Saturday, January 31, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ရန်ကုန်လေဆိပ်၌ နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ကူးစက်ရောဂါများအား စောင့်ကြပ်ကြည့်ရှုစစ်ဆေးနေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌  နီပါးရ်ဗိုင်းရပ်စ်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေးအရေးပေါ်အ ခြေအနေပေါ်ပေါက်နိုင်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးနေခြင်းအား ကျန်းမာရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီးပါမောက္ခဒေါက်တာအေးထွန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များ၊ လေဆိပ်တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ရမည့်...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...
HomePopular Academy2017 Academy၂ဝ၁၇ ခုနှစ်...

၂ဝ၁၇ ခုနှစ် အကယ်ဒမီ ဆန်ခါတင်ဇာတ်ကားများနှင့် အကဲဖြတ်အဖွဲ့တို့သုံးသပ်စကား

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပေးပွဲ ကြီးလည်းကျင်းပတော့မယ်။ ဒီနှစ် မှာ ထူးခြားတာက ဆု ၁၁ ဆုစလုံး ချီး မြှင့်မယ့်အပြင် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆု၊ အထူးဆုတို့ကိုပါ ထည့် သွင်းချီးမြှင့်မယ်ဆိုတော့ အနုပညာ ရှင်တွေလည်း ဝမ်းမြောက်ပီတိဖြစ်၊ ပရိသတ်တွေလည်း နှစ်ခြိုက်စွာအား ပေးကြဆိုတော့ အခြေတင့်လို့နေမှာ ပါ။ အခုနှစ်အတွက် အကယ်ဒမီ စာရင်းဝင်ဇာတ်ကားပေါင်းကလည်း ၅၃ ကားတောင်ဆိုတော့ အကဲဖြတ် ဒိုင်တွေအနေနဲ့ တော်တော်လေး အကဲ ဖြတ်စိစစ်ရွေးချယ်လိုက်ကြရမယ် ထင် ပါတယ်။ ၂ဝ၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် စိစစ်အကဲဖြတ်ရေးအဖွဲ့မှာတော့ ဒေါ်ဝါဝါဝင်းရွှေက ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်ပြီး အဖွဲ့ဝင်တွေအနေနဲ့ ဒေါ်ခင် သီတာထွန်း၊ ဒေါ်မြင့်မြင့်ခိုင်၊ ဦးကြည် စိုးထွန်း၊ ဦးကိုကိုလေး၊ ဒေါ်ခင်လေး သိမ့်၊ ဦးမြင့်ဦးဦးမြင့်၊ ဦးမြင့်သိန်းဖေ၊ ဦးသန်းညွန့်၊ ဦးဖေမြင့်ဦး၊ ဦးချစ်ဆွေ (မဉ္ဇူရုပ်ရှင်)၊ ဦးမောင်စံ(သာဓု)၊ ဦးဆန်းဦး(လင်း)၊ တယောဦးတင်ရီ၊ ဦးသက်(ဥျေငျ)၊ ကိုမြင့်(သမန်း ကျား)၊ ဦးတိုးညွန့်၊ ဦးမိုက်တီး၊ ဦးမောင်သီ၊ ဦးသက်မောင်မောင်၊ ဦးဟိန်းစိုး၊ ဦးဗေဒါ၊ ဇမ္ဗူထွန်းသက် လွင်တို့က သရုပ်ဆောင်အလွှာ၊ ဇာတ် ညွှန်း ပညာရှင်များအလွှာ၊ ဓာတ်ပုံ ပညာရှင်များအလွှာ၊ အသံပညာရှင် များအလွှာ၊ တေးဂီတပညာရှင်များ အလွှာ၊ တည်းဖြတ်ပညာရှင်များ အလွှာ၊ ဒါရိုက်တာပညာရှင်များ အလွှာ စသဖြင့် အသီးသီးဆောင် ရွက်ကြခဲ့ခြင်း ဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းအလွှာကနေ အကဲဖြတ်ပေးတဲ့ အကယ်ဒမီ ခင်သီ တာထွန်းက သူမရဲ့အမြင်ကို အခုလို ပြောပါတယ်။

”ကာရိုက်တာတစ်ခုက သဘာဝ ပုံစံလေးဆိုရင် မိတ်ကပ်တွေတအား လိမ်းထားတာကလည်း ကိုယ့်ကိုယ် ကိုယ် ပြန်ပြီးပြဿနာတက်နိုင်တယ်။ အမူအရာတွေကလည်း လွန်ကဲတာမျိုး မဖြစ်ရပါဘူး။ စိတ်မပါသလိုပဲ။ ဘာ မှမခံစားဘဲနဲ့ လျော့နေတဲ့ သရုပ်ဆောင် မှုဆိုရင်လည်းမရပြန်ဘူး။ ကြိုးစားမှု လေးက အမြဲတမ်းနည်းနည်းစီတော့ ထည့်ထားရမယ်။ အဲဒါတွေထဲမှာ သဘာဝဆိုတာလေးကတော့ ပိုပြီး အားသာပါတယ်” လို့ အကယ်ဒမီ ဒေါ်ခင်သီတာထွန်းက ပြောပါတယ်။ အကဲဖြတ်အဖွဲ့ဝင်စာရင်းထဲမှာ မပါ ဝင်ပေမယ့် အကဲဖြတ်သူတွေထဲမှာ ပါဝင်လာသူကတော့ အကယ်ဒမီမျိုးသန္တာ ထွန်းပါ။ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းနဲ့ ကိုက်ညီတာကိုရွေး ချယ်ရမှာဖြစ်တဲ့အတွက် စိတ်ခံစား ချက်တွေအပြင်မှာထားခဲ့ရတယ်လို့ဆိုတဲ့ မျိုးသန္တာထွန်းက . . .

”အကောင်းဆုံးတွေထဲက အ ကောင်းဆုံးကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း ရွေး ချယ်နေပါတယ်။ အစ်မကတော့ သရုပ်ဆောင်နဲ့ ဇာတ်ကားဆုတွေ အ တွက် အကဲဖြတ်ပေးပါတယ်။ ကောင်းတဲ့လူတွေယှဉ်ပြိုင်ကြရတာ က အရည်အချင်းပိုထွက်ပါတယ်။ ဒါ ကြောင့် ရွေးချယ်တဲ့အပိုင်းမှာလည်း တော်တော်လေးကို သတိထားရပါ တယ်။ အစ်မတို့ကြည့်ရှုအကဲဖြတ် တဲ့အခါကိုယ့်ရဲ့ ခံစားချက်ကို ဦးစား ပေးလို့မရဘူးလေ။ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း နဲ့ကိုက်ညီတာကို ရွေးချယ်ရမှာဖြစ်တဲ့အတွက် စိတ်ခံ စားချက်ကို အပြင်မှာထားခဲ့ပါတယ်။ အကောင်းဆုံးတွေထဲက တစ်ယောက် ကိုပဲ ရွေးချယ်ရတာဖြစ်တဲ့အတွက် အစ်မတို့ အကဲဖြတ်တွေကိုလည်း နားလည်ပေးစေချင်ပါတယ်”လို့ သူမ က ပြောပြပါတယ်။

ပရိသတ်တွေ အဓိက စိတ်ဝင် စားကြတဲ့ သရုပ်ဆောင်တွေရဲ့အခန်း ကဏ္ဍပြီးသွားတဲ့အခါမှာ ပညာရပ်ပိုင်း ဆိုင်ရာဆုတွေလည်းကျန်ပါသေးတယ်။ ဥပမာ-တေးဂီတဆုတို့၊ ဓာတ်ပုံဆုတို့ လိုမျိုးပေါ့။ ဓာတ်ပုံအလွှာကနေ အကဲဖြတ်ပေးခဲ့တဲ့ ဦးမြင့်သိန်းဖေက ဘာတွေပြောသလဲဆိုတော့ . . .

”ရုပ်ရှင်ဓါတ်ပုံပီသသော အရာ များကို သေသေချာချာလေးကြည့် ရှုပြီးအကဲဖြတ်နေပါတယ်။ အရင်နှစ် တွေနဲ့ယှဉ်ရင် နည်းပညာအရ တိုး တက်လာတာကိုတွေ့ရတယ်။ ဒစ်ဂျစ် တယ်တွေပေါ်လာတဲ့အခါမှာ ပညာ ပိုင်းဆိုင်ရာမှာ လျော့သွားသလိုဖြစ် တယ်။ အရင် ဖလင်မှာတုန်းကတော့ သေသေချာချာလုပ်ရတယ်။ ဥပမာ-မီးပေးတယ်ဆိုရင်လည်း တကယ်ကို မီးစနစ်နဲ့ပေးရတယ်။ အခုချိန် LED ကိုအသုံးများလာကြတော့ တချို့ နေ ရာလေးတွေမှာ အားနည်းချက်တွေ ကိုတွေ့ရတယ်။ တချို့က အားနည်း ချက်လို့လည်းပြောလို့မရဘူးပေါ့။ ခေတ်စနစ်နဲ့လိုက်ပြီး ပြောင်းလဲလာ တာတွေလည်းရှိတဲ့အတွက်ကြောင့် ပါ။ အရုပ်ကြည်လင်မှု ပြတ်သားမှု တွေကလည်း ဒီခေတ်တွေမှာအများကြီးတိုးတက်လာပါတယ်”လို့ ရှင်း လင်းပြောပြခဲ့ပါတယ်။ အကယ်ဒမီဆို တာ သူများတွေပြောပြောနေကြသလို တကယ်ပဲနတ်ကြီးတယ်လို့ဆိုရမလား၊ ပရိသတ်တွေထင်ထားတာတွေနဲ့ တကယ့် တကယ်မှာလွဲချော်တတ်တာ တွေလည်းရှိနေလေတော့ ပွဲကျင်းပချိန် တွင်းကျမှ ဘယ်အနုပညာရှင်က ဘယ် ဆုကိုရရှိသွားပြီဆိုပြီး ကြေညာလိုက် မှသာလျှင် သက်ပြင်းချနိုင်ကြမှာပါ။

လာမယ့် ၂ဝ၁၈ခုနှစ် မြန်မာ့ရုပ် ရှင်ထူးချွန်ဆုရွေးချယ်ရေးအတွက် စည်းမျဉ်း၊စည်းကမ်းတွေ ပြောင်း လဲသတ်မှတ်ဖို့ စီစဉ်ထားတယ်ဆိုတဲ့ ဒါရိုက်တာအလွှာကအကဲဖြတ်အဖွဲ့ ဝင် ဦးမောင်သီက . . .

”အစည်းအဝေးဆုံးဖြတ်ချက် အရ Nomination ဝင်ထားတဲ့ ဇာတ်ကားတွေကို ထုတ်ဖော်ပြော ကြားလို့မရဘူး ပေါ့နော်။ ဒါကလည်း မပြင်ရသေးတဲ့ စည်းမျဉ်းတွေကြောင့် ပါ။ ပြင်ပြီးရင်တော့ နိုင်ငံတကာလိုပဲ ကြေညာပေးပါမယ်။ အခုလက်ရှိ ကြည်ရှုပြီးသလောက်မှာလည်း မကျေလည်သေးရင် အကြိမ်ကြိမ် ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ နည်း ပညာပိုင်းဆိုင်ရာရော၊ အနုပညာပိုင်း ဆိုင်ရာမှာပါ ထူးထူးခြားခြားလေးတွေ တွေ့ ရပါတယ်။ အကယ်ဒမီဆုကနည်း နေတာပေါ့နော်။ဥပမာ-အသံဆုဆို ရင်တစ်ဆုပဲရှိတယ် ဆိုတော့ တေးဂီ တကိုပေးရ မှာလား…အသံဖမ်းကိုပေး ရမှာလား။ Audio Editing ကိုပေး ရမှာလားဆိုတာစဉ်းစားရတယ်။ အသံဆုကတစ်ဆုတည်းဆိုတော့ နည်းနည်းပြသနာရှိတယ်။ နောက် နှစ်တွေမှာတော့ အကယ်ဒမီရဲ့ စည်း မျဉ်းစည်းကမ်း ပြန်လည် ပြင်ဆင် ရေးကော်မတီဖွဲ့မယ်။ ဒီနှစ်မှာတော့ အရင်ကမူတွေနဲ့ပဲပေးတာပါ”လို့ ပြောပြခဲ့ပါတယ်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071