Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesနိုင်ငံတကာစံချိန်စံညွှန်းအတိုင်း ယှဉ်ပြိုင်နေကြရသော မြန်မာပြည်မှ...

နိုင်ငံတကာစံချိန်စံညွှန်းအတိုင်း ယှဉ်ပြိုင်နေကြရသော မြန်မာပြည်မှ အဆိုပြိုင်ပွဲများ

ပြည်ပမှာ ခေတ်စားနေတဲ့ သီချင်းဆိုပြိုင်ပွဲတွေကို တရားဝင် လိုင်စင်ယူပြီး မြန်မာနိုင်ငံမှာ ပြန် လည်ကျင်းပတဲ့ သီချင်းဆိုပြိုင်ပွဲတွေ ရှိလာပါတယ်။ အောင်မြင်လည်း အောင်မြင်ကြတယ်။ ပရိသတ်စိတ် ဝင်စားမှုလည်း ရှိကြတယ်။ ဒါက ဒီဘက်ခေတ် သီချင်းဆိုပြိုင်ပွဲတွေရဲ့ ပုံစံအသစ်ပါ။ တိတိကျကျပြောရမယ် ဆိုရင် သီချင်းဆိုပြိုင်ပွဲတွေဆိုတာ မြန်မာပရိသတ်နဲ့ သိပ်စိမ်းလှတယ် ရယ်တော့ မဟုတ်ပါဘူး။ ‘ဆိုကြမယ်၊ ပျော်ကြမယ်’သီချင်းဆိုပြိုင်ပွဲ အစီ အစဉ်ကို ကြည့်ဖူးတဲ့သူတွေ ဟာ အခုချိန်မှာ လူငယ်တွေမဟုတ် ကြ တော့တာအသေအချာပါပဲ။ လက်ရှိ အချိန်နိုင်ငံတကာအဆင့်မီ ပြိုင်ပွဲ တွေကို မွေးစားထားတဲ့ မြန်မာ နိုင်ငံက သီချင်းဆို ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း အားဖြင့် ဘာတွေအကျိုးရှိလာစေမလဲ။ သေ ချာတာကတော့ ကိုယ်သာ တကယ် အရည်အချင်းရှိတယ်ဆိုရင် တစ် နိုင်ငံလုံးက ပရိသတ်က စောင့် ကြည့် နေမှာပါ။ နောက်တစ်ခုက အဲဒီ သီ ချင်းဆိုပြိုင်ပွဲမှာ အကဲဖြတ်ပေး နေတဲ့ ဒိုင်တွေအခန်းကဏ္ဍပါ။ သူ တို့ထဲမှာ နိုင်ငံတကာကို သွားရောက် နေတဲ့ ဂီတပညာရှင်တွေ ပါတယ်။ သူတို့ဆီကနေ အခွင့်အလမ်းကောင်း တွေရနိုင်တယ် စသဖြင့်ပေါ့လေ။

”နီနီတို့အနေနဲ့က The Voice ကကျတော့ Coach အနေနဲ့ ပါရ တာဖြစ်တဲ့အတွက် Talents တွေ အားလုံးကို ကိုယ်က ဘေးကနေ တစ် ချိန်လုံးဝင်ကူနေရတာ။ အခုဆိုတော် တော်ကူရတယ်။ သူတို့ရဲ့ အဝတ် အစားတွေရော၊ ဆိုဟန်တွေရောဆို တော့ သူတို့ရဲ့ Stylist ပါဖြစ်နေတာ ပေါ့နော်။ ဆိုတော့ သူတို့ယှဉ်ပြိုင်ရ သလို တင်မဟုတ်ပါဘူး။ ကိုယ်ကိုယ် တိုင် ဝင်ရောက်ယှဉ်ပြိုင်နေရသလို ဖြစ်နေတယ်။ အဲဒီအပေါ်မှာ ကိုယ် က ၂ ဆ၊ ၃ ဆ စိတ်ပင်ပန်းတယ်” လို့ ကိုယ်တိုင်လည်း ပြိုင်ပွဲကနေတက် လှမ်းလာခဲ့သလို လက်ရှိအချိန်မှာ လည်း သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်အဖြစ် ဆောင်ရွက်ပေးနေတဲ့ နီနီခင်ဇော်က သူမအတွေ့အကြုံကိုပြော ပြပါတယ်။

အဆိုတော်မီးနိုဆို Melody World သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်တယ်။ ပြီးတော့ အခွေထွက်ပြီး ပရိသတ်နဲ့ အဆက်ပြတ်သွားလို့ Galaxy Star သီချင်းဆိုပြိုင်ပွဲကို ထပ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်။ ကိုရီးယားနိုင်ငံကို ပြိုင်ပွဲစည်းမျဉ်း အရ သွားရောက်ခဲ့ရတယ်။

”နိုင်ငံခြားမှာ သွားနေရတယ်။ ကိုယ့်ဘာသာကိုယ်အားကိုးရတယ်။ သူတို့ကလည်း စည်းကမ်းတအားကြီး တယ်။ အိပ်ချိန်ကလည်း နည်းနည်း လေးပဲရှိတယ်။ ကျန်တဲ့အချိန်တွေ အကုန်လုံးကွှမငေညညငညါ တွေချည်းပဲတောက်လျှောက်ဆင်းနေရတယ်။ အကုန်လုံးက ပြိုင်ပွဲဝင်တွေချည်းပဲဆို တော့ ကိုယ့်ကိုယ်ကိုယ်စဉ်းစားလိုက် တယ်။ ငါဒီတစ်ခါမရရင် နောက် တစ်ခါအကောင်း ဆုံးလုပ်မယ်။ နောက်တစ်ခါမရရင် နောက်တစ်ခါ အကောင်းဆုံးလုပ်မယ်။ အဲဒီလိုစိတ် နဲ့ပဲ သွားလိုက်တာပေါ့နော်။ အခု လည်း ဒီစိတ်ပဲမွေးထားတယ်” လို့ မီးနိုကလည်း သူမအတွေ့အကြုံကို ပြောပြပါတယ်။

ဒီဘက်ခေတ်မှာတော့ ဂီတကို ဝါသနာပါတဲ့ လူငယ်တွေအနေနဲ့ လက်ရှိခေတ်စားနေတဲ့ ပြိုင်ပွဲတစ် ခုခုကို ဝင်ရောက်ယှဉ် ပြိုင်သင့် ကြောင်း အိပ်မက်ဆုံရာ သီချင်းဆို ပြိုင်ပွဲကနေပေါ်ထွက်ခဲ့သူ အဆို တော် ဟန်ထူးဈာန်က ပြောပါတယ်။ လက်ရှိ ပြိုင်ပွဲတွေက နိုင်ငံခြားက ပြိုင်ပွဲတွေ အတိုင်းကျင်းပနေကြတာ မဟုတ်လား။

”ကျွန်တော်ကိုယ်တိုင်လည်း ပြိုင်ပွဲကတက်ခဲ့တယ်။ အရင်တုန်းက ကျွန်တော်တို့က ဝါသနာပဲပါတာ။ အိမ်မှာပဲဆိုနေတာ။ ဒါပေမဲ့ ကျွန် တော့်အစ်ကိုနဲ့ မီးနိုနဲ့ တွေ့တဲ့အခါမှာ မီးနိုကပဲ အကြံပေးခဲ့တာ။ အဲဒီတုန်း က ‘အိပ်မက်ဆုံရာ’ကတအားကို Hit ဖြစ်နေတယ်။ ဒီပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ သူပဲဖိုင်တွေ စီစဉ်ပေးခဲ့ တာ။ နောက်တက်လှမ်းလာကြတဲ့ လူငယ်လည်းပဲ အခွေထုတ်တယ်ဆို တာ ပိုက်ဆံတွေ အများကြီးကုန် တာ။ အခွေထုတ်တယ်။ ဒါပေမဲ့ လည်း ကိုယ့်မှာပညာတွေ မပြည့်စုံတဲ့ အခါမှာ ဒီအခွေဟာ ပလုံသွားတတ် တယ်။ အဲဒီလိုမျိုးလေးတွေရှိတဲ့ အခါ ကျတော့ ကျွန်တော်ကတော့ အကြံ ပေးချင်တာ ပြိုင်ပွဲကပဲ တက်စေချင် တယ်။ ဘာကြောင့်လဲဆိုတော့ ပြိုင် ပွဲကတက်ရင် အနည်းဆုံးအတွေ့ အကြုံ တစ်ခုရမယ်။ ပြီးရင် မီဒီယာ တွေ အားလုံးနဲ့ ဆက်ဆံတတ်မယ်။ ကိုယ့်ရဲ့ ယုံကြည်စိတ်တစ်ခုဖြစ်လာတတ်မယ်ပေါ့။ အဲဒီတော့ ပြိုင်ပွဲတွေ ကနေတက်တဲ့ ဝါသနာရှင်တွေကို ပိုပြီးတော့ အားပေးတယ်။ ကျန်တဲ့ အပြင်ကနေ တကယ်ကို တော်ပြီး သား၊ တတ်ပြီးသား ညီအစ်ကို မောင် နှမတွေကတော့ သူ့ဘာသာနဲ့သူ ပေါက်တာပေါ့နော်။ ဒါပေမဲ့ တကယ့် လူငယ်တွေအတွက်ကတော့ ပြိုင်ပွဲက နေ လမ်းကြောင်းတစ်ခုမှန်မှန်ရောက် ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်” လို့ ဟန်ထူးဈာန်ကပြောပြပါတယ်။

လွန် ခဲ့တဲ့နှစ်တွေဆီက ခေတ်စားခဲ့တဲ့ သီ ချင်းဆိုပြိုင်ပွဲကြီးတစ်ခုဟာ လက်ရှိ အချိန်မှာတော့ အသစ်အသစ်သော ပြိုင်ပွဲတွေပေါ်လာတဲ့အခါ နောက် ကျကျန်ခဲ့တဲ့အနေအထားမှာ ရှိနေ ပါတယ်။ အဲဒီပြိုင်ပွဲက ပေါ်ထွက်လာ ခဲ့တဲ့ အဆိုတော်ချမ်းချမ်းကိုလည်း မေးဖြစ်ခဲ့သေးတဲ့အခါ…

”အမှန်အတိုင်းပြောရရင် အစ် မတို့ ထုတ်လွှင့်ရတဲ့ ချန်နယ်လည်း ပါတာပေါ့။ တကယ်ကိုပရိသတ် ကြည့်အား ကောင်းတဲ့ ချန်နယ်ဖြစ်ဖို့ လည်း လိုတယ်။ ပြီးတော့ အစီအစဉ် ကိုပံ့ပိုးပေးမယ့် စပွန်ဆာလည်း အများကြီး လိုအပ်တယ်။ အစ်မတို့ မြန်မာနိုင်ငံ မှာက နိုင်ငံခြားကနေ မွေးစားလာတဲ့ ပြည်ပလိုင်စင်ရတဲ့The Voice တို့၊ Myanmar Idol တို့၊ Myanmar Got Talents တို့ကျ တော့ ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းတဲ့ အစီအ စဉ်ဖြစ်တဲ့အတွက် သူက အဆိုသီး သန့်မဟုတ်ဘဲနဲ့ ပါဖောမန့်တွေရော၊ ဖက်ရှင်ပိုင်းတွေ ရော၊ ဟာသတွေ ရော သူကအစုံရော ပြွန်းပြီးတော့ Talent အပြင်အကုန် ရောလာတဲ့ အခါကျတော့ Melody World က ပုံမှန်သမားရိုးကျထက် တော့ ဒိတ်အောက်သလိုမျိုး ဖြစ်သွား တာပေါ့။ ဒါပေမဲ့ အစ်မတို့ Melody World က ထွက်သမျှ အဆိုတော် တိုင်းသည် အရည်အချင်းက အဆင့် ဆင့်၊ အဆင့်ဆင့် အစစ်ခံရတာ ဖြစ်တဲ့အတွက် အနုပညာလမ်း ကြောင်းပေါ်ရောက်လို့ရှိရင် သူ့ မှတ်တိုင်နဲ့သူတွေချည်းပဲ။ ကြည့် ကြည့်လိုက်ပါ။ အစ်မက အပိုပြော တာမဟုတ်ဘူး။ အစ်မတို့အခု အနုပညာလောကမှာ ပြိုင်ပွဲက တက် လာတဲ့သူတွေဆိုလို့ရှိရင် ဘယ် သူလဲလို့ကြည့်ကြည့်လိုက်၊Melody World က ကလေးတွေချည်းပဲ။ အစ်မကတော့ အဲဒါကို ရဲရဲကြီး အာ မခံတယ်။ ဘာဖြစ်လို့ဆို အစ်မတို့ကို Train ပေးတဲ့ ဆရာမြင့်မိုးအောင်တို့၊ ဆရာကေအေတီတို့၊ အန်တီဂျိုက်(စ်)တို့ဆိုတာက သာမန်လူတွေမှ မဟုတ် တာ။ တကယ့်ဆရာကောင်းတွေလေ။ အဲဒီလိုဆရာကောင်းတွေနဲ့ တွေ့ခွင့် ရတဲ့အတွက်ကြောင့် အများကြီး ကံ ကောင်းပါတယ်”လို့ သူမက ပြောပြ ခဲ့ပါတယ်။

ဖက်ရှင်တွေ၊ လှည့် စားမှုတွေ၊ သီချင်းမျိုးစုံသီဆိုရတဲ့ အသံစွမ်းရည် ပြသမှုတွေ၊ ပရိသတ် တွေပါ ပါဝင်လို့ ရတဲ့ Voting စနစ်တွေနဲ့ နိုင်ငံတကာ အဆင့်မီသီ ချင်းဆိုပြိုင်ပွဲကြီးတွေကနေ နိုင်ငံ တကာကို ထိုးဖောက်မယ့် မျက်နှာ သစ်ဂီတသမားတွေ ပေါ်ထွန်းလာ စေချင်ကြောင်းဆန္ဒပြုလိုက်ရပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071