Tuesday, May 5, 2026

နည်းပြချုပ်သစ်နှင့်အတူ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ရာသီသစ်အတွက်...

၂၀၂၆-၂၇ ရာသီ Myanmar Women League (MWL) အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ရာသီအတွက်...

ပြုံယမ်းအမျိုးသမီးကလပ်အသင်း ဆိုးလ်သို့ လာရောက်ကစားမည်

မြောက်ကိုရီးယား အမျိုးသမီးဘောလုံးကလပ်အသင်း နာဂိုယန်အက်ဖ်စီသည် မေလ ၂၀ ရက်နေ့တွင် တောင်ကိုရီးယားအမျိုးသမီးကလပ်အသင်း ဆူဝန်အက်ဖ်စီနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့်...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။ မေ ၄ ရက်ကပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့...

တရုတ်တွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲ၍ လူ...

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လူ ၂၁ ဦး ‌ေ-သဆုံးကာ ၆၁ ဦး ဒ-ဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်ကို သေချာစွာ...
HomeCelebrities' Newsနှစ် ၄ဝ သက်တမ်း...

နှစ် ၄ဝ သက်တမ်း ရှိပြီဖြစ်တဲ့ စိုးစိုးမုန့်တီ (မန္တလေး) ကို ရန်ကုန်မှာစားသုံးနိုင်ပြီ

စိုးစိုးမုန့်တီ(မန္တလေး) ရဲ့ ပထမ ဦးဆုံးအကြိမ် ရန်ကုန်ဆိုင်ခွဲ ဖွင့်လှစ် ပွဲကို ဇန်နဝါရီ ၃၁ ၇က်နေ့ မနက် ၇နာရီက အမှတ် ၃ဝ၆၊ မဟာမြိုင်၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဆိုင်ကို စိုးစိုး မုန့်တီရဲ့ ပဲ့ကိုင်ရှင် အန်တီစိုး၊ ထပ် ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်၊ စိုးစိုးမုန့်တီမှ ရန်ကုန်ဆိုင်ခွဲ တာဝန်ခံ မခိုင်၊ Moon Bakery ပိုင် ရှင် မဝင်းမင်းကောင်း၊ စိုးစိုးမုန့်တီ မှ ရန်ကုန်ဆိုင်ခွဲ တာဝန်ခံ ဦးဇော် မျိုးအောင်တို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ခဲ့ပါတယ်။ စိုးစိုးမုန့်တီဆိုင်ကို ၁၉၇၉ ခုနှစ်က မန္တလေးမြို့မှာ စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုဆို ရင်တော့ နှစ် ၄ဝ နီးပါး သက်တမ်း ရှိပြီဖြစ်ပါတယ်။ နှစ် ၄ဝ ပြည့်ထိ အောင်မြင်စွာရပ်တည်နေတဲ့ စိုးစိုး မုန့်တီဆိုင်ရဲ့ အောင်မြင်မှုကို တော့ အန်တီစိုးက…

“သမီးက စီးပွားရေးလုပ် မယ် ဆိုတော့ မန္တလေးမှာလည်း နှစ် ၄ဝ ပြည့်တော့မယ်။ ရန်ကုန်မှာ ဖွင့်လှစ် ရ အောင်ဆိုတော့ ဒီက ဆိုင်ရှင်က လည်း ဖိတ်ခေါ်နေတာနဲ့ လာပြီး ဖွင့် ဖြစ်တာပါ။ နောက်နှစ်ဆိုရင် နှစ် ၄ဝ ပြည့်ပြီ။ အန်တီရဲ့ စိတ်ရင်း စေတနာ က စားတဲ့သူကို စားကောင်းချင်တဲ့ စိတ်အမြဲရှိတယ်။ သုံးစွဲတဲ့ ပစ္စည်းက အစအသန့်။ ဆီတွေဆိုလည်း ပဲဆီ အသန့်စွဲသုံးတယ်။ ပဲပုပ်ဆိုလည်း အကောင်း။ အကုန်အဆင့် အတန်း မြင့်တဲ့ ပစ္စည်းတွေ စွဲသုံးတယ်။ ဒါ့ကြောင့်မို့လည်း အနှစ် ၄ဝ ထိ ရှည်တယ်ထင်တာပါပဲ” လို့ ပြောပါ တယ်။ ရန်ကုန်မှာ လာရောက် ဖွင့်လှစ်တာကြောင့် အခက်အခဲ တွေရှိနေပေမယ့်လည်း မန္တလေး အရသာအတိုင်း စားသုံးရမှာ ဖြစ်ကြောင်း အန်တီစိုးက ပြောပြခဲ့ ပါတယ်။ မန္တလေးရောက်တိုင်း စိုးစိုး မုန့်တီကို စားသုံးဖြစ်တယ်လို့ ဆိုတဲ့ အကယ်ဒမီဝတ်မှုံရွှေရည်ကလည်း…

“စိုးစိုးမုန့်တီဆိုတာ အားလုံးနဲ့ လည်းမစိမ်းတော့ပါဘူး။ မန္တလေး ရောက်တိုင်းလည်း အပြေးအလွှား သွား စားသုံးတဲ့သူတွေ အများကြီးပဲ လေ။ မန္တလေးသွားမှ စားရမှာမဟုတ် တော့ပါဘူး။ အခုရန်ကုန်မှာလည်း မြေနီကုန်းမှာ ဖွင့်လိုက်ပါပြီ။ အား လုံးလည်း လာစားကြပါလို့ ဖိတ်ခေါ် ပါတယ်” လို့ဆိုပါတယ်။

စိုးစိုးမုန့်တီ (မန္တလေး) ရန်ကုန် ဆိုင်ကို ယခင် Moon Bakery ဖွင့် လှစ်တဲ့နေရာမှာ ဖွင့်လှစ်ထားတာ ဖြစ်ပြီး မနက် ၆ နာရီမှ မနက် ၁၁ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

P-060
ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071