
သဘင်မင်းသမီးဝင်းသပြေထွန်းက သူ့ရဲ့မိခင်ဖြစ်သူမွေးနေ့ ဧပြီလ ၂၉ ရက်နေ့ ကဆုန်လပြည့်နေ့က သီလရှင်ဝတ်နေပါတယ်။ မိခင်ရဲ့မွေးနေ့ ကုသိုလ်အနေနဲ့ သီလရှင်ဝတ်ဖြစ်ခြင်းဖြစ်ပြီး သူ့အနေနဲ့လည်း သီလရှင်ဝတ်ချင်နေတာကြာပြီလို့ ပြောပါတယ်။
“ကလေးအရွယ်တုန်းက တစ်ခါပဲသီလရှင်ဝတ်ဖူးတာ။ အခုလည်းစိတ်ကရှိပေမယ့်ပွဲတွေအတွက် ဆံထုံးထုံးဖို့အဆင်မပြေမှာစိုးပြီး ချီတုံချတုံ ဖြစ်နေတာပါ။ ဒါပေမဲ့ ဦးကျော်လင်းကြီးတို့ ၊ ကိုအောင်ကျော်စိုး ၊ ကိုထွန်း(မိတ်ကပ်ဆရာ) တို့ကပြောပါတယ် ။ သမီးစိတ်ရှိတုန်း ဝတ်ရတာဝတ်တဲ့။ ဆံထုံးထုံးဖို့ဆံပင်တုနဲ့လုပ်ပေးမယ်၊ သင်ပေးမယ်တဲ့လေ(ပါရမီဖြည့် ဖက်တွေပေါ့)။ကဆုန်လပြည့်နေ့က အမေ့မွေးနေ့ပါ။ ပန်တျာကျောင်းထဲက ဦးနေနဲ့ မရွှေတို့အလှူမှာ အလှူလှည့်ဖို့ရှိပေမယ့် အမေ့မွေးနေ့မွေးရက်တိုက်တာမို့ စိတ်ဆုံးဖြတ်ပြီး အမေ့ကိုမွေးနေ့ကုသိုလ်လက်ဆောင်ပေးတာပါ။ စိန် ၊ ရွှေ တိုက်တာတွေမပေးနိုင်တော့ ပေးနိုင်တာလေးနဲ့ပေးတာပါ။ အမေကတော့ ယောင်တစ်လုံးအဆုံးခံရပြီး ထိထိရောက်ရောက်လေး ဖြစ်စေချင်တယ်တဲ့။ တကယ်က တစ်သက်လုံးဝတ်ချင်တာပါ။ အဖေက လူဝတ်ကြောင်စွန့်ပြီး သာသနာ့ဘောင်ဝင်သွားတော့ အဖေ့အတွက်စိတ်အေးရပေမယ့် ကိုယ့်မှာလှည့်ကြည့်စရာ အမေနဲ့မောင်လေးရှိသေးတော့ သီလရှင်အပြီးဝတ်ဖို့ထိ စိတ်မပြတ်နိုင်သေးပါဘူး။ သီလရှင်ဝတ်တာက တစ်လဝတ်မှာပါ။ သီလရှင်ဝတ်တဲ့အချိန်မှာလည်း ဖုန်းတွေပိတ်ပြီး သီလရှင်ဆရာလေးတစ်ပါးမှာ ရှိသင့်ရှိအပ်တဲ့သိက္ခာအတိုင်း ကျင့်ကြံနေထိုင်သွားမှာပါ” လို့ သီလရှင်ဝတ်ဖြစ်တာနဲ့ပတ်သက်လို့ ဝင်းသပြေထွန်းက ပြောပါတယ်။ သူက သင်္ကြန် တွင်းမှာလဲ တရားစခန်းဝင်ဖြစ်ခဲ့ပါသေးတယ်။
လင်းအက္ခရာ
