ငြိမ်းချမ်းရေးရနံ့ တွေသင်းထုံလာတော့မယ့် မြန်မာ့နှစ်သစ်နဲ့ အနုပညာရှင်တို့ ဆုတောင်းစကားသံ(၄)

0
86

မြန်မာသက္ကရာဇ် ၁၃၈ဝ ပြည့်နှစ်ကို ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်။ မြန်မာနှစ်သစ်ကူးအခါသမယမှာတော့ မြန်မာနိုင်ငံအတွက် အတိတ်နိမိတ်ကောင်းတွေ ပေါ်ထွန်းလို့ လာခဲ့ပြီဖြစ်ပါတယ်။ မြန်မာပြည်သူ၊ ပြည်သားတွေအနေနဲ့လည်း မြန်မာ့နှစ်သစ်အချိန်မှာ လိုအင်ဆန္ဒ ပြည့်စုံမှုတွေနဲ့အတူ တစ်နိုင်ငံလုံး ငြိမ်းချမ်းပါစေလို့ တောင်းဆုပြုရင်း အနုပညာရှင်တို့ရဲ့ ဆုတောင်းမေတ္တာစကားသံများကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

မေမြင့်မိုရ်

ပရိသတ်တွေ နှစ်သစ်မှာ ပျော် ရွှင်မှုတွေ ပိုင်ဆိုင်နိုင်ပါစေ။ ပျော် ရွှင်ခြင်း၊ စိတ်ချမ်းသာခြင်းတွေနဲ့ပြည့် စုံပြီး ကိုယ်လုပ်ချင် ဖြစ်ချင်တဲ့ ဆန္ဒ တွေလည်း ရရှိပိုင်ဆိုင်နိုင်ကြပါစေ လို့ ညီမဆုတောင်းပေးပါတယ်။ နောက်ပြီး ညီမတို့ရဲ့အနုပညာဖန်တီး မှုတွေကိုလည်း ဆက်လက်ပြီး အား ပေးကြပါဦးရှင့်။

*******************

 ခိုင်သဇင်ငုဝါ

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ရောက်ရှိလာကြပါပြီ။ နှစ်သစ်မှာ လည်း ပရိသတ်တွေ စိတ်၏ ချမ်းသာ ခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေလို့ ငုဝါဆုတောင်း ပေးပါတယ်။

*******************

ထားထက်ထက်

အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါ စေ။စိတ်ဆင်းရဲကိုယ်ဆင်းရဲမှုတွေ ကင်းဝေးနိုင်ကြပါစေ။ လိုအင်ဆန္ဒ တွေလည်း ပြည့်ဝကြပါစေ။ ထား ထက်တို့မြန်မာနိုင်ငံကြီးရော၊ တစ် ကမ္ဘာလုံးရော ဘေးအန္တရာယ်ခပ် သိမ်းမှ ကင်းဝေး၍အေးချမ်းကြ ပါစေ။


LEAVE A REPLY

Please enter your comment!
Please enter your name here