အကယ်ဒမီစန္ဒရား ဦးတင်ဝင်းလှိုင်အနေ ဖြင့် ပြန်လည်တောင်းပန်ရန်မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တောင်းဆို

0
132

၂ဝ၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတွင် အကောင်းဆုံး တေး ဂီတဆုရရှိခဲ့သည့် စန္ဒရားဦးတင်ဝင်းလှိုင်အနေဖြင့် ကျေးဇူးတင်စကားပြော ကြားခဲ့ရာတွင် ထည့်သွင်းပြောကြားခဲ့သောစကားများနှင့် ပတ်သက်ပြီး ပြန် ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။

စန္ဒရားဦးတင်ဝင်းလှိုင် ပြောကြားခဲ့သော အချက်များတွင် ခြေခြေမြစ်မြစ်နှစ်နှစ်ကာကာ အစီအစဉ် မလွှင့်နိုင်သည်မှာ တစ်နှစ်ရှိပြီဆိုသည်မှာ လုံးဝမှန်ကန်ခြင်းမရှိကြောင်း၊ “RCA စက်၊ အသုံးပြုသည့်အပ်တစ်ခုမှမရှိတော့”ဟူသော ပြောကြားချက် မှာလည်း မှန်ကန်ခြင်းမရှိကြောင်း၊ “သီချင်းခွေကူးရာတွင် ပိုက်ဆံတအားပေးရ တယ်၊ ရေတအားလျှံရတယ်၊ ပိုက်ဆံမပေးရင် လူအဟောင်းတွေနဲ့ ဘယ်ဝန်ကြီး ဌာနမှာမှ မရဘူး။ ပိုက်ဆံပေးရတာချည်းပဲ”ဟူသော ပြောကြားချက်မှာ အဖွဲ့ အစည်းတစ်ခုကိုသာမက နိုင်ငံတော်အစိုးရတစ်ရပ်လုံး၏ ဝန်ကြီးဌာနများကို သိမ်းကျုံးပုတ်ခတ် စွပ်စွဲပြောကြားချက်ဖြစ်ကြောင်းစသည်ဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန် ထားသည်။

“စန္ဒရားဦးတင်ဝင်းလှိုင်နဲ့ မြန်မာ့အသံကြားမှာ ဘာမှပြဿနာမရှိဘူး။ ဒီပွဲမှာ ဒါတွေပြောလိမ့်မယ်လို့လည်း ကျွန်တော်တို့မသိဘူး။ ဘယ်လို သဘောလဲ ကျွန်တော်တို့နားမလည်ဘူး။ စန္ဒရားဦးတင်ဝင်းလှိုင်အနေနဲ့ သတ္တိရှိရှိနဲ့ ပြန်တောင်းပန်ရဲတဲ့ သတ္တိရှိရမယ်။ ရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့်ပြန်လည်ဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်”လို့ ပြန်ကြားရေး ဝန်ကြီး ဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here