Friday, June 27, 2025

Sri Lanka EXPO 2026...

သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ Sri...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန် အစိုးရနှင့်...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ...

ငလျင်ဒဏ်သင့်သူများအတွက် ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို Mytel မှတရားဝင်လွှဲ...

Mytel ၏(၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တ လေးငလျင်ကြီးဒဏ်သင့်သူများအတွက် Mytel Mini Store များကိုလူနေအိမ်အဖြစ်ပြောင်းလဲထားသော ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို ဇွန် လအစောပိုင်းက တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း...

မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန်...

မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇွန် ၂၆ ရက်ညနေပိုင်းက...
HomeMyanmar Theatrical Traditionမွေးနေ့မှာ မိဘမဲ့ ကလေးငယ်တွေကို...

မွေးနေ့မှာ မိဘမဲ့ ကလေးငယ်တွေကို အလှူပြုလုပ်မယ့် မြို့ရွှေမန်းသား ဖိုးချစ် ရဲ့ တူ သဘင်မင်းသား ဟွန်းနောင်နောင်

မြို့ရွှေမန်းသား ဖိုးချစ်ရဲ့တူဖြစ်တဲ့ သဘင်မင်းသားဟွန်းနောင်နောင်က သင်္ကြန်မှာတော့ ရဟန်းခံဖြစ်ခဲ့ပါတယ်။ သူ့အနေနဲ့ ဒီလိုရဟန်းခံဖြစ်ခြင်း ကလည်း မိဘတွေအတွက် ရည်ရွယ်တယ်လို့ သူကပြောပါတယ်။

“အခု ကျွန်တော့်အသက်က ၂ဝ ကျော်နေပြီဆိုတော့ ရဟန်းပြု သင်္ကန်း ဝတ်လို့ရပြီဆိုတဲ့အသိလေးကြောင့် အခုလို သင်္ကြန်နေ့ထူးနေ့မြတ်လေးမှာ ဦးလေးဖိုးချစ်ဆီက ခွင့်တောင်းပြီး ရဟန်းပြုသင်္ကန်းဝတ်ဖြစ်တာပါ။ ညီလေး က ဇာတ်မင်းသားလေးဖိုးချစ်တူဆိုတော့ ဦးလေးနဲ့အတူ တစ်နှစ်ပတ်လုံး မြန်မာပြည်အနှံ့ဘုရားပွဲတွေအစုံ ဦးလေးနဲ့အတူ ဇာတ်ပွဲတွေလိုက်ကရတာပေါ့ လေ။ ဒီနှစ်ရဲ့ နှစ်သစ်လေးမှာတော့ ကုသိုလ်ကောင်းမှုပြုချင်တဲ့ စိတ်လေး ပြင်းပြတာနဲ့ အခုလို နေ့ထူးနေ့မြတ်အခါသမယမှာ ရဟန်းခံဖြစ်တာပါ။ မိဘ တွေကိုလည်း လုပ်အားနဲ့ကျေးဇူးဆပ်သလို သီလ၊ သမာဓိ၊ ဘာဝနာအားလေး ပြုပြီး မိဘတွေရဲ့ကျေးဇူးကို ဆပ်ချင်တာလည်းပါပါတယ်။ သာသနာ့ဘောင် ဝင်ရင် မိဘတွေအပယ်တံခါးပိတ်တယ်ဆိုတာကြောင့်ပါ။ ပြီးတော့ အခုရဟန်း ဒယကာဦးဇော်ထူးအောင် x ရဟန်း ဒါယိကာမ ဒေါ်သင်းသက်နွယ်တို့ကိုလည်း အပယ်တံခါးပိတ်ပြီး ဒါနကုသိုလ်ရ စေချင်လို့ပါ”လို့ ရဟန်းခံဖြစ်ခြင်း အ ကြောင်းကို မင်းသားဟွန်းနောင်နောင်က ပြောပါတယ်။ ဒါ့အပြင် သူက ဇာတ်ခုံပေါ်မှာကပြရင်း မိသားစုများနဲ့ ပရိသတ်တွေက မေတ္တာနဲ့ဆုချတဲ့ ဆုချငွေ တွေကို မေလ ၁၄ ရက်နေ့ ကျရောက်မယ့်မွေးနေ့မှာ ဆင်းရဲချို့တဲ့တဲ့ မိဘမဲ့ ကလေးကျောင်းမှာ ည၊ မနက် အာဟာရဒါန ထမင်းကျွေးကုသိုလ်ပြုမယ်လို့ သိရပါတယ်။

“ကျွန်တော် မွေးနေ့ ကုသိုလ်ဆိုပေမယ့် မြို့ ရွေမန်းသားဖိုးချစ်အဖွဲ့ ကို အားပေးနေကြတဲ့ မိသားစုများရဲ့ ကုသိုလ် အလှူပါပဲ။ နှစ်သစ် မှာ အခုလို ကုသိုလ် ကောင်းမှုလေးပြုပြီး အေးချမ်းစွာ ဖြတ်သန်း မှာပါ ။ ၁၃၈ဝ ပြည့်နှစ် သစ်မှာ ညီအစ်ကို မောင်နှမများ ဘေးကင်း၊ ရန်ကင်း၊ အန္တရာယ် ကင်းပြီး ပျော်ရွင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်” လို့ ဟွန်းနောင်နောင်က ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071