Wednesday, May 6, 2026

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင် လျှောက်ထားရန်...

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီအသစ်များအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest – EOI) တင်ပြရန်...

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် Smart...

ရက်ပေါင်း (၁၀၀)အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့ရှိ ကျောင်းများ၌ Pilot Project အနေဖြင့် ဆောင်ရွက်သွားရန်...

ဟံသာဝတီယူနိုက်တက်အသင်း ပဲခူးမြို့ Grand Royal...

လာမည့် ၂၀၂၆-၂၀၂၇ မြန်မာနေရှင်နယ်လိဂ် (MNL) ရာသီသစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် ပဲခူးမြို့ Grand Royal Stadium ကို အိမ်ကွင်းအဖြစ် အသုံးပြုနိုင်ရန်အတွက်...

ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် စက်သုံးဆီများကို ယနေ့ မေ ၆ ရက်နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ရောင်းချပေးခဲ့ကြောင်း သိရသည်။ သီးနှံစိုက်ခင်းများရေပြည့်ဝစွာရရှိရေးအတွက်...
HomeArticlesငြိမ်းချမ်းရေးတေးသံတွေ ဘယ်တော့များမှ ကြားရပါ့မလဲ...

ငြိမ်းချမ်းရေးတေးသံတွေ ဘယ်တော့များမှ ကြားရပါ့မလဲ…

ချမ်းရေးအတွက် သီချင်းဆို နေတဲ့ အဆိုတော်ကြီး ဆိုရင် အခုခေတ်မှာ ဘယ်သူ့ကိုပြေးမြင် မလဲ။ သေချာတာကတော့ Raggae အဆိုတော်ကြီး စောဖိုးခွားကို ပြေး မြင်မိကြမှာပါ။ လွတ်လပ်ခြင်း၊ ငြိမ်း ချမ်းခြင်း၊ ချစ်ခြင်းမေတ္တာတွေကို ဖော်ဆောင်ပေးတဲ့ Raggae အဆို တော်ကြီးရဲ့ ဂီတဖျော်ဖြေပွဲတောင် ပြီးခဲ့တဲ့မေလ ၁၂ရက်နေ့က ကျင်းပခဲ့ သေးတယ်။ သူကတော့…..

”အခြေအနေ အမျိုးမျိုးမှာငြိမ်း ချမ်းရေးအတွက် ကျွန်တော်တို့ One Love တွေ ဘယ်လိုပေးဆပ်ရမလဲ ဆိုတာကိုပဲ စိတ်ဝင်စားပါတယ်”လို့ ပြောဆိုကြွေးကြော်ထားပါတယ်။ ငြိမ်းချမ်းရေးဆိုတာ တကယ်ပါ။ တစ်ယောက်နဲ့ တစ်ယောက် ချစ် နေကြရင် မငြိမ်းချမ်းစရာ ဘယ်မှာ ရှိမှာတုန်း။ အဖြေက ရှင်းရှင်းလေးပါ။ သို့သော် လူအမျိုးမျိုး၊ စိတ်အထွေ ထွေဆိုလေတော့ တစ်ယောက်နဲ့ တစ်ယောက်ချစ်ဖို့တောင် မဖြစ်နိုင် ဘူးဆိုရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဘယ်လို လုပ်ချစ်နိုင်မှာတုန်း။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မချစ်နိုင်ဘူးဆိုရင် တခြားစဉ်းစား မနေနဲ့တော့။ ငြိမ်းချမ်းရေးတေးသံ ဘယ်တော့မှ ကြားရမှမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အနုပ ညာတွေဖန်တီးလိုက်ကြတာ ဟိုးအ ရင်ခေတ်အဆက်ဆက်ကတည်းက အခု ထက်ထိတိုင်ပါပဲ။ လွန်ခဲ့တဲ့ တစ်နှစ် တုန်းကတောင် အဆိုတော် ယုန် လေးက အဆိုတော်တွေအများကြီးနဲ့ ‘ငြိမ်းချမ်းချင်ပြီ မြန်မာပြည်’ဆိုတဲ့ သီချင်းကို Music Video အဖြစ် ရိုက်ကူးဖန်တီးပြီး အမှန်တကယ်ငြိမ်း ချမ်းရေးလိုအပ်ကြောင်း တင်ဆက်ခဲ့ သေးတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက် လို့ အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ ယုန်လေးကလည်း ထိသိခံစားရ ကြောင်းကို အင်တာဗျူးမှာပြောခဲ့ ပါတယ်။

”သိတဲ့အတိုင်းဗျာ။ စစ်တွေက ဟိုမှာဖြစ်ပြန်ပြီ။ ဒီမှာဖြစ်ပြန်ပြီ။ အပြစ်မဲ့ပြည်သူတွေ အသက်တွေဆုံး ရှုံးတယ်။ ကလေးလေးတွေရဲ့အသက် မဲ့ ခန္ဓာကိုယ်တွေ၊ ဗုံးဆံကြောင့် ခြေ ပြတ်လက်ပြတ်တွေ၊ မြင်လိုက်၊ တွေ့ လိုက်ရရင် စိတ်မကောင်းဖြစ်စရာ တွေချည်းပဲ။ အဲဒီအတွက် စစ်နဲ့ပတ် သက်တာကို တည်ပြီးရေးဖြစ်တာပါ။ အဓိကကတော့ ကျွန်တော်တို့ မြန်မာ နိုင်ငံကြီးကို ငြိမ်းချမ်းစေချင်တယ်။ ကျွန်တော်တို့တွေလည်း ပြည်သူတွေ ထဲက ပြည်သူတွေပါ။ အားလုံးက ပြည်သူတွေပဲလေ။ အသွေးနဲ့ကိုယ်၊ အသားနဲ့ကိုယ်ပဲဗျာ။ မိသားစုတွေရှိ တယ်။ ဘဝတွေရှိတယ်။ ငြိမ်းချမ်းရေး ဆိုတာ အမှန်တကယ်လိုအပ်တယ် လေ။ အားလုံးငြိမ်းငြိမ်းချမ်းချမ်းဖြစ် စေချင်တယ်။ အဲဒီအတွက် ကျွန် တော်ရေးလိုက်တာပါ”လို့ ယုန်လေး က ပြောပြခဲ့ပါတယ်။

Peace Process နဲ့ ပတ်သက် လို့လူငယ်ဂီတမှူးတစ်ဦးဖြစ်တဲ့ လင်း ထက်တို့ဆို တောက်လျှောက်လှုပ်ရှား ဖြစ်တယ်။ ငြိမ်းချမ်းရေးအတွက် အနု ပညာနဲ့ တစ်ဖက်တစ်လမ်းက ပါဝင်ခဲ့ တယ်။ ဒါဆို သူ့မှာ ပြောစရာစကား တွေအများကြီးရှိနေမှာပေါ့။ မေး ကြည့်ဖြစ်ခဲ့ပါသေးတယ်။

”ကျွန်တော်တို့ကလေ အဖက် ဖက်က တအားနောက်ကျနေပါပြီ။ တိုင်းပြည်က ရှေ့သွားဖို့ရန်အတွက် အားသွန်ခွန်စိုက်လုပ်နေတဲ့အချိန်မှာ မုန်းတယ်ဆိုတဲ့အဖွဲ့တွေ၊ အမုန်းက နေ အချစ်ဖြစ်ရမယ်ဆိုတဲ့အဖွဲ့တွေရှိ တယ်။ ကျွန်တော်တို့အဲဒီလောက်နဲ့ ရှေ့သွားလို့မရပါဘူး။ ကျွန်တော်တို့ ကို ကျွန်တော်တို့ခေါင်းဆောင်တွေက တကယ်ကိုမျှော်လင့်ချက်ကြီးကြီးတွေ ထားကြတယ်။ ကျွန်တော်တို့ကလည်း ခေါင်းဆောင်တွေနောက်မှာ တကယ် မားမားမတ်မတ်ရပ်တည်ပေးရတယ်။ အဲဒါက ဘာလဲဆိုတော့ ပထမဦးဆုံး လုပ်ရမယ့်ကိစ္စသည် ငြိမ်းချမ်းရေး ဆိုတဲ့ကိစ္စကို အကြီးကြီးမထားတော့ ဘဲနဲ့ ကျွန်တော်တို့ မိသားစု၊ ကျွန် တော်တို့ရပ်ရွာ၊ ကျွန်တော်တို့ မိသား စုမှာ ကျွန်တော်တို့ဘယ်လောက်အထိ ချစ်နိုင်မလဲဆိုတဲ့ ကိစ္စကအရေးကြီး တယ်။ ကျွန်တော်တို့ ချစ်ခြင်းမေတ္တာ တရားကစရမှာပါ။ အဲဒီကနေ ငြိမ်း ချမ်းရေးဆိုတဲ့ကိစ္စကိုသွားရမှာပါ။ ကျွန်တော်တို့ငြိမ်းချမ်းရေးမရသေးသရွေ့ကတော့ Development Concept ကို ဘယ်လိုမမီဘူး။ ကျွန်တော် တို့ ဖွံ့ဖြိုးတိုးတက်ချင်တယ်ဆိုလို့ရှိ ရင် သူတစ်ပါးကို မမုန်းဖို့အရေးကြီး ပါတယ်” လို့ လင်းထက် ပြောသွားတဲ့ အထဲမှာ ပကတိအမှန်တရားတွေ မီးမောင်းထိုးပြထားတယ်။ တစ် ယောက်နဲ့ တစ်ယောက်မချစ်ရင် တောင် မမုန်းဖို့အရေးကြီးပါတယ်။

ကဲ…..လာပါပြီ။ အနုပ ညာအရရော၊ အသက်အရွယ်အ ရရော၊ လေ့လာမှုအရရော ပြည့်စုံတဲ့ ဇာဂနာခေါ် ဦးသူရကိုလည်း ငြိမ်း ချမ်းရေးနဲ့ပတ်သက်လို့ မေးခဲ့ပါသေး တယ်။ ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးနဲ့ အသံတွေကြားနေရတာကြာပြီ။ စစ် ပွဲတွေက မရပ်သေးဘူး။ ဦးသူရကော ဘယ်လိုပြောချင်လဲလို့ မေးမြန်းခဲ့ တုန်းက…..

”သေချာတာတစ်ခုကတော့ အားလုံးက ကျွန်တော်တို့ဆီမှာ ငြိမ်း ချမ်းရေးနဲ့ ပတ်သက်လို့ အဓိပ္ပာယ် ဘယ်လိုဖွင့်ဖွင့်ပေါ့နော်။ အမျိုးမျိုးဖွင့် ကြမှာပေါ့။ ကျွန်တော်ဖွင့်ချင်တာ တစ်ခုလေးကိုတော့ တကယ်လေး စိတ်ထဲမှာ ခံစားကြည့်လိုက်ပေါ့လေ။ တူတယ်ဆိုလို့ရှိရင်လည်း အသုံးပြု လို့ရပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်တော်ပဲဖြစ်ဖြစ်၊ ခင်ဗျားပဲဖြစ် ဖြစ်၊ မောင်ဖြူပဲဖြစ်ဖြစ်၊ မဖြူပဲဖြစ်ဖြစ် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ မျက်စိ ၂လုံးပိတ်ပြီးအိပ်လိုက်ချိန်မှာ ကိုယ့်ကိုယ်ကိုယ်လုံလုံခြုံခြုံ အိပ်ရပြီ လို့ ယုံကြည်ပြီလား။ သို့တည်းမဟုတ် ကျွန်တော်တို့ မျက်စိနှစ်လုံးဖွင့်ကြည့်မိ လိုက်တဲ့အချိန်မှာ ငါတို့ဘဝ၊ ငါတို့နေ ထိုင်မှုအခြေအနေ လုံခြုံပြီလို့ စိတ်ချ ယုံကြည်ရပြီလား။ အဲဒါဆိုရင် ငြိမ်း ချမ်းပြီ။ အခုကျွန်တော်တို့ အဲဒီလို ခံစားရပြီလားဆိုရင် ကျွန်တော် တစ် ယောက်တည်းသဘောနဲ့ ပြောရရင် အခုရန်ကုန်မြို့ပေါ်မှာ ကျွန်တော်နေ ပေမယ့် ညအိပ်အိပ်၊ မနက်အိပ်ရာ ထထ ကျွန်တော့်ကိုယ်ကျွန်တော် လုံ ခြုံတယ်လို့ကိုမခံစားရဘူး။ ကျွန် တော်တို့ အချိန်မရွေးပြဿနာတက် နေနိုင်တယ်။ ကျွန်တော်တို့ မနက် ဖြန်ခါတင်မပြောနဲ့။ ဒီနေ့တင် မသေ ချာဘူးဆိုတော့ အဲဒီလိုဘဝမျိုးနဲ့ ကျွန်တော်တို့နေရတာဟာ ရန်ကုန်က မို့လို့ မဟုတ်ဘူး။ မန္တလေးမှာပဲဖြစ် ဖြစ်၊ မိတ္ထီလာမှာပဲဖြစ်ဖြစ်၊ ကချင် ပြည်နယ်မှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲ ဖြစ်ဖြစ် နေနေရတဲ့လူပေါင်းမြောက် မြားစွာဟာ အဲဒီလိုမလုံမခြုံတဲ့ဘဝနဲ့ နေနေရတယ်ဆိုကတည်းက ကျွန် တော်တို့တိုင်းပြည်က ငြိမ်းချမ်းတယ် လို့ကိုပြောလို့မရဘူး။ ကျွန်တော်တို့က လက်နက်တွေနဲ့ ပစ်နေမှမဟုတ်ဘူး။ ရန်ကုန်မြို့ဟိုတယ်မှာပဲအိပ်နေ၊ အိပ် နေ ခုနကကျွန်တော်ပြောတဲ့ခံစား ချက်ပါ။ အဲဒါအရေးမကြီးဘူးလို့ ထင်တဲ့လူက ကျွန်တော်တို့တိုင်းပြည် မှာ ၈ဝ ရာခိုင်နှုန်းရှိတယ်”လို့ ဦးသူရ ကပြောပြပါတယ်။ ဘယ်လိုပဲဆိုဆို၊ တစ်တိုင်းပြည်လုံးက လိုချင်ကြတဲ့၊ တောင့်တ ကြတဲ့ ငြိမ်းချမ်းရေးတေးသံ ဘယ်တော့များမှ ကြားရလေမလဲ။ ဒီနေ့လား၊ နောက်နေ့လား၊ ဒါမှမဟုတ် နောက်ထပ်နှစ်များစွာမှလား။ တိကျ တဲ့ အဖြေကတော့ထွက်ဖို့ ဝေဝါးနေ ဆဲပါ။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071