မန္တလေးသဘင် လူကူမှ ဦးဆောင်ပြီး ရှင်​ပြု၊ နားသ အလှူပွဲ ပြုလုပ်မည်

0
191

မြန်​မာနိုင်​ငံ သဘင်​အစည်း အရုံး(ဗဟို) တွဲဖက်​အတွင်း​ရေးမှူး (၁)၊ မန္တလေးတိုင်းသဘင်​လူမှု ကူညီစောင့်ရှောက်ရေးဥက္ကဋ္ဌ ဦးဝင်း​နောင်​ ဦး​ဆောင်​ပြီး မန္တလေးမြို့ရှိ ဇာတ်​၊ ဆိုင်း၊ အငြိမ့်​၊ ဘိသိက်အနု ပညာလုပ်​ငန်း လုပ်​ကိုင်​​နေသူများရဲ့ သားသမီးများကို ရှင်​ပြု၊ နားသ အလှူပွဲကျင်းပ​ပေးသွားမှာ​ဖြစ်​​ကြောင်း သိရပါတယ်။ ဒီအလှူပွဲကိုတော့ ဇွန်လ ၇ ရက်နေ့နဲ့ ၈ ရက်နေ့တို့ကျရင် မန္တလေးမြို့မှာ ကျင်းပပြုလုပ်မှာဖြစ်လို့မို့ ရှင်​ပြု၊ နားသလိုသူ က​လေးများကို မိဘတိုင်း က စာရင်း​ပေးသွင်းရမှာဖြစ်ပြီး အတူတကွ ကုသိုလ်​ယူလှူနိုင်​ဖို့ အလှူ​ငွေများထည့်​ဝင်​ လှူဒါန်း​လို့ရကြောင်း မန္တလေးတိုင်းသဘင် လူမှုကူညီစောင့်ရှောက်ရေးမှ ဆော်သြထားပါတယ်။ ဒီအလှူပွဲကိုတော့ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မှာဖြစ်ပြီး သဘင်လောကသားများကလည်း ဝိုင်းဝန်ကူညီဆောင်ရွက်ပေးကြမှာ ဖြစ်ပါတယ်။

မန္တလေးတိုင်း သဘင်​လူမှုကူညီ စောင့်ရှောက်ရေး ကော်မတီအနေနဲ့ သဘင်လောကသားများရဲ့ အခက်အခဲများကို ကူညီထောက်ပံ့ပေးနေ ပြီး မင်းမင်းဦး ဇာတ်သဘင်အဖွဲ့ ကားတိမ်းမှောက်မှုအတွက်လည်း အလှူငွေများ သွားရောက်လှူဒါန်းခဲ့သလို ရှမ်းပြည်နယ်ဘက်မှ ဇာတ်သဘင်အဖွဲ့ ကားတိမ်းမှောက်မှုမှာ လည်း သွားရောက်ကူညီခဲ့ကြပါတယ်။ လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here