားအထူးပွဲကို ဇွန်လ ၁ဝ ရက်နေ့က သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံတွင်ပြသခဲ့ပါတယ်။ ယင်းရုပ်ရှင်ဇာတ်ကားတွင် ဝါရင့်သရုပ် ဆောင်များဖြစ်ကြသော ကျော်ရဲအောင်၊ ပြေတီဦး၊ ခင်လှိုင်၊ ထက်အောင်ရှိုင်း၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်တို့နှင့် အခြားအနုပညာရှင်များစွာတို့ ပါဝင်သရုပ်ဆောင်ထားပြီး အောင်သီရိရုပ်ရှင် ထုတ် လုပ်ရေးမှ ထုတ်လုပ်ထားတဲ့ ဟာသကားရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က…

”အခုလိုမျိုး ဝါရင့်သရုပ်ဆောင်တွေပဲ အကုန်လုံး ပေါင်းပြီးလုပ်လိုက်တဲ့အခါကျတော့ တစ်မျိုးထူးဆန်းသွားတာပေါ့။ ဖြစ်လေ့ဖြစ်ထရှိတဲ့ဟာတစ်ခုကိုပဲ အခြေခံပြီးတော့ အားလုံးစိတ်ကျေနပ်အောင်လုပ်ထားပါတယ်။ ပရိသတ်တွေအနေနဲ့ စိတ်အပန်းဖြေဖို့ လာ ရောက်ပြီးတော့ ကြည့်ရှုအားပေးကြပါ။ အခုအချိန်ထိ ကျွန်တော့်ဇာတ်ကားတွေကို အမြဲတမ်းအားပေးနေတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်”လို့ စိန်ယောက်မဇာတ်ကားနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

စိန်ယောက်မ ရုပ်ရှင်ဇာတ်ကားကို ဇွန်လ ၁၅ ရက်နေ့က စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများမှာ ရုံတင်ပြသလျက်ရှိပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here