ကိုရီးယား အဆိုတော်အဖွဲ့ BTS က စံချိန်နောက်တစ်ခု တင်လိုက်ပါပြီ။ Billboard Hot ၁ဝဝ မှာ နံပါတ် ၂၈ နေရာရရှိထားသလို အခုလည်း “Love Yourself:Her” အယ်လ်ဘမ်နဲ့ နံပါတ် ၁၄၈ နေရာကို ရရှိခဲ့ပြန်ပါတယ်။ နောက်ထပ်အောင်မြင်မှုတွေကတော့ “World Albums Chart” မှာ နံပါတ် (၁) ချိတ်ခဲ့ပြီး Artisit ၁ဝဝ မှာ နံပါတ် ၁၂ ၊ Independent Albums မှာ နံပါတ် ၃၆ ၊ Canadian Hot ၁ဝဝ မှာ နံပါတ် ၇၄ နဲ့ Canadian Album Chart မှာ နံပါတ် ၂၂ နေရာတို့ကို ရရှိထားပါတယ်။ ဂုဏ်ယူပါ တယ် BTS ရေ။