ပုံရိပ်များနှင့်စီးမျောခြင်း မြန်မာ့ခေတ်ပေါ် ဓာတ်ပုံနှင့် ရုပ်ရှင်အနုပညာပြပွဲပြုလုပ်

0
161

မြန်မာဒိဋ္ဌမှစီစဉ်တင်ဆက်သည့် ပုံရိပ်များနှင့်စီးမျောခြင်း မြန်မာ့ခေတ် ပေါ် ဓာတ်ပုံနှင့် ရုပ်ရှင်အနုပညာပြပွဲ ကို မေလ ၅ ရက်နေ့ မနက် ၁ဝ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့၊ သိမ်ဖြူ လမ်းရှိ ဝန်ကြီးများရုံးမှာ ပြုလုပ်မှာဖြစ်ပါ တယ်။ အဆိုပါပွဲကိုတော့ မေလ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး မြန်မာ့သမိုင်း ဝင်ရှေးဟောင်းရုပ်ရှင်ဇာတ်ကားများနဲ့ အနုပညာအကြောင်းအရာများတို့ကိုဖော်ထုတ်ပြသအပြီးမှာတော့ နောက် ထပ်ပြပွဲတစ်ခု ဖြစ်တဲ့ ပြည်တွင်းဓာတ်ပုံပညာရှင်များနှင့် ရုပ်ရှင် ဖန်တီးသူများ (ဒါရိုက်တာ)ရဲ့ ဒီနေ့ မျက်မှောက်ခေတ် ပြည်တွင်းအခြေ အနေအပေါ် ခံစားပုံဖော်ထားသော ပြပွဲကိုကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဒီပြပွဲမှာဆိုရင်ဖြင့် မှတ်တမ်း ရုပ်ရှင်များ၊ အထူးဖန်တီး ပုံဖော်ထားတဲ့ လက်ရာများနဲ့ စိတ်ကူးယဉ်ဆန်သော အနုပညာဖန်တီးမှုများကို ပြသမှာဖြစ်ကြောင်း သိရပါတယ်။

ဓာတ်ပုံ- အောင်နိုင်စိုး(ကစ္ဆပ)


LEAVE A REPLY

Please enter your comment!
Please enter your name here