တောင်ကြီးမြို့အရှေ့ဘက်တောင်တန်းပေါ်မှ ရွှေဘုန်းပွင့်ဘုရား

0
251

တောင်ကြီးမြို့အရှေ့ဘက်တွင် အုပ်စီးထားသော တောင်မြောက် သွယ်တန်းနေသည့် တောင်တန်းပေါ်၌ ရွှေမုဋ္ဌောစေတီ၊ ရွှေ ဘုန်းပွင့်ဘုရားနှင့်မြစိမ်းတောင်ဘုရားတို့သည်အလွန်ထင်ရှားလှသည်။ ရွှေဘုန်းပွင့်ဘုရားသည် ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၅၆၂၃ပေ မြင့်သော နွားလားဥဿဘတောင်တွင် တည်ရှိလေသည်။ မြစိမ်း တောင်မှရွှေမုဋ္ဌောတောင်အထိ အဆိုပါတောင်တန်းသည် ၂ မိုင် ၄ ဖာလုံခန့်ရှည်လျားပေသည်။ တောင်ပေါ်သို့တက်ရန် ကတ္တရာလမ်း ဖောက်လုပ်ထားခြင်းကြောင့် အလွယ်တကူတက်ရောက်ဖူးမြော်နိုင် သည်။ ချယ်ရီပွင့်ချိန်နှင့် နေကြာရိုင်းပန်းများပွင့်ချိန်တွင် အလွန်ပင်လှပ သော ရှုခင်းများနှင့်အတူ သင်းပျံ့သည့် ထင်းရှူးရနံ့ကိုလည်း လတ်ဆတ် သော လေနုအေးနှင့်အတူရှူရှိုက်နိုင်သည်။ ရာသီဥတုကောင်းမွန်ချိန်များ တွင် ရွှေဘုန်းပွင့်ဘုရားမှ တောင်ကြီးမြို့အားလည်းကောင်း၊ အင်းလေး ကန်နှင့်ရွှေညောင်လွင်ပြင်ကိုလည်းကောင်း၊ ဟိုပုန်းမြို့ အထွက်ရှုခင်း များကိုလည်းကောင်း ကြည့်ရှုအပန်းဖြေနိုင်ပေသည်။

ရွှေဘုန်းပွင့်ဘုရားကို မြန်မာသက္ကရာဇ် ၁၃၃ဝ ပြည့်နှစ် (ခရစ်နှစ် ၁၉၆၉ ခုနှစ်)တွင် ထွက်ရပ်ပေါက်ဆရာတော်တစ်ပါးဖြစ်သည့် ရက်ကန်း စင်တောင်ဆရာတော်ဦးသြဘာသ၏မိန့်မှာလမ်းညွှန်ချက်အရ တည် ထားခဲ့ခြင်းဖြစ်သည်။ ရွှေဘုန်းပွင့်ဘုရားတည်ထားသောနေရာသည် ပေ ၂ဝ ခန့်မြင့်သော တောင်ကုန်းကလေးတစ်ခုဖြစ်သည်။ အဝေးမှကြည့် သော် နွားလားဥဿဘ၏ဘို့နှင့်အလွန်တူသည်။ ထို့ကြောင့် ရှေးအခါက နွားလားဥဿဘတောင်ဟုခေါ်ခဲ့ကြသည်ဆိုလေသည်။ ရက်ကန်းစင် တောင်ဆရာတော်ကြီးသည် တပည့်များနှင့်အတူ ၁၃၃ဝ ပြည့်နှစ် တပေါင်းလပြည့်ကျော် ၁၂ ရက် (ခရစ်နှစ် ၁၉၆၉ ခုနှစ် မတ်လ ၁၄ ရက်)နေ့တွင် တောင်ကြီးမြို့သို့ရထားဖြင့် ကြွရောက်လာခဲ့သည်။ တောင်ကြီး၌ သုံးရက်သီတင်းသုံးတော်မူပြီး အင်းလေးသိြု့<ွကတော်မူ သည်။ ထိုမှတစ်ဆင့်ညောင်ရွှေမြို့ရတနာမာန်အောင်ဘုရား၏ အရှေ့ ဘက်ရှိဆုတောင်းပြည့်ဘုရားကိုဖူးလေသည်။ ထိုမှအင်းလေး ရေသာ ဓမ္မာရုံသို့ဆက်လက်ြ<ွကချီသည်။ အင်းထဲတွင်သုံးရက်သီတင်း သုံးတော် မူပြီး တောင်ကြီးသို့ ပြန်ကြွခဲ့သည်။

တောင်ကြီးတွင် ကျောက်တစ်လုံးလမ်းရှိ ဦးစောလှဓမ္မာရုံတွင် သီတင်းသုံးသည်။ နောက်တစ်နေ့တွင် ဒါယကာ၊ ဒါယိကာမများအား တောင်ကြီးမြို့ရှိ ၃၁ ဘုံသားတွေ ကပ်ဆိုးဘေးဆိုးတွေကျော်ပြီးတော့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့၊ ကိုးကွယ်ဖို့ ဥာဏ်တော် ၃၁ တောင် အမြင့်ဆောင်သည့် ဆူးလေစေတီတော် ပုံသဏ္ဌာန်စေတီတစ်ဆူကို ၁၃၃၁ ခုနှစ်မကုန်မီအပြီးတည်ရမည်ဟု မိန့်တော်မူလေသည်။ စေတီပြီး မြောက်လျှင် သာသနာသုံးရပ်တိုးတက်ဖွံ့ဖြိုးမည်ဟု ဆက်လက်မိန့်ကြား ခဲ့သည်။

၁၃၃ဝ ပြည့်၊ တန်ခူးလပြည့်နေ့တွင် ရွှေဘုန်းပွင့်စေတီတော် ပန္နက်တင် မင်္ဂလာ၊ ကျောက်တစ်လုံးလမ်းဦးစောလှဓမ္မာရုံရှိ ဗုဒ္ဓရုပ်ပွားတော် အနေကဇာတင် ပန္နက်မင်္ဂလာ၊ ဦးစောလှဓမ္မာရုံသာသနာ့ဝိဇ္ဇာမဟိဒ္ဓိ အောင်လံစိုက် ပန္နက်မင်္ဂလာ၊ ပုဗ္ဗာရုံကံဦးကျောင်းတိုက်တွင် ရှင်သုံးပါး သာမဏေရပဗ္ဗဇ္ဇိတပန္နက်မင်္ဂလာ၊ ကန်တော့ပွဲကိုးပွဲဖြင့် ကိုးမြို့ကိုယ် စားရှမ်းကိုးမြို့ပန္နက်မင်္ဂလာစသည်ဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ကျောက် တစ်လုံးလမ်းရှိဦးစောလှဓမ္မာရုံတွင် ထိုမင်္ဂလာပန္နက်လေးခုကို တစ်ပြိုင် တည်းအောင်မြင်စွာကျင်းပခဲ့သည်။
၁၃၃၁ ခုနှစ် တော်သလင်းလ ပြည့်ကျော် ၁ ရက် (ခရစ်နှစ် ၁၉၆၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်) စနေနေ့ နံနက် ၆ နာရီ ၁ဝ မိနစ်အချိန် တွင် မောင်းထုပြီး စေတီမကြီးနှင့် အရံ စေတီရှစ်ဆူအား တစ်ပြိုင်တည်း အောင်မြင်စွာ အုတ်မြစ်ချနိုင်ခဲ့သည်။ ၁၃၃၁ ခုနှစ် နတ်တော်လပြည့် ကျော် ၁ဝ ရက်နေ့တွင် ပထမဌာပနာပိတ်ပွဲ၊ တပို့တွဲ လဆန်း ၂ ရက်နေ့ တွင် ဒုတိယဌာပနာပိတ်ပွဲများကျင်းပနိုင်ခဲ့သည်။ ဆရာတော်ကြီးသည် ၁၃၃၁ ခုနှစ်နှောင်းတန်ခူးလကွယ်နေ့တွင် တောင်ကြီးမြို့သို့ တတိယ အကြိမ်အဖြစ် ထပ်မြံ<ွကရောက်လာခဲ့ပါသည်။ ထိုခရီးသည် ဆရာတော် ကြီးအတွက် နောက်ဆုံးသာသနာပြုခရီးပင်ဖြစ်သည်။ ဘုရားအား ထီး တော်တင်ရန် သင်္ကြန်အကြိုနေ့သတ်မှတ်ထားပြီး မြို့တွင်းလှည့်လည် ပူဇော်ခံခဲ့သည်။ ဆရာတော်အား ဘုရားဘွဲ့အမည်ပေးရန် လျှောက်ထား ရာဦးပဏ္ဍိစ္စနှင့်အဖွဲ့က ”မာန်အောင်ဘုရား”ဟု ပထမစတင် ဘွဲ့အမည် ခေါ်ခဲ့သည်။ ပထမအကြိမ်တည်ဆောက်ရေး၊ ဂေါပက အစည်းအဝေး တွင် ”ဓာတ်ပေါင်းစုဘုရား” ဟုလည်းကောင်း၊ အနီးကပ်ကြီးကြပ်တည် ဆောက်သည့် ဦးအာစရက အတိတ်တဘောင်ထင်ကာ ”လောကထိပ်တင် သက်တော်ရှင်ဘုရား” ဟုလည်းကောင်း၊ ၁၃၃၁ ခုနှစ် တပို့တွဲလဆန်း ၂ ရက် ဒုတိယအကြိမ်ဌာပနာပိတ်ပွဲတွင် ကံဦးကျောင်းဆရာတော် ဦးမေဓိယက ”အောင်ဝိဇ္ဇာဦးဘုရား” ဟုလည်းကောင်း ဘွဲ့တော်အသီး သီးဆက်ကပ်ခဲ့သော်လည်း နောက်ဆုံးတွင်ရက်ကန်းစင်တောင် ဆရာ တော်ကြီးက ထီးတော်လှည့်လည်ရန်အတွက် သွားခါနီးတွင် ”ရွှေဘုန်းပွင့် ဘုရား”အမည်တွင်စေဟု ဘွဲ့တော် ပေးခဲ့ရာမှ ယနေ့အချိန်ထိ ရွှေဘုန်း ပွင့်ဘုရားဟု ဘွဲ့အမည်တွင်လျက်ရှိလေသည်။

နိုင်ထွန်း(TGI)

 


LEAVE A REPLY

Please enter your comment!
Please enter your name here