Tuesday, May 5, 2026

အိန္ဒိယနှင့်ရုရှားတို့တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနှင့်သင်္ဘောများ အပြန်အလှန် ဖြန့်ကျက်ချထားရန်သဘောတူညီခဲ့

မေ ၅ ရက် ယူအင်န်အင်န် သတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၆ ခုနှစ် မေလ ၅ ရက်တွင် ရုရှားနှင့် အိန္ဒိယတို့သည် တစ်နိုင်ငံ၏...

နည်းပြချုပ်သစ်နှင့်အတူ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ရာသီသစ်အတွက်...

၂၀၂၆-၂၇ ရာသီ Myanmar Women League (MWL) အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ရာသီအတွက်...

ပြုံယမ်းအမျိုးသမီးကလပ်အသင်း ဆိုးလ်သို့ လာရောက်ကစားမည်

မြောက်ကိုရီးယား အမျိုးသမီးဘောလုံးကလပ်အသင်း နာဂိုယန်အက်ဖ်စီသည် မေလ ၂၀ ရက်နေ့တွင် တောင်ကိုရီးယားအမျိုးသမီးကလပ်အသင်း ဆူဝန်အက်ဖ်စီနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့်...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။ မေ ၄ ရက်ကပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့...
HomeMyanmar Theatrical Traditionသ ဘင် လော...

သ ဘင် လော က သား များအားကာကွယ်စောင့် ရှောက်နိုင်ရန်အတွက် သဘင် ဥပဒေ ရေးဆွဲနေကြောင်းသဘင်(ဗဟို)ဥက္ကဋ္ဌဦးဖိုးချစ်ပြောကြား

သဘင်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ အနုပညာရှင်များရဲ့ဘဝလုံခြုံစိတ်ချရေးကို အကာအကွယ်ပေးမယ့် သဘင်ဥပဒေကို ရေးဆွဲ နေကြောင်း သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောပါတယ်။ ဒီလိုသဘင်ဥပဒေရေးဆွဲနိုင်ဖို့အတွက်ကလည်း သဘင်အလွှာအသီးသီးက စည်းမျဉ်းစည်းကမ်းတွေအတည်ပြုဖို့ လိုအပ်နေသေးပြီး ဥပဒေကြမ်းအနေနဲ့ကတော့ သူတို့မှာ ရှိထားပြီးပြီဖြစ်ရာ လွှတ်တော်တင်ဖို့ပဲ ကျန်တော့ တယ်လို့ သိရပါတယ်။

“ကာကွယ်ရမှာကတော့ အများကြီးပါပဲ။ သဘင်အနုပညာရှင်တွေဘက်ကလည်း ပရိသတ်နဲ့ အတတ်နိုင်ဆုံး ဆက်ဆံရေးပြေလည်ဖို့လိုတယ်။ မပြေလည်ဘူး၊ မကောင်းဘူးဆိုရင်လည်း ပရိသတ်ဘက်ကလည်း ရွေးချယ်ခွင့်ရှိတယ်။ ဒီအဖွဲ့ကို နောင် မကြည့်ဖို့လိုတာပေါ့။ အားမပေးတော့နဲ့။ အားပေးမှရပ်တည်လို့ ရမှာဆိုပေမယ့်လည်း သူတို့မှ မကြိုက်တာ မကြည့်ရုံပဲပေါ့။ ဒါပေမဲ့ သဘင်အနုပညာရှင်တွေပေါ်မှာ အန္တရာယ်ဖြစ်ရ လောက်အောင် ပြုမူတာကတော့ ဘာကြောင့်ပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် အဆင်မပြေဘူး။ မှားတယ်၊ မှန်တယ်၊ ကောင်းတယ်၊ ဆိုးတယ် ဆိုတာထက် ဘဝတစ်ခုလုံးကြီး ပျက်သွားရလောက်အောင် အန္တရာယ်ပြုတာမျိုးကတော့ ဘယ်သူကပဲပြုပြု ဘယ်သူ့ကိုပဲ ပြုပြု ကျွန်တော်တို့ကတော့ လက်ခံနိုင်စရာ မရှိဘူး။ အဲဒီအတွက် ကျွန်တော်တို့အနေနဲ့ အမှန်တရားအတိုင်းပဲ ဥပဒေကြောင်းအရ ဆက်သွားရမှာပါ”လို့ သဘင်အနုပညာရှင်တွေကိုကာကွယ်ဖို့နဲ့ ပတ်သက်လို့ သဘင်အစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောပါတယ်။

သဘင်ဥပဒေပေါ် ထွက်လာတဲ့အခါမျိုးမှာ သဘင်အနုပညာရှင်တွေ ထိခိုက်ဒဏ်ရာရတဲ့ဖြစ်ရပ်မျိုးတွေ ပပျောက်သွားမလားဆိုတာကတော့ မလွယ်ကူလှကြောင်း၊ ဒါပေမဲ့လည်း ဥပဒေမရှိတာထက်စာရင် ရှိလာခဲ့တဲ့အခါ ဒါလုပ်ရင် ဒီလိုအပြစ် ဒဏ်ပေးခံရမယ်ဆိုတာ သိသွားမှာဖြစ်တဲ့အတွက် နည်းတော့နည်းသွားနိုင်ကြောင်း၊ လုံးဝကြီး ကင်းစင်သွား မယ်လို့တော့ မဖြစ်နိုင်ကြောင်း ဒီအတွက်ကိုလည်း ကြိုးစားသွားရမှာဖြစ်ပြီး သဘင်ဥပဒေက ပြည်သူလူထုကို စော်ကားဖို့ မဟုတ်ကြောင်း၊ သဘင်အနုပညာရှင်တွေအပေါ်မှာ ကျရောက်လာမယ့် အန္တရာယ်တွေ ဒုက္ခတွေကို ကာကွယ်ဖို့ပဲဖြစ် ကြောင်း၊ သဘင်ပညာရေးနဲ့ပတ်သက်လို့ မြှင့်တင်ထိန်းသိမ်းပေးဖို့ အထောက်အပံ့ဖြစ်စေဖို့အတွက်ဖြစ်ကြောင်း သူက ထပ်မံပြောပြခဲ့ပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071