Tuesday, February 3, 2026

သက်တော် ၉၀ အရွယ် ဆရာ‌တော်ကြီး...

သက်တော် ၉၀ အရွယ် တိဗက်ဘာသာ‌ရေးအကြီးအကဲ ဆရာ‌တော်ကြီးဒလိုင်းလားမားသည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲတွင် "အကောင်းဆုံး အသံထွက်စာအုပ် နောက်ခံစကားပြောဆု" (Best Audiobook...

မန္တလေးမြို့တွင် ငလျင်ထပ်လှုပ်

မန္တလေးမြို့၌ ယနေ့ (ဖေဖော်ဝါရီ သုံးရက်) နေ့လည်ပိုင်း၌ အင်အားသိသာသည့် ငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ “မတ်လက လှုပ်တဲ့ ငလျင်လိုကို ခံစားလိုက်ရတယ်၊...

ဇူလိုင်လတွင် JLPT စာမေးပွဲဖြေဆိုရန် တစ်ဦးချင်းလျှောက်ထားသူများအနေဖြင့်...

၂၀၂၆ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း JLPT...

အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်ကားတိုက် (၄) ဦး...

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အမှန်(၂)လမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်...
HomeNewsEntertainment Newsမြန်မာ့ဂီတလောကမှာ မြန်မာသံစဉ်သီချင်းဆိုပြိုင်ပွဲတွေ များစွာ...

မြန်မာ့ဂီတလောကမှာ မြန်မာသံစဉ်သီချင်းဆိုပြိုင်ပွဲတွေ များစွာ ပေါ်ပေါက်သင့်ပြီလား

ခေတ်ပေါ်ဂီတသီချင်းဆိုပြိုင်ပွဲတွေများစွာပေါ်ထွက်နေချိန်မှာ မြန်မာသံစဉ်သီချင်းဆိုပြိုင်ပွဲတွေကတော့ တသီးတခြားရပ်တည်လို့နေပါတယ်။ မြန်မာသံစဉ်သီချင်း တွေကို ပရိသတ်နှစ်ခြိုက်အားပေးမှုမရှိတော့လို့လား၊ ဒါမှမဟုတ် မြန်မာသံစဉ်တေးဂီတနဲ့ ဂီတသမားတို့ကို ပံပိုးကူညီမယ့်သူတွေမရှိတော့လို့လား မေးခွန်းတွေများစွာပေါ်ထွက်လို့နေပါတယ်။ ဒီမေးခွန်းတွေအတွက်အဖြေကို မြန်မာသံစဉ်အနုပညာရှင်တချို့ကို မေးမြန်းဖြစ်တဲ့အခါ လမ်းစပွင့်စေမယ့် အဖြေစကားတွေကြားသိရတဲ့အတွက် မြန်မာသံစဉ်နဲ့ပတ်သက်ပြီး တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဦးတင်ဦးလေး

မြန်မာသံစဉ်သီချင်းဆိုပြိုင်ပွဲ တွေဖြစ်ပေါ်လာဖို့ဆိုတာ အဓိက ကတော့ စပွန်ဆာနဲ့ပဲဆိုင်တယ်။ အန် ကယ်တို့ မြန်မာသံအဆိုတော်တွေ အတွက်ကိုလည်း စပွန်ဆာပေးမယ်ဆိုရင်ပေးလို့ရတာပဲလေ။ အဲဒါ စပွန် ဆာမရှိတာပဲ။ ဒါပါပဲ။ အန်ကယ်တို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအမှု ဆောင်သစ်ရဲ့ ပထမဆုံးအစည်းအဝေး တောင်မှ ဖေဖော်ဝါရီ ၁ရက်နေ့မှာ အစည်းအဝေးစခေါ်မှာဆိုတော့ အန်ကယ်တို့အနေနဲ့ ကြိုးပမ်းလို့မရ သေးဘူး။ သို့သော်ကြိုးစားသွားမှာပါ။

xxxxxxxxxxxxxxxxxxxxxxxxx

ဒေါ် ချိုပြုံး

အမေချိုတို့ဆိုရင်လည်း တတ် နိုင်သလောက်ဆိုပေးနေတာပဲ။ ဒါ ပေမဲ့ လူတွေကိုယ်တိုင်က ခေတ်ပေါ် တွေကိုကြိုက်နေတယ်။ အမေချို တို့လည်း မကြိုက်ဘူးလားဆိုတော့ ကြိုက်ပါတယ်။ ဒါပေမဲ့ မြန်မာသံ အဆိုတွေကို နှစ်နှစ်ကာကာ နား ထောင်တဲ့သူတွေက အလုပ်သိပ်များ တယ်ထင်တယ်။ ဘာဖြစ်လို့လဲဆို တော့ တို့အရွယ်တွေဟာ ဘုရား၊ တရားအလုပ်တွေနဲ့ တခြားအလုပ် တွေကလည်း ရှိသေးတယ်။ ဒါတွေကို သိပ်စိတ်ဝင်စားဖို့မရတော့ဘူး။ သူတို့ထဲက တစ်ယောက်ယောက်က ထလှုပ်ပြီးတော့ ငါတို့မြန်မာသံတွေ ကို ပြိုင်ပွဲလေးကြည့်ချင်လိုက်တာဆို ပြီးတော့ တစ်ယောက်ယောက်က လှုပ်လိုက်ရင်တော့လုပ်လာမှာပဲ။ အကျိုးမရှိဖြစ်မှာစိုးလို့ လူတွေက မလုပ်ကြတာလည်းပါတယ်။ အမေ ချိုကိုယ်တိုင် ဒီလိုလုပ်ချင်တာပဲ။ ဒါပေမဲ့ မတတ်နိုင်ဘူး။ ဒီလိုပဲ။ တစ်ခုတော့ရှိတယ်။ ဘယ်သူရယ်လို့ တော့ မပြောသေးဘူး။ လူတစ် ယောက်ကအမေချို့ရဲ့ ဆရာတစ် ယောက်ပါပဲ။ မြန်မာသံကိုမတိမ်ကော သွားအောင်လို့လုပ်နေတယ်လို့ပြော တယ်။ အဲဒါလေးကိုတော့ အမေချို မျှော်လင့်တယ်။ နောက်ပြီး ဟုတ်တာ၊ မဟုတ်တာတော့ မသိဘူး။ သတင်း တစ်ခုတော့ အမေချိုကြားတယ်။ ဖေ့စ်ဘုတ်ခ်တွေကလည်း ဖွဘုတ်ဖြစ် နေတော့ ဖွတာတွေကများတယ်။ အခုအိုင်ဒေါဆိုတဲ့နေရာမှာ မြန်မာ သီချင်းတွေကို မပြိုင်ရဘူးဆိုတဲ့ ဘာညာသတင်းတွေ ထွက်လာတယ်။ ဟုတ်တာ၊ မဟုတ်တာတော့ မသိဘူး။ ဟုတ်ရင်လည်း စိတ်မကောင်းစရာ ဖြစ်မယ်။ မဟုတ်ရင်လည်း Sorry ပေါ့။ အဲဒီလို မြန်မာသံတွေအပေါ်မှာ လူ တွေစိတ်ဝင်စားမှုနည်းနေတယ် ဆိုလို့ရှိရင် ဘယ်လိုမှ တိုးတက်လာ မှာ မဟုတ်ဘူး။ မြန်မာသံရှိတယ်။ မြန်မာ့ယဉ်ကျေးမှုရှိတယ်။ မြန်မာ့ အဝတ်အစားရှိတယ်။ မြန်မာစာရှိ တယ်။ မြန်မာစကားရှိတယ်။ ဒါတွေ ကိုမှ အမေချိုတို့လို အသက်အရွယ် တွေက မဖော်ထုတ်ဘူးဆိုလို့ရှိရင် ဘယ်လိုနည်းနဲ့မှ တိုးတက်မလာနိုင် တော့ဘူး။ အမေချိုကတော့ မဖြစ်နိုင် တော့ဘူးလို့ထင်တယ်။ မြန်မာသံတွေ ဘာဖြစ်လို့အောက်ရောက်သွားလဲ ဆိုရင် လူတွေရဲ့ စိတ်ဝင်စားမှုနည်း လို့ပဲ။ အားမပေးကြလို့ပေါ့။ အမေချို ကတော့ အဲဒီလိုပဲမြင်ပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxx

 

ပိုးအိစံ

အခုနောက်ပိုင်းကတော့ အဆို ပြိုင်ပွဲတွေမှာ မြန်မာသံတွေထည့် ပြိုင်လာတာတွေ့ရပြီ။ ကောင်းပေ မယ့် ဆုမရတာတို့ကတော့ ပွဲစီစဉ် တဲ့ တာဝန်ရှိတဲ့သူနဲ့ပဲ ဆိုင်မယ်ထင် တယ်။ တကယ်ကောင်းပြီးတော့ မရ တာကိုလေ။ နောက်ပြီးတော့ မြန်မာ သံရဲ့အခြေအနေက နဂိုကတည်းက လည်း နည်းနည်းခက်တာကိုး။ မြန် မာသံကို ဆိုတတ်ဖို့ဆိုရင် နည်းနည်း လေး လေ့လာတဲ့နှစ်များမှ ဌာန်၊ ကရိုဏ်းကျကျဆိုနိုင်မယ်။ ဒီအတိုင်း ကြီးချက်ချင်းထဆိုလို့ရတဲ့ အထဲမှာ မပါဘူး။ ခေတ်ကာလအခြေအနေ ကလည်း မြန်မြန်နာမည်ကြီးပြီးတော့ မြန်မြန်လမ်းကြောင်းပေါ်ရောက်မှ အဆင်ပြေမှာလေ။ အဲဒီအခါကျ တော့ လွယ်လွယ်ကူကူနဲ့ရွေးချယ် လိုက်တာကတော့ ဗိုလ်သံပဲပေါ့။ ဒါပေမဲ့လည်း ဗိုလ်သံထဲမှာ ပညာပြ တဲ့သီချင်းတွေလည်း အများကြီးရှိပါ တယ်။ ဒါပေမဲ့ လွယ်တဲ့သီချင်းတွေ ကလည်း အများကြီးပါပဲ။ ဗိုလ်သံက မြူြး<ွကတာလေးတွေလည်းပါတယ် လေ။ အဲဒီတော့ နားထောင်တဲ့ ပုဂ္ဂိုလ်တွေက သဘောကျတာလည်း ပါမှာပေါ့လေ။ မြန်မာသံဆိုတာက အေးချမ်းပြီးတော့ စာသားအဓိပ္ပာယ် လေးကို တစိမ့်စိမ့်ပြန်နားထောင်ရ တာဆိုတဲ့သဘော သဘာဝလေးတော့ ရှိတာပေါ့လေ။ မြန်မာသံမှာ ကျ တော့ လွယ်တာထက် ခက်တာက ပိုများနေတယ်။ နောက်ပြီးတော့ ငြိမ်း ချမ်းရေးဂီတပွဲတော်ဆိုတဲ့ခေါင်းစဉ် ကြီးနဲ့ အဆိုပြိုင်ပွဲမလုပ်စေချင်ဘူး။ ဒါက မမရဲ့တစ်ဦးတည်းအမြင်ပါ။ မမတို့ ငြိမ်းချမ်းအောင် တခြားနည်း လမ်းတွေ အများကြီးလုပ်လို့ရတယ်။ အဆိုပြိုင်ပွဲတွေက မမတို့ ပထမပိုင်း ဖြေခဲ့သလိုပဲ ဘယ်တော့မှ မညီနိုင် ဘူး။ တစ်ယောက်တစ်မျိုးစီ အသံ ထွက်နေကြတာ။ အဲဒါကြောင့် မလုပ်စေချင်တာ။ ဘာဖြစ်လို့ဆို အားလုံးက တစ်ထပ်တည်းမကျဘူး။

xxxxxxxxxxxxxxxxxxxxxxxxx

 

ဖိုးသောကြာ

ဒါကတော့ ကျွန်တော်တို့ လူငယ်တွေနဲ့တော့ မပြီးဘူးဗျ။ နိုင်ငံတော်နဲ့လည်းဆိုင်တယ်လို့ ထင်တာပဲ။ ဥပမာ- သူများနိုင်ငံတွေ မှာဆိုရင် သူတို့ရဲ့ ယဉ်ကျေးမှုဂီတကို အမြဲတမ်းပံ့ပိုးပေးတယ်လေ။ အဲဒါ မျိုးလေးတွေလည်း လိုအပ်မယ်လို့ ထင်ပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxx

 

ဝိုင်းလမင်းအောင်

ကျွန်တော်တို့လို ကလေးတွေ၊ လူငယ်တေးသံရှင်တွေ အများကြီး ပေါ်ထွက်ဖို့က အပြင်မီဒီယာပြိုင် ပွဲလေးတွေက ပိုပြီး အရေးကြီး တာပေါ့နော်။ ဒါပေမဲ့လည်း ကိုယ့်ရဲ့ အရည်အချင်းကို ကိုယ်မြှင့်တင် လို့ရအောင် ဆို၊ က၊ ရေး၊ တီးလို ပြိုင် ပွဲတွေဝင်ပြိုင်ဖို့လိုတယ်။ အခုဆို ရင်လည်း သိပ်မကြာခင် အချိန် အတွင်းမှာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ စတော့မယ်။ စတဲ့အခါမှာ အသက် ၅နှစ်၊ ၁ဝနှစ်၊ ၁၅နှစ် အခြေခံပညာ အဆင့်မှာ ဝင်ပြိုင်လို့ရတယ်။ အဲဒါ ကို အသိအမှတ်ပြုဖို့အတွက် ကျွန် တော်တို့လည်း ကြိုးစားနေတယ်။ ကျွန်တော်တို့လည်း အဲဒီကတက် လာတာဆိုတော့ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲမှာ မြန်မာသံစဉ်တွေဘာတွေက သင်ရင်းနဲ့ ဝမ်းစာပြည့်သွားမှာပေါ့ နော်။ ဝမ်းစာပြည့်လာတဲ့အခါမှာ အပြင်မီဒီယာပြိုင်ပွဲတွေရှိလာတဲ့ အခါ ဝင်ပြိုင်လို့ရှိရင် လူသိသွား တာပေါ့။ ဆုလည်းရသွားမယ်။ လူ လည်းသိသွားမယ်။ အဲဒီလိုမျိုး လုပ် စေချင်တယ်။ အဓိကက အပြင် ပြိုင်ပွဲတွေများများပေါ်ဖို့အရေး ကြီးတယ်။ အခုဆိုရင်လည်း ကျွန် တော်တို့က ခါးဆက်ပြတ်သလိုဖြစ် သွားတယ်လေ။ ကျွန်တော်တို့ပြိုင် ပွဲတွေလည်းပြီးသွားရော ပရိသတ် တွေရဲ့အားပေးမှုက သိပ်ပြီးတော့ ဘဝင်မကျတော့ဘူးပေါ့။ ဆွဲဆောင်မှု အားလည်း နည်းသွားတယ်။ အဲဒီ အတွက်ကြောင့် စပွန်ဆာတွေ ဘာ တွေကလည်း အများကြီးရှိဖို့လိုတယ်။Star Let’s Sky ပြိုင်ပွဲဆိုရင်လည်း ဒဂုံအဖျော်ယမကာက စပွန်ဆာပေး တာလေ။ တခြားထောက်ပံ့၊ ပံ့ပိုးပေး မယ့်ဟာတွေလည်းလိုအပ်တယ်။ အဲဒီမှာ ပြိုင်ပွဲဝင်တွေအောင်မြင်သွား ရင် စီးရီးခွေလေးဖြစ်ဖြစ်၊ လူမှုကွန် ရက်ကိုချပြပေးနိုင်ရင် ကျွန်တော်တို့ လိုနာမည်တွေဘာတွေ ရသွားနိုင်တာ ပေါ့။ ပြီးတော့ အဲဒီမှာ ပြိုင်ပွဲပြိုင်ပြီး တော့ ဘာမှမထူးခြားလာဘဲနဲ့ အ ပြင်သာရောက်သွားတဲ့အဖြစ်လည်း အဖြစ်မခံနိုင်ဘူး။ ကိုယ်က ပြိုင်ပွဲ ပြိုင်ပြီးတော့ ဆုံးရှုံးသလိုဖြစ်တာပေါ့။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071