Sunday, June 28, 2026

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန်...

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းက...

သက်ကြီးဂီတပညာရှင်(၁၅၈)ဦးကို ပူဇော်ကန်တော့ နိုင်ငံတော်သမ္မတနှင့် ဇနီး၊...

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၆)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန် တော့ပွဲကို ယနေ့ ဇွန် ၂၇ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပူဇော်ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊...
HomeCelebrities' Newsအခုခေတ်က ဘယ်နားကြည့်ကြည့် သရုပ်ဆောင်သစ်တွေချည်းပဲ...

အခုခေတ်က ဘယ်နားကြည့်ကြည့် သရုပ်ဆောင်သစ်တွေချည်းပဲ သရုပ်ဆောင်လင်းမြတ်

MRVT-4  ရုပ်သံဇာတ်လမ်း တွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ သရုပ်ဆောင်လင်းမြတ်က အခုလတ်တလောမှာလည်း ‘ကျိန်စာပျက် ဒဏ္ဍာရီ’ ဇာတ်လမ်းတွဲ ရိုက်ကူးနေကြောင်း သိရ ပါတယ်။ သူ့အနေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း တွေ့ကြုံရတဲ့ အခက်အခဲတွေကို လည်းအခုလို ပြောခဲ့ပါတယ်။

“ကျွန်တော် MRVT-4  ရဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးတယ်။ ပြီးတော့ အပြင်ဇာတ်လမ်းတွေလည်း ရိုက်ကူးဖြစ်ပါတယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးရင် အခက်အခဲတွေတော့ သိပ်မရှိပါဘူး။ အချိန်နည်းနည်း ကြာကြာပေးထားရတာပဲရှိတယ်။ တချို့လူတွေထင်တာက ကျွန်တော်တို့က ဇာတ်လမ်းတွဲပဲရိုက်ကူးပြီး အပြင်ဇာတ်ကားတွေ မရိုက်ကူးတော့ဘူးလို့ထင်နေကြတယ်။ တစ်ခါတလေကျရင် အဲဒီလိုရိုက်ကူးဖို့ ကမ်းလှမ်းတာတွေမရှိကြဘူး။ ကျွန်တော့်ကို ဒီလိုရိုက်ကူးဖို့ ကမ်းလှမ်းရင်တော့ ရိုက်ကူးဖြစ်ပါတယ်။ ကျွန်တော့်အရှေ့မှာလည်း ဇာတ်လမ်းတွဲတွေရိုက်ကူးထားတာတွေအများကြီးရှိပါတယ်”လို့ ပြောပါတယ်။  သရုပ်ဆောင်သစ်ဖြစ်တဲ့အတွက် ကိုယ့်အထက်ကဝါရင့်သရုပ်ဆောင်တွေကို မသိရင်အမြဲတမ်း မေးဖြစ်တဲ့အကြောင်းကို ကိုလင်း မြတ်က  “အခုခေတ်က ဘယ်နားကြည့် ကြည့် သရုပ်ဆောင်သစ်တွေ ချည်းပဲ။ အဲဒီတော့ ကိုယ့်ဘက်နေ အတတ် နိုင်ဆုံး အရုပ်အကျထက် အိုက်တင် ပိုင်းကိုရော၊ ကိုယ့်ရဲ့ ကာရိုက်တာ အကောင်းဆုံး ကြိုးစားနေတယ်။ တကယ်လို့ မသိတာ၊ နားမလည်တာ ဆိုရင် ကိုယ့် အထက်က ဝါရင့်အနု ပညာရှင်တွေကို မေးဖြစ်ပါတယ်။ တစ်ခုခုဆို ပရိသတ်မကြိုက်မှာစိုးလို့ အမြဲတမ်း ဂရုစိုက်နေပါတယ်။ ပြီး တော့ ရိုက်ကွင်းတွေမှာလည်း ကိုယ့်အထက်မှဝါရင့်အနုပညာရှင်တွေက သူတို့ကို မေးရင် အကုန်လုံး သင်ပေးတယ်”လို့ ဆိုပါတယ်။

ချယ်ရီ

ဓာတ်ပုံ-Green Zone

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071