Thursday, May 7, 2026

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ်...

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ဗီယက်နမ်အသင်းတို့...

မြန်မာအသင်းဟာ အုပ်စုတွင်း ရှုံးပွဲနှစ်ပွဲ ကြုံတွေ့ထားရပေမယ့် အရှေ့တောင်အာရှပြိုင်ဘက်ဟောင်း ဗီယက်နမ်အ သင်းနဲ့  ဒီကနေ့ မေ (၇)ရက် ညနေ (၄) နာ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကော့ကရိတ်မြို့နယ် ၌...

လာမည့် ဇွန်လတွင်စတင်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အ ခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများ၊ အချိန်ကြာမြင့်စွာဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများတွင် ပျက်စီးမှုများ၊...

“အဂတိနှင့် မဆင်မခြင်စီမံမှုကြောင့် နိုင်ငံတော် ဘီလီယံချီဆုံးရှုံးခဲ့ဟု...

ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလအ တွင်း နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့်တာဝန်ရှိသူ များ၏ မဆင်မခြင်မှုများကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ(၁၃)သန်းကျော်နှင့် ငွေကျပ်(၂၂၆)ဘီလီယံကျော်ဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံတော်သမ္မတက မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း...
HomeNewsLiterature Newsသတင်းစာ ၊ဂျာနယ် မဂ္ဂဇင်းတွေ...

သတင်းစာ ၊ဂျာနယ် မဂ္ဂဇင်းတွေ ဘာကြောင့် ရပ်နား သွားရတာလဲ (၃)

Di Lu Nya

ကျွန်တော်မြင်တာလေး ပြော ကြည့် ပါရစေ။ အွန်လိုင်းတွေပေါ်လာ တော့ သတင်းတွေက အလွယ်တကူ သိနေရတယ်။ သွားဖို့လာဖို့ အချိန် သိပ်မပေးရတော့ဘူး။ အိမ်မှာနေ ရင်း၊ အလုပ်ခွင်မှာနေရင်းစသဖြင့် သွားရင်းလာရင်း ဖုန်းလေးဖွင့်လိုက် တာနဲ့ သိနေနိုင်တယ်။ ပြီးတော့ e-book တွေ ရလာတယ်။ သွားလေ ရာ စာအုပ်ကြီးကိုင်သွားစရာမလိုဘူး။ ဖုန်းလေးတစ်လုံးပါတာနဲ့အဆင်ပြေ တယ်။ နောက် စာအုပ်ရဲ့တန်ဖိုး ကွာဟမှု။ ဘယ်လိုပဲဖြစ်ဖြစ် ဈေးနှုန်း နှစ်ခုက တစ်ဝက်လောက် ကွာဟနေ ကြတယ်။ ဒီ့ထက်လည်း ပိုပြီးကွာချင် ကွာမယ်။ သေချာတာကတော့ အချိန် သိပ်မပေးရ၊ ငွေသိပ်မကုန်တော့ စာအုပ်ဘက်လှည့်ဖို့ အချိန်ကို ဖုန်း ဖွင့်လိုက်တော့တာပဲ။ အချိန်မရှိလို့ ဆိုပြီး ညည်းတွားနေရတဲ့ကာလမှာ ကျွန်တော်တို့ဟာ အချိန်ပေးစောင့်ရ မယ့် အလုပ်တွေကို တတ်နိုင်သမျှ လျှော့ချလာမယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ထက် ထွန်းကား တဲ့ အနောက်နိုင်ငံမှာရော သူတို့မှာ လည်း အွန်လိုင်းမပေါ်ခင်နဲ့ ပေါ်ပြီး နောက်ပိုင်း စာအုပ်ဈေးကွက်ဟာ ကျလာတာပါပဲ။ ဒါကို စာအုပ်ထုတ် ဝေရေးကုမ္ပဏီကြီးတစ်ခုရဲ့ အကြီး အကဲ တစ်ယောက်ရဲ့အင်တာဗျူး တစ်ခုမှာ ပြောခဲ့တာကို ကျွန်တော် ဆောင်းပါးတစ်ခုမှာ ဖတ်ခဲ့ဖူးတာပါ။

ဒါဆို နောက်ထပ်ပိုပြီး ထွန်း ကားလေ စာအုပ်တွေ ပျောက်ဆုံးလေ ပဲလား။ ဒီလိုလည်း မဟုတ်ဘူးလို့ ထင်ပါတယ်။ စာအုပ်ကိုဖတ်မှရတဲ့ အရသာကို ကြိုက်နေသူတွေကလည်း ဆက်လက်ပြီး ရှိနေမှာပါ။ နောက် စာအုပ်ကို တန်ဖိုးထားမှုပေါ့။ စာအုပ် တွေကို ကိုယ့်စာအုပ်စင်လေးမှာ တွေ့ရတဲ့ခံစားမှု။ ကျေနပ် ပျော်ရွှင်မှု။ နေ့တိုင်း စာမဖတ်ဖြစ်ရင်တောင် ကိုယ့်စာအုပ်စင်လေးက စာအုပ်လေး တွေကြည့်ပြီး ရတဲ့ပီတိ။ အဲဒါတွေကို နှစ်သက်လာကြတဲ့သူတွေဟာ ရှေး တုန်းကလည်း ရှိသလို ခုလည်းရှိမယ်၊ နောက်လည်းရှိနေဦးမှာပါ။ ဒီလို အကြိုက်မတူမှုတွေက သေသေချာ ချာ ရှိနေဦးမှာမဟုတ်လား။ အပေါ် မှာ ပြောခဲ့သလို စာအုပ်ကပေးတဲ့ ခံစားမှုကိုတော့ စကားလုံးချင်းတွေတူ ပေမယ့် e-book တွေကတော့ မပေး နိုင်ဘူးလို့ ဆိုချင်ပါတယ်။

နောက်ပြီး လူတစ်ယောက်ရဲ့ ဝင်ငွေ။ ဒါကလည်း လျစ်လျူရှုထားလို့ မရဘူးလို့ ပြောချင်ပါတယ်။ အခြေခံ လစာ တစ်သိန်းကျော်။ ပျမ်းမျှတစ် ရက် လေးထောင်လို့ အကြမ်းတွက်ပါရ စေ။ အိမ်တစ်အိမ်မှာ လူတိုင်းအလုပ် မရှိနိုင်ဘူး။ ဒီ့အတွက် ငွေလေးထောင် ဟာ သူတစ်ယောက်တည်းသုံးလို့ မဖြစ်ဘူးဆိုတာ သာမန်လူတန်းစား တွေ အကုန်လုံးလို့ဆိုချင်ပါတယ်။ စာအုပ်တစ်အုပ်ရဲ့ ဈေးနှုန်းဟာ ထောင့်ငါးရာနှစ်ထောင်။ စာမဖတ်တဲ့ သူတွေ စာအုပ်ဝယ်ဖို့ လက်နှေးတာ မပြောနဲ့။ စာဖတ်တဲ့သူတွေတောင် တချို့စာအုပ်တွေကို မဝယ်နိုင်ဘူး။ စာအုပ်ဟာ ငါးထောင် ခြောက်ထောင် တစ်သောင်း စသဖြင့်ပေါ့လေ။ ကိန်း ဂဏန်းတွေနဲ့ လက်တွေ့မလေ့လာဖူး ပေမယ့် တချို့ စာအုပ်တွေရဲ့တန်ဖိုး ဟာ တချို့ တစ်နေ့ဝင်ငွေထက် ပိုလွန်းနေပါတယ်။

စာစောင်၊ စာအုပ်တွေရဲ့ စက္ကူ စာရွက်။ ဒါကလည်း ထည့်ပြောမှ ရမယ်လို့ ထင်ပါတယ်။ စက္ကူဟာ ကျွန်တော်တို့နိုင်ငံမှာ ထုတ်လုပ်နိုင် လား။ ဒါကျွန်တော်မသိဘူး။ ဗ၄ စက္ကူတွေရဲ့အိတ်မှာတော့ အင်ဒိုနီး ရှားလို့ တွေ့တယ်။ ထွက်သမျှစာအုပ် အကုန်မဟုတ်ရင်တောင် အားလုံးနီး ပါးမှာပါတဲ့ စက္ကူတွေကို ကျွန်တော် တို့ထုတ်လုပ်နိုင်ကြပြီလား။ တစ်ဆင့် ပြီး တစ်ဆင့်ဝယ်နေရတဲ့အခါ စာအုပ် ဈေးလည်း တက်လာမှာပဲ။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ဝင်ငွေရှိမှု။ နောက် ရှိတဲ့ ဝင်ငွေနဲ့ မိသားစု စားဝတ်နေရေး အတွက် ဖြေရှင်းမှုတို့ကလည်း ငြင်း ပယ်ထားလို့မရဘူး ထင်ပါတယ်။

စာမဖတ်ဘူး၊ စာမဖတ်ကြလို့ ညည်းတွားနေပေမယ့် မြို့လယ်မှာ မဟုတ်တောင် မြို့ထဲမှာစာကြည့် တိုက်မရှိဘဲ မြို့ပြင်တွေမှာသာ စာကြည့်တိုက် ရှိနေရတာကလည်း ခုလိုအချိန်ဟာ ထဲထဲဝင်ဝင် အရေး ကြီးလာတဲ့ ကာလထဲမှာ ပြောစရာ တစ်ခုပါပဲ။

____________________________________

ဒေါ်ငွေဇင်

ကျွန်မ အမြင်လေးတစ်ခု ရေးပါ ရစေ။ အွန်လိုင်းပေါ်မှာ စာရေး ဆရာတွေရဲ့စာအုပ်တွေကို free download တွေ စည်းမဲ့ကမ်းမဲ့ ပျံ့နှံ့ နေတာတွေလည်း ဘာဥပဒေမှ မရှိ ကြတော့ဘူးလား။ ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်၊ သတင်းတစ်ပုဒ်ရေးနိုင်ဖို့ အားထုတ်ရသူတွေခမျာ တန်ဖိုးထား မခံရတော့တာလည်း စိတ်မကောင်း စရာပါ။ ကျွန်မက စာမရေးပေမယ့် စာရေးဆရာတွေကို တန်ဖိုးထားသူ ပါ။ အထူးသဖြင့် ကွယ်လွန်သွားကြ ရှာပြီဖြစ်တဲ့ ဆရာကြီး၊ ဆရာမကြီး တွေရဲ့ စာကောင်းပေမွန်တွေဟာ အွန်လိုင်းပေါ်မှာ ဟင်းရွက်၊ ကန်စွန်း လို ဖောဖောသီသီကြီးဖြစ်နေတာကို တွေ့ရတိုင်း ရင်နာမိပါတယ်။ စာရေး ဆရာများဘက်ကလည်း စာတစ်အုပ် ရေးပြီးတိုင်း အွန်လိုင်းပေါ် အလကား အတင်ခံနေရမှတော့ ရေရှည်ရပ် တည်နိုင်ဖို့ ခဲယဉ်းလာလိမ့်မယ်ထင်ပါရဲ့။ စာအုပ်တွေ ဝယ်မဖတ်ကြတော့ ဘူးဆိုရင် (အားလုံးကို မဆိုလိုပါ) စာရေးခြင်းနဲ့ ဘဝရပ်တည်ဖို့မဖြစ်နိုင် တော့ရင် စာရေးဆရာကောင်း၊ စာကောင်းတွေ မျှော်လင့်လို့ ရပါဦးမလား။ ကျွန်မတွေးကြည့်မိနေတာတွေပါ။

____________________________________

စည်သူ

အဓိကကတော့ စီးပွားရေး ကြောင့်လို့ထင်ပါတယ်ဆရာ။ နောက် တစ်ချက်က လူငယ်တွေမှာ စာဖတ်ဖို့ အချိန်မရှိတော့ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ နယ်မှာဆိုရင် နေ့စဉ် ထုတ် သတင်းစာ သုံး၊ လေးမျိုးကိုပဲ ဖတ်ကြတာများပါတယ်။ ဒါကလည်း တစ်စောင် ၂၅ဝ ကျပ် ဖြစ်နေလို့ပါ ။ ၆ဝဝ ကျပ် ပေးရတဲ့ ဂျာနယ်အများစု က ဆိုင်မှာပဲ ကျန်နေတာ များပါတယ် ဆရာ။ စာဖတ်ဖို့အကောင်းဆုံးအရွယ် တွေဖြစ်တဲ့ အသက် ၂၅ နှစ်ကနေ ၃၅၊ ၄ဝ နှစ်အကြား လူလတ်ပိုင်း အများစုက တခြားမြို့တွေ၊ တခြား နိုင်ငံတွေကို အလုပ်ထွက်လုပ်နေကြ ရတဲ့အတွက် အသီးသီးသော မြို့ လေးတွေမှာ စာဖတ်သူတွေ ရှားပါး လာတာလည်း ပါပါတယ်ဆရာ။ စာဖတ်မျိုးစေ့ ရင့်သန်စေမယ့် ကျောင်းစာကြည့်တိုက်ဆိုတာတွေ ကလည်း အပေါ်ယံရွှေမှုန်ကြဲထား တာ တစ်ချက်အပါအဝင်ပါပဲ ဆရာ။ လူငယ်တွေက ကျောင်းစာ ၊ လူလတ် ပိုင်းတွေက ဝမ်းစာ၊ သက်ကြီးရွယ် အိုတွေက သံသရာစာဖြစ်နေကြတဲ့ အချိန်မှာ ဥာဏအားကိုး ဖြစ်စေမယ့် ရသစာပေတွေဘက်ကို ခြေဦးမလှည့် နိုင်ကြတော့ပါဘူး ဆရာ။ ဒီတော့ စာဖတ်သူကို အားပြုနေရတဲ့ စာ စောင်တွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ နားကြ ၊ ရပ်ကြ ဖြစ်ကုန်ကြရတယ် လို့ ထင်ပါတယ် ဆရာ ။ ဒါတွေကို တစ်ကျော့ပြန် အားကောင်းမောင်း သန် ပြန်ဖြစ်လာဖို့ဆိုရင် လက်ရှိ သင်ကြားနေတဲ့ ပညာရေးစနစ်မှာ ဘာတွေချို့တဲ့နေလဲ။ လူတစ်ဦးချင်းစီ ရဲ့ လုပ်အားခတွေ လုံလောက်မှုရှိရဲ့ လား။ ကိုယ့်နိုင်ငံအတွင်းမှာ အလုပ် အကိုင်အခွင့်အလမ်းတွေ ဘယ် လောက်ထိ ဖန်တီးပေးနိုင်မလဲ အစရှိ တဲ့ အချက်ပေါင်းများစွာကို အားလုံး အတူတကွ အဖြေရှာကြဖို့ လိုမယ်ထင် ပါတယ် ဆရာ။ နိုင်ငံအတွက် ဘဏ္ဍာ ရေး လိုအပ်ချက်ဆိုတဲ့အကြောင်း ပြချက် တစ်ခုတည်းနဲ့ ထုတ်ဝေနေတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေ အပေါ်မှာလည်း အခွန်တိုးကောက်ဖို့ မသင့်ဘူးလို့ ထင်ပါတယ်။ ဘယ် လောက်အထိ စာပေချစ်စိတ်ရှိတဲ့ ထုတ်ဝေသူဖြစ်ဖြစ် ရေရှည်သွားနိုင်ဖို့ အတွက် အကျိုးအမြတ်ကိုတော့ ဆန်းစစ်ကြရစမြဲပါဆရာ။ အထက် မှာ ပြောခဲ့သလို စာပေယဉ်ကျေးမှု တစ်ကျော့ပြန် အားကောင်းမောင်း သန်ဖြစ်ဖို့ဆိုရင် အစိုးရဘက်ကလည်း စာပေနဲ့ပတ်သက်လို့ ထိုက်သင့်တဲ့ ဖြေလျော့မှု၊ ထိုက်သင့်တဲ့ ထောက်ပံ့မှု တွေ လုပ်ပေးဖို့လိုပါမယ် ဆရာ။ တစ်ပြိုင်နက်တည်း နိုင်ငံရဲ့စီးပွားရေး ကို အခုထက်ပိုပြီး တောင့်တင်းခိုင်မာ အောင်လုပ်ရင်း ကိုယ့်တိုင်းပြည် အတွင်းမှာပဲ အလုပ်အကိုင်အခွင့် အလမ်းတွေ များများဖန်တီးပေးနိုင် မယ်၊ လုပ်အားခတွေ ထိုက်ထိုက်တန် တန်ပေးနိုင်မယ်ဆိုရင် သတင်းစာ ၊ ဂျာနယ်၊ မဂ္ဂဇင်း စတဲ့ စာပေနဲ့ ဆက်စပ်မှုမှန်သမျှတွေက ရပ်နားရ ခြင်းအဖြစ်က ကင်းဝေးနိုင်သလို အခုထက်လည်းထုတ်ဝေနိုင်ကြလိမ့် မယ်လို့ ထင်မိပါတယ်ဆရာ။
(ဉာဏ်မီသလောက်ပဲ ပြောပြမိတဲ့ အတွက် အမှားတစ်စုံတစ်ရာပါသွား ခဲ့ရင် ခွင့်လွှတ်သည်းခံပေးပါဆရာ။)

____________________________________

မိုးကျော်စိုး (မကွေး) 

နယ်မြို့ကြီးမှာ စတိုးနဲ့ တွဲဖွင့်တဲ့ စာအုပ်ဆိုင်​ နှစ်ဆိုင်​သုံးဆိုင်​​သေချာပေါက်​တင်ထားတယ်​ဆိုတဲ့ စာအုပ်တစ်အုပ်​ ဒုက္ခခံသွားရှာတာမရှိဘူး ငြင်းလွှတ်တယ်​​။ နောက်မှပြန်ရှာဝယ်ရတယ်​။ ကျွန်တော်တို့ ငယ်ငယ်က စာအုပ်​ဖတ်ချင်စိတ်ကို လှုံ့​ဆော်ပေးခဲ့တာ စာအုပ်ဆိုင်တွေက အဓိက​နေရာက ပါဝင်ခဲ့တယ်​။ အခုက ကြိုတင်မှာထားမှ အရေအတွက်​အတိအကျနဲ့​တင်ရောင်းကြတယ်​။ ဘယ်အချိန်​​ဖော်ပြမယ်​ မသိတဲ့ စာမူလေးအတွက်​ စာရေးသူဟာ သတင်းစာ၊ ဂျာနယ် တစ်လစာ ကြိုတင်ငွေချေထားရပါတယ်​။ တခြားအကြောင်း အကြောင်းတွေလည်း ရှိမယ်လေ။

____________________________________

Zaw W Than

comment တွေကို ဖတ်ကြည့် တဲ့အခါ online ကိုပဲ ရမယ်ရှာပြော တာတွေ့ရတယ်။ ဟုတ်ပြီ၊ online သုံးတဲ့ကလေးတွေ သူတို့ online ပေါ်က စာပေတွေ ဖတ်နေလို့လား။ ဒါကြောင့်ပဲ online ပေါ်က စာပေ၊ ဂျာနယ်တွေ အလွယ်တကူရနေလို့ ဖတ်နေရလို့ စာစောင်တွေ အလုပ် မဖြစ်တော့တာလား။ လုံးဝမဟုတ်ပါ။ စာပေကို ဖတ်ရကောင်းမှန်းကို မသိတာပါ။ သူတို့သုံးတဲ့ online က တခြားပါ။ စာအုပ်စာပေရှာတာ၊ ပညာရှာတာမဟုတ်။ ချစ်ရေးချစ်ရာ ကို အခြေခံပြီး သုံးကြတာပါ။

____________________________________

Mal Saw

ဆိုလိုတာက online ပေါ်မှာ အချိန်ဖြုန်းမိတာရယ်၊ သတင်းတွေ ကိုအလွယ်တကူဖတ်နေတာရယ် စသည်ဖြင့် တစ်စိတ်တစ်ဒေသ သက် ဆိုင်နေတာကိုဆိုလိုချင်တာပါ။ လိုင်း ပေါ်မှာအချိန်ဖြုန်းမိနေတော့ နောက် မျိုးဆက်က စာပေကို ဖတ်ရကောင်း မှန်း မသိကြတော့တာပါ။ online ကိုအခြေခံပြောနေတာကလည်း လူငယ်တွေကိုပဲ မရည်ရွယ်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်လည်း online မှာ တက်လာသမျှဖတ်ရင်း အချိန်ကုန် နေတဲ့အခြေအနေမျိုးဖြစ်နေလို့ပါ။ ဒီ့ထက်ပိုကောင်းတာကို ကျွန်တော်တို့ မလိုချင်တော့တာလား။ မရှာနိုင် တော့တာလား။ အခုခေတ်လူငယ် တော်တော်များများပေါ့ဗျာ။ သူတို့ ရှေ့မှာ ဘယ်လောက်ကောင်း ဘယ် လောက်တန်ဖိုးရှိတဲ့ စာအုပ်တွေ ချထားချထား ဘယ်သူမှကောက်ကိုင် ဖို့ မစဉ်းစားဘူး။ သူတို့ဖုန်းနဲ့သူတို့ လိုင်းဖွင့်ပြီး လိုင်းပေါ်မှာ စီးမျောနေ မှာပဲ။ နောက်တစ်ချက် ခေတ်ရဲ့အရွေ့ လို့ ပြောရမလားမသိဘူး။ ဆရာတို့ ကျွန်တော်တို့ ကြိုက်ခဲ့ကြတဲ့ အလေး အနက်ထားခဲ့ကြတဲ့ မာယာကော့ဖ်ကီး ရဲ့ ကဗျာမျိုးကို သူတို့ကိုပြကြည့် စိတ် မဝင်စားဘူအး။

ဘောင်းဘီဝတ်မိုးတိမ် ဖတ်ခိုင်း ကြည့်၊ စိတ်မဝင်စားဘူး။ ဆရာမြသန်း တင့် ဝတ္ထုတွေပေးဖတ်ကြည့်၊ စိတ် မဝင်စားဘူး။ ဒါပေမဲ့ သူတို့ဟာ လိုင်းပေါ်မှာ ကဗျာတွေရေးတယ်။ ဝတ္ထုတွေလည်းရေးပါတယ်လို့ ပြော တယ်။ အဲ့ဒီတော့ ဆရာတို့ ကျွန်တော် တို့ပဲ ”ခေတ်နဲ့အံလွဲနေတာလား။ နောက်ကျခဲ့ပြီလား။ စာမဖတ်တဲ့သူ တွေကပဲအံလွဲနေတာလား။ တစ်ခုခု တော့ လွဲနေပြီပေါ့ဗျာ။

နည်းပညာရဲ့ တိုက်စားမှုနဲ့ ခေတ်ရဲ့ အရွေ့ထဲမှာ သတင်းစာ ဂျာနယ်မဂ္ဂဇင်းဆိုတာတွေပြန်လည် ဦးမော့လာဖို့ ဘယ်လိုနည်းလမ်းတွေ ရှာဖွေရမယ်ဆိုတာလည်း တော် တော်ခက်လိမ့်မယ်ထင်တယ်။

တစ်ချိန်ချိန်မှာတော့ Print Media ကဏ္ဍ ပြန်လည်ဖွံ့ဖြိုးပြီး ရပ်တည်လာနိုင်လိမ့်မယ်လို့ မရဲတရဲ မျှော်လင့်မိပါတယ်။ တကယ်လည်း စိတ်မကောင်းဖြစ်မိပါတယ်။

____________________________________

Maung Yoe (ရိုးဖွဲ့အိမ်)

ဥာဏ်မီသလောက် ပြောပါရစေ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က စာအုပ်ဆိုင်ယဉ်ကျေးမှုထွန်းကားခဲ့ တယ်။ ကျွန်တော်တို့စာဖတ်သူတွေ မက်မက်စက်စက် ခုံမင်ခဲ့တယ်။ လစဉ်မဂ္ဂဇင်းဆိုလည်း သူ့ထက်ငါ ဦးအောင် ငှားယူခဲ့ကြတယ်။ အဲဒီကာ လက အင်တာနက် မထွန်းကားသေးဘူး။ VCD/DVD အခွေငှားဆိုင် တွေပဲ ရှိကြသေးတယ်။ နောက်တော့ အိမ်တိုင်းဖျော်ဖြေခံ ပစ္စည်းတွေ ရှိလာတယ်။ ဂိမ်းဆိုင်တွေ ပေါ်လာတယ်။ အဲဒီလို အလျှိုလျှိုပေါ်လာတယ်။ စာအုပ်ဆိုင်တွေ ပြိုလဲလာတယ်။ နောက် ပျောက်ဆုံးသွားတယ်။ စာဖတ်သူတွေကတော့ စာကြည့်တိုက်ကို ပြေးရတယ်။ မြို့ပြရောက်မှသာ ဖတ်လိုတာ အပိုင်ဝယ်ဖတ်ရတော့တယ်။ ပြောချင်တာက ကျွန်တော်တို့ လူမျိုးတွေ အပျော်အပါး ပိုမင်လာကြ တာလည်း ပါမယ်ထင်ပါတယ်။

ပြီးတော့ စာအုပ်ဆိုင်တွေ ပြိုလဲ သွားတာဟာ မဂ္ဂဇင်းစာအုပ်တွေ ရပ်ဆိုင်းသွားရစေတဲ့ အကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။ ဘာကြောင့် စာအုပ်ဆိုင်တွေ ပြိုလဲသွားပါသလဲ လို့မေးရင် ကျွန်တော်အလိုလို နာကျင်မိနေပါတယ်ဆရာ။

သူများနိုင်ငံတွေမှာ ခေတ်မီ အသုံးအဆောင်တွေ၊ ဖျော်ဖြေခံ ပစ္စည်းတွေ မိုးပျံနေပေမယ့်၊ စာအုပ် ဆိုင်တွေ ပန်းပန်တုန်း၊ စာကြည့်တိုက် တွေ ထွန်းကားတုန်း၊ လမ်းဘေး Little Library တွေ ခံ့ထည်တုန်း၊ စာဖတ်သူဦးရေ များပြားတုန်း၊ ကျွန်တော်တို့နိုင်ငံမှာ နာမည်ကြီး စာရေးဆရာရဲ့ စာအုပ်အရေအတွက် အုပ်ရေ ၁ဝဝဝ ကို မနည်း ရောင်းကုန် ရအောင် ကြိုးစားနေရတာတွေဟာ ရင်နာစရာတွေပါပဲဟု အံကျိတ်ပြီး ဒီ စာကိုရေးလိုက်ပါတယ်။ ကျွန်တော်က လက်ရှိ စာဖတ်ရှိန်မြှင့်တင်ရေး ခရီး ရှည်အတွက် အလင်းခတ်သံ စာပန်း ဥယျာဉ်အဖွဲ့ကိုဦးဆောင်ပြီး လစဉ် ရရှိ အလှူငွေနဲ့ စာကြည့်တိုက် ဖွံ့ဖြိုးမှု ထောက်ပံ့ရေး လုပ်ဆောင်နေပါ တယ်။

____________________________________

ချိုချိုဝင်း

ငယ်ငယ်က ကြိုက်ခဲ့တဲ့​ဆောင်ပုဒ်လေးရှိတယ်​။ ”စာအုပ်​စာ​ပေ လူ့ မိတ်​​ဆွေတဲ့။” ကျွန်​မသ​ဘောကျမိတဲ့ စာစု​လေးပါ။ ငယ်​ငယ်​ကစာအုပ်​ဆိုင်​​တွေ့ရင်​ဝင်​ငှားဖြစ်​တယ်​။ ကာတွန်း၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ်​တစ်​နေ့ကို ၂ အုပ်​ ၃ အုပ်​အထက်​ချည်းပဲ။ အိမ်​က​မောင်​နှမ လူစုံဖတ်​တယ်​။

ငယ်ငယ်က စိတ်ကူးလေး တစ်ခုရှိခဲ့သေးတယ်​။ စာအုပ်ဆိုင်လေးဖွင့်​မယ်​။ ကိုယ်တိုင်လည်း​ရေးမယ်ပေါ့။ ​ခေတ်ကပဲ သစ်လွန်းသွားတာလား၊ စနစ်ကြီးကပဲ​ ကောင်းလွန်းသွားတာလား၊ ကျွန်မမပြောတတ်ဘူး။ စာအုပ်ဆိုင်တွေ​ ပျောက်ကုန်တာတော့ ကျွန်မသေသေချာချာ သိလိုက်ရတယ်​။ ဆိုရှယ်​မီဒီယာလို့​ခေါ်တဲ့ online ​ကြောင့်​လား၊ ပညာရည်​မဝ တဲ့ ဘဝ​တွေ​ကြောင့်​လားဆိုတာ အသေးစိတ်​မ​ပြောတတ်​။ ကျွန်​မ ဆန်းစစ်​​လေ့လာ မိခဲ့တဲ့အသံ​လေး​တွေကို​တော့ ပြန်မျှဝေချင်​ပါတယ်​။ ကျွန်​မကိုယ်​ကျွန်​မ အရင်​မေးပါ တယ်။ ဖုန်းသုံးတာ ဘာအတွက်​လဲ။

ဒီ​မေးခွန်းအတွက်​ အ​ဖြေက ရိုးရှင်းနိုင်​ပါတယ်​။ ကဗျာ​တွေ​ရေးချင်​တယ်​။ စာ​တွေဖတ်​ချင်​တယ်။ ​ သတင်း​ တွေသိချင်​တယ်​။အို​ကေ ဟုတ်​ပြီ၊ ဘာ​ကြောင့်​စာအုပ်​​တွေဝယ်​မဖတ်​လဲ၊ သတင်းစာ​တွေ ဂျာနယ်​​တွေမဖတ်​လဲလို့ ပြန်​​မေးခွန်းထုတ်​နိုင်​ပါတယ်​။

ကျွန်​မဖတ်​ပါတယ်​။ သတင်း ဂျာနယ်​အများစုက အွန်​လိုင်းမှာ သိ ပြီးသား​တွေများပါတယ်။ ​ဒီစာ​ပေ မီဒီယာစည်းကမ်း​တွေကို ကျွန်​မပြန်​​လေ့လာတယ်​၊ ပြန်​သုံးသပ်​ကြည့်​ တယ်​၊ ခြားနားချက်​လို့ယူဆရတဲ့အရာ က သတင်းချင်းတူတယ်​၊ ရသမတူ ဘူး။ ပွင့်​လင်းမှုလည်းကွာဟတယ်​။ လိုအပ်​ချက်​လို့ယူဆမိတဲ့ အရာ ကတော့ လွတ်​လပ်​စွာတင်​ပြခွင့်​လို့ ကျွန်​မထင်​မြင်​မိပါတယ်​ဆရာ။

ဝင်ရောက်ဆွေးနွေးပေးသူ စာဖတ်ပရိသတ် များ၊ စာရေးဆရာ၊ ဆရာမ၊ ကဗျာဆရာ၊ ဆရာမများအားလုံးကို အထူးကျေးဇူးတင် ရှိပါတယ်။
လေးစားစွာ

ညိုသစ်ငယ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071