Thursday, May 29, 2025

လမ်းဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသား ကားတို-က်ခံရပြီး‌ေ-သဆုံးခဲ့မှု မဟာအောင်မြေမြို့နယ်တွင်ဖြစ်ပွား

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် ကားလမ်းဖြတ်ကူးသည့် အိုင်ယာလန်နိုင်ငံသားတစ်ဦး ကားတို-က်ခံရပြီး‌ေ-သဆုံးခဲ့မှု မေ ၂၈ ရက်ည ၆ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊...

မုန်တိုင်းငယ် အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့အပြား မိုးဆက်ရွာနိုင်

ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် အစပြုဖြစ်ပေါ်လာသော လေဖိအားနည်းရပ်ဝန်းမှာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိခဲ့ပြီး အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးဆက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက...

တီမောလက်စ်တီးကို အဖွဲ့ဝင်ခွင့်ပြုရန် အာဆီယံ သဘောတူပြီ

အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ခေါင်းဆောင်များသည် လာမည့်အောက်တိုဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး၌ တီမောလက်စ်တီးကို အဖွဲ့၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် သဘောတူလိုက်ကြသည်ဟု ထိုင်းအကြီးတန်း သံတမန်တစ်ဦးက...

မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်း ရေးထိုးခဲ့သည့်...

ရန်ကုန်ယူနိုက်တက်အသင်း ကစားသမားဟောင်းဖြစ်သူ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား မောင်မောင်လွင်သည် မြန်မာကို ကမ္ဘာကသိစေရန် သမိုင်းဝင်မှတ်တမ်းရေး ထိုးပုံဖော်ပေးခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ရန်ကုန်ယူနိုက်တက်အသင်းက အသိပေးထုတ်ပြန်သည်။ ယမန်နေ့ မေ...
HomePopular Academy2017 Academyနတ်ကြီးတဲ့ အကယ်ဒမီဆုရစာရင်း ရင်ခုန်သံချင်းထပ်တူကျမလား...

နတ်ကြီးတဲ့ အကယ်ဒမီဆုရစာရင်း ရင်ခုန်သံချင်းထပ်တူကျမလား ကောက်ချက်ဆွဲကြည့်ခြင်း

မတ်လ ၂၃ ရက်နေ့ မင်းဓမ္မလမ်းရှိ MEP မှာ ပြုလုပ်မယ့် ၂ဝ၁၇ အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် ခုဆို အသံတွေ အများကြီးကြားနေရပြီဖြစ်ပါတယ်။ ရုပ်ရှင်လောက သားတို့အသံ၊ ပရိသတ်တို့ရဲ့ အသံ၊ မီဒီယာသမားတို့ရဲ့အသံ စတဲ့ အသံပေါင်းစုံကို နားဆင်ခံစားကြည့်တဲ့အခါ အကယ်ဒမီဆုများ ဟာ ပိုမိုရုပ်လုံးကြွလာနေပြီလို့ ဆိုရမှာပါ။

ရုပ်ရှင်ချစ်ပရိသတ်တို့ ထင်ကြေးပေးထားတဲ့ အကယ်ဒမီဆုရ စာရင်းကို ကြားသိရတော့ အလွန်ဝမ်းသာအံ့သြဖြစ်ရပါတယ်။ အခုနှစ်အတွက် အကယ် ဒမီ ထူးချွန်ဆုဟာ ဆုပေါင်း ၁၁ ဆုအပြင် အထူးဆု ၁ ဆု၊ ရုပ်ရှင် တစ်သက်တာ ထူးချွန်ဆု ၁ ဆုပါ ချီးမြှင့်ပေးအပ်မှာဖြစ်လို့ စုစုပေါင်း ၁၃ ဆု ဖြစ်သွားပါတယ်။ အကယ်ဒမီ ဆုရသူများအတွက်လည်း ကျွန်တော် ဝမ်းသာ ဂုဏ်ယူရပါတယ်။

အကယ်ဒမီဆုရစာရင်း ခန့်မှန်းခြင်း

အကယ်ဒမီ ထူးချွန်ဆုများမှာ ထာဝရအမေရုပ်ရှင်ဇာတ်ကားကြီးက စုစုပေါင်း ၅ ဆု ရရှိသွားနိုင်ပါတယ်။လူငယ်တွေ ဖန်တီးရိုက်ကူးထားတဲ့ ည ဇာတ်ကားကတော့ အသံဆုနဲ့ တည်းဖြတ်ဆုရရှိသွားနိုင်လို့မို့ လူငယ်တွေ အတွက် အနုပညာဖန်တီးခွင့်အပေါ် အသိအမှတ်ပြုပေးတဲ့ ရုပ်ရှင်အကဲဖြတ် လူကြီးမင်းများကို ကျေးဇူးတင်ရပါတယ်။ နောက်နှစ် ကျင်းပပြုလုပ်မယ့် ၂ဝ၁၈ ခုနှစ်အကယ်ဒမီအတွက်ဆိုရင် ခုနာမည်ကြီးနေတဲ့ လူငယ်ဒါရိုက်တာ ခရစ် စတီးနားခီ၊ လူငယ်မင်းသားဇာဏ်ခီတို့ရဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်နဲ့ မုဒြာရဲ့ခေါ်သံရုပ်ရှင် ဇာတ်ကားများဟာ အကယ်ဒမီဆုများစွာ ရရှိသွားနိုင်ပါတယ်။ အဲဒီရုပ်ရှင်ဇာတ် ကားများဟာ မြန်မာ့ရုပ်ရှင်အတွက် အလှည့်အပြောင်းကြီး တစ်ခုဖြစ်လာသလို ပြောင်းလဲချိန်တန်ပြီဆိုတဲ့အတိုင်း ရုပ်ရှင်ဟာ အရုပ်၊ အသံ၊ အနုပညာဖန်တီး မှုတွေလည်း ပြောင်းလဲဖန်တီးလာကြပြီဆိုရမှာပါ။

မြန်မာရုပ်ရှင်ဇာတ်ကားတွေ မကြည့်ရှုဖြစ်တာကြာပြီဆိုတဲ့ လူငယ်၊ လူလတ်၊ လူကြီးများကို ရုပ်ရှင်ရုံများဆီ ဆွဲခေါ် လာတဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်နဲ့ မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားများနည်းတူ နောက်ထပ်ပရိသတ်ကြည့်ရှုချင်တဲ့၊ မျှော်လင့် နေတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားကောင်းများစွာ ဖန်တီးထုတ်လုပ်နိုင်ဖို့ ကျွန် တော့်အနေနဲ့ ဆုတောင်းပေးနေမိပါတယ်။

မြန်မာပေါကားများကို မကြည့်ချင်တော့ဘူးဆိုတဲ့ ပရိသတ်များနဲ့ မြန်မာ ပေါကားများသာ ကြိုက်နှစ်သက်တဲ့ပရိသတ်များရဲ့ အားပြိုင်မှု၊ ဒါရိုက်တာ၊ သရုပ်ဆောင်များရဲ့ မှန်ကန်တဲ့ပြိုင်ဆိုင်မှုများကြောင့် မြန်မာ့ရုပ်ရှင်ဟာ ကမ္ဘာ ကို မလွှမ်းမိုးနိုင်ခင် အာရှအဆင့်၊ အရှေ့တောင် အာရှအဆင့်တော့ရောက်ရှိ၊ ကျော်လွှားနိုင်မယ်ထင်ပါတယ်။ ဒါကလည်း နှစ်များစွာစောင့် ကြည့်နေရဦး မှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ရုံများမှာ ဟိုးယခင်ရုပ်ရှင်ခေတ် ကောင်း စဉ်က လက်မှတ် အလုအယက်ဝယ်၊ တန်းစီကြည့်ရတဲ့ခေတ်လို ပြန်လည်ရောက် ရှိလာနိုင်ရင်၊ ပရိသတ်များရဲ့ အနုပညာဖန်တီးမှုကောင်းတဲ့ အနုပညာများကို သာ အချိန်ကုန်ခံ ကြည့်ရှုနိုင်လာရင်၊ ဒါရိုက်တာ၊ သရုပ်ဆောင်များရဲ့ သဘာဝ ကျကျ၊ ဇာတ်လမ်းကောင်းကောင်း ဖန်တီးရိုက်ကူးလာနိုင်ရင် မြန်မာရုပ်ရှင် လောက ပိုမိုကောင်းလာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

”အခုလို ပိုမိုပွင့်လင်း လာတော့မယ့်ခေတ်မှာ ရုပ်ရှင်လောက တစ်ခုလုံး အနုပညာရော၊ အတတ်ပညာမှာပါ ပိုမိုတိုးတက်အောင်မြင်လာကြမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်မတို့ တိုင်းပြည်လည်း ‘ပြောင်းလဲချိန်တန်ပြီ’ ဖြစ်တဲ့ အတိုင်း အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖန်တီးသလို တိုင်းသူ ပြည် သားအားလုံးက ကိုယ်ကျရာနေရာကနေ ကိုယ့်တာဝန်ကျေပွန်အောင် ဆောင် ရွက်ကြရင် ကျွန်မတို့နိုင်ငံ မလွဲမသွေ တိုးတက်ပြောင်းလဲနိုင်မယ်လို့ ယုံ ကြည်မိပါတယ်”ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် (၂ဝ၁၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲသို့ ပေးပို့တဲ့သဝဏ်လွှာ)ရဲ့ စကားအတိုင်း အားလုံးက ကျရာနေရာမှာ ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင် ဆောင်ရွက် သင့်ပါကြောင်း ကျွန်တော်က အကြံပြုတင်ပြလိုက်ရပါတယ်။

မြန်မာ့ရုပ်ရှင် ရွှေခေတ် ရောက်ရှိနိုင်ပါစေ။

လေးစားစွာ

ညိုသစ်ငယ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071