Thursday, May 7, 2026

ရန်ကုန်တိုင်းအတွင်း အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရှိ မြို့ နယ်/မြို့များအသီးသီးသို့ နေ့စဥ် အနည်းဆုံး(၁၂)နာရီ (၅၆)မိနစ်မှ အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားကို ၂၀၂၆...

မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်နေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာတွင် ယနေ့ မေ ၇ ရက်နံနက် ၇ နာရီခွဲခန့်မှစတင်၍ လျှပ်စစ် ဓာတ်အားပြတ်တောက်လျက်ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ...

အလေးချိန်(၁၁,၀၀၀ ကရက်)ရှိ တန်ဖိုးကြီးမားသော မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိသည့်...

မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေမှထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် အလေးချိန်(၁၁,၀၀၀ က ရက်)ရှိ တန်ဖိုးကြီးမားသော ပတ္တမြားတစ်ပွင့်ကိုရှာဖွေတွေ့ရှိခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၇...

မြောက်ဥက္ကလာရှိ ဗေဒင်ဆရာနေအိမ် ဓားပြတိုက်မှု ကျူးလွန်သူ...

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ၊ ၂ ရပ်ကွက် ၊ သုဇိတာ ၇ လမ်းတွင်ရှိသည့်ဗေဒင်ဆရာနေအိမ်ကို ဓားမြတိုက်သည့် ကျူးလွန်သူ ၃ ဦးကို...
HomeMyanmar Theatrical Traditionသဘင်ညီလာခံကို ဇန်နဝါရီလထဲတွင် ပြုလုပ်မည်ဟု...

သဘင်ညီလာခံကို ဇန်နဝါရီလထဲတွင် ပြုလုပ်မည်ဟု သဘင်အစည်းအရုံး (ဗဟို) အတွင်းရေးမှူး ဦးမိုးဝင်းပြော

သဘင်အစည်းအရုံး(ဗဟို)မှ ဦးစီးကျင်းပမယ့် သဘင်ညီလာခံကို ဇန်နဝါရီလထဲမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဆိုပါ သဘင် ညီလာခံကို တက်ရောက်နိုင်ဖို့အတွက် မြန်မာနိုင်ငံအနှံ့မှာ ဖွဲ့စည်းပြီးခဲ့ပြီဖြစ်တဲ့ တိုင်းသဘင်အစည်းအရုံး၊ မြို့နယ် သဘင်အစည်းအရုံးများထံကိုလည်း သဘင်(ဗဟို)မှ အကြောင်းကြားစာများ ပေးပို့နေပြီဖြစ်ကြောင်းသိရပါတယ်။

”ညီလာခံ လုပ်ဖို့အတွက် ကြွေးကြော်ခဲ့တာ ဦးမိုးတို့ပေါ့။ ဒါပေမဲ့ အခုထက်ထိမလုပ်ရသေးဘူးလေ။ အဲဒါကလည်း ဘာကြောင့်လဲဆို တော့ ဦးမိုးတို့လုပ်ဖို့ ရွေးချယ်လိုက်တဲ့လတွေမှာ အဲဒီအချိန်တွေက ပွဲတွေဇာတ်တွေ တအားကလို့ကောင်းတဲ့ အချိန်တွေ ဖြစ်နေတယ်။ ဒီဇင်ဘာလကလည်း ဇာတ်ရာသီချိန် ဆိုင်းရာသီချိန်တွေဖြစ်နေတယ်။ ဒါပေမဲ့ ဇန်နဝါရီလထဲမှာတော့ မဖြစ်မနေလုပ်တော့မှာပါ”လို့ ညီလာခံနဲ့ ပတ်သက်လို့ သဘင်အစည်းအရုံး(ဗဟို)အတွင်းရေးမှူးဦးမိုးဝင်းက ပြောပါတယ်။

ဇန်နဝါရီလထဲမှာတော့ ညီလာခံတစ်ရက်၊ သဘင်အစည်းအရုံး(ဗဟို) ရွေးကောက်ပွဲ တစ်ရက် ပြုလုပ်သွားမှာဖြစ်ပါတယ်။ မကြာခင်က ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ညီလာခံကိုလည်း သဘင်အစည်းအရုံး(ဗဟို)အတွင်းရေးမှူး ဦးမိုးဝင်းအနေနဲ့ တက်ရောက်ခဲ့ပြီး ရုပ်ရှင်ညီလာခံရဲ့ အတွေ့အကြုံတွေကိုလည်း ရရှိခဲ့တယ်လို့ သူကပြောပါတယ်။

”ရုပ်ရှင်ရဲ့စည်းလုံးညီညွတ်စွာနဲ့ အဖုအထစ် မရှိဘဲနဲ့ လုပ်သွားတာဟာ အင်မတန်မှတော်တဲ့ အစည်းအရုံးတစ်ခုပါ။ ဥက္ကဋ္ဌနဲ့အမှုဆောင် အဖွဲ့များ၊ ရုပ်ရှင်လောကသားများ ဟာ အင်မတန်မှ ညီညွတ်သွားတယ်ဆိုတာ တွေ့လိုက်ရပါတယ်။ ဒီအတွက်လည်း ဦးမိုးတို့ ဂုဏ်ယူချီးကျုးပါတယ်။ ဦးမိုးတို့ အနေနဲ့ ညီလာခံမှာ တင်သွင်းသွားတဲ့ကိစ္စရပ်တွေ ရှိပါလိမ့်မယ်။ မဲခွဲဆုံးဖြတ်တာတွေလည်း ရှိပါလိမ့်မယ်။ သဘင့်ရဲ့ ကိစ္စတွေ မှာ ဥပဒေပြုရမယ့် အရေးတွေလည်း ဆွေးနွေးမှာဖြစ်ပါတယ်။ ရုပ်ရှင်လည်းဥပဒေပြုရေးကို ဆွေးနွေးနေတာကြာပြီလေ။ သူတို့လည်း ပြီးတော့မယ်။ ဦးမိုးတို့လည်း သဘင်ဥပဒေပေါ်ထွက်လာရေးက သဘင်ညီလာခံကြီးက ဆုံးဖြတ်မှာဖြစ်ပါတယ်” လို့ သဘင်အစည်းအရုံး (ဗဟို) အတွင်းရေးမှူး ဦးမိုးဝင်းက ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071