Thursday, June 26, 2025

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့ လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံ...

လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံကြည်မျှော်လင့်ထားသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့...

ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ပူတင်...

ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် တူရကီသို့လာရောက်ရန် သဘောတူပါက မိမိလည်း တူရကီသို့ လာရောက်ရန် အဆင်သင့်ရှိကြောင်း အမေရိကန်သမ္မတ...

ဂျာမနီနှင့် ဖင်လန်နိုင်ငံတို့မှ ကြက်ခြေနီအသင်းများက ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများလွှဲ...

ဂျာမနီနိုင်ငံကြက်ခြေနီအသင်းနှင့် ဖင်လန်နိုင်ငံကြက်ခြေနီအသင်းတို့မှ မြန်မာနိုင်ငံကြက်ခြေနီအ သင်းကဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌အသုံးပြုရန် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများကို လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများအား ရန်ကုန်လေဆိပ်တွင် ဇွန် ၂၆...

မကြာမီရက်ပိုင်းအတွင်း အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အမျိုးသမီး...

၂၀၂၆ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဇွန်(၂၉) ရက်၌ စတင်ကျင်းပတော့မည်ဖြစ်တာကြောင့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် မိုးထဲရေထဲ အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုခြေစစ်ပွဲစဉ်တွင်...
HomeCelebrities' Newsပြိုင်ပွဲတိုင်းကို ယှဉ်ပြိုင်နေမယ့်အစား ကိုယ့်...

ပြိုင်ပွဲတိုင်းကို ယှဉ်ပြိုင်နေမယ့်အစား ကိုယ့် talent နဲ့ ကိုက်ညီတဲ့ အလှမယ် ပြိုင်ပွဲတွေကိုသာ ပြိုင်စေချင်တယ် အဆိုတော် ထားထက်ထက်

အလှမယ်များနဲ့ Organization  တွေနဲ့ကြားမှာ သဘောထားကွဲ လွဲမှုတွေ ပြသနာတွေ များစွာ ကြုံ တွေ့လာတာကြောင့် စာချုပ်ချုပ် ဆိုတဲ့အခါမှာ နားလည်မှုရှိရှိနဲ့ နှစ်ဦးနှစ်ဖက်ညှိနှိုင်း ဖြေရှင်း သင့်တယ်လို့ထင်ကြောင်း အလှမယ် တစ်ဦးဖြစ်သူ ထားထက်ထက်က ပြောပါတယ်။ အလှမယ်များနဲ့ Organization  တွေနဲ့ကြားမှာ သဘောထားကွဲ လွဲမှုတွေ ပြသနာတွေ များစွာ ကြုံ တွေ့လာတာကြောင့် စာချုပ်ချုပ် ဆိုတဲ့အခါမှာ နားလည်မှုရှိရှိနဲ့ နှစ်ဦးနှစ်ဖက်ညှိနှိုင်း ဖြေရှင်း သင့်တယ်လို့ထင်ကြောင်း အလှမယ် တစ်ဦးဖြစ်သူ ထားထက်ထက်က ပြောပါတယ်။  “လူတစ်ယောက်နဲ့တစ်ယောက် မတူတော့ သဘောထားကွဲလွဲမှု တွေကတော့ရှိ မှာပဲ။ Miss ဘက်မှာလည်း ရှိမယ်။ Organization ဘက်မှာလည်း ရှိမယ်။ Miss  တစ်ယောက်ကို  organization  ကရွေးချယ်ပြီဆိုရင် စာချုပ်ချုပ်တဲ့ဟာ အဓိကပါ။ Miss ဘက်ကလည်း organization တစ်ဖက်သတ်တည်း သူတို့လိုချင်တဲ့ အချက် အလက်ကြီးပဲ ဖြည့်သွင်းထားတာ ကိုကြည့်ပြီး လက်မှတ်ထိုးစရာ မလိုဘူး။ ကိုယ့်ဘက် ကလည်း ဘာလိုအပ်လဲ၊ ကိုယ်ဘာဖြည့်စွက်ချင်လဲ၊ ကိုယ်ဘယ်အပိုင်းဆို လိုက်လျော နိုင်လဲ၊ ဘယ်အပိုင်းဆို လိုက်မလျောနိုင်ဘူးလဲ။ ဒါကိုတော့ စာချုပ်မချုပ်ခင် သေချာ လေး စာချုပ်ကို နှစ်ဦး သဘောတူ ဖြည့်စွက်စေချင်တယ်။ ပြဿနာလေး တွေကတော့ လူတိုင်းမှာရှိတာပဲ။ အကယ်၍ ပြဿနာ ဖြစ်လာတဲ့အခါ Public ပေါ်မရောက်ခင် မှာ အချင်းချင်း နားလည်မှု ရအောင်လို့ တစ်ဘက်ကလည်း အလျှော့ပေး တစ် ဘက်ကလည်း နားလည်မှုပေး အဲဒီလိုညှိနှိုင်းမယ်ဆိုရင်  အကောင်းဆုံးပါပဲ” လို့ Miss Grand Myanmar၂ဝ၁၄ အလှမယ် ထားထက်ထက်က ပြောပါတယ်။

အလှမယ် ပြိုင်ပွဲတွေများစွာ ပေါ်ပေါက်လာတာကြောင့် ပြိုင်ပွဲဝင် ပြိုင်မယ့် ညီမငယ်တွေ အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သေချာ စိစစ်လေ့လာပြီးမှ ယှဉ်ပြိုင် စေချင်ကြောင်းကို အလှမယ် ထားထက်ထက်က…”ပွဲတွေ အရမ်းများ လာတဲ့ အခါ ပရိသတ်ကလည်း ဘယ်ပွဲကိုအားပေး ရမလဲမသိဘူး ဖြစ်လာတယ်။ ပွဲကြီး တာတွေလည်း ရှိသလို သိပ်ပြီး အဆင်မပြေတဲ့ပွဲ၊ မကောင်းတဲ့ပွဲ တွေလည်း ရှိတယ်။ ပွဲတိုင်းကိုလိုက်ပြီး ယှဉ်ပြိုင်နေမယ့် အစား ပြိုင်ပွဲပြိုင်မယ့် ညီမ လေးတွေကို အကြံပေးချင်တာက ကိုယ့် Talent ကဘယ်ပွဲနဲ့ဆို ကိုက် ညီလဲ။ ဘယ်ပွဲကို ကိုယ်ကအဓိက ရည်ရွယ်ပြီး သွားချင်လဲ ဆိုတာကို အဓိက ရည်ရွယ်ချက်ထားပြီး ကြိုးစားစေချင်ပါတယ်” လို့ ပြောပါတယ်။

စိတ်ဝင်တစားနဲ့ စောင့် ကြည့်မိပေမယ့် တချို့တွေကလည်း စီနီယာ အနေနဲ့ အသိအမှတ် ပြုတာမျိုးတွေ မရှိကြောင်း “ကိုယ့်ဆီမှာ ရှိတဲ့ အတွေ့ အကြုံတွေကို ပေးချင်တယ်။ တချို့ကလည်း ကိုယ့်ကိုယ် စီနီယာ တစ်ယောက် အနေနဲ့ လေးလေး စားစား ဖုန်းဆက်ပြီး အကူအညီ တောင်းတာရှိတယ်။ မေးတာရှိတယ်။ တချို့ကျတော့လည်း အဖက်တောင်မလုပ်ဘူး။ ဘာလို့ ဒီလို ဖြစ်တာလဲတော့ မသိဘူး။ Orgazination ပြောင်းတာ လည်းပါတယ်။ အချင်းချင်း သဘောထား ကွဲလွဲတာတွေလည်းရှိမှာပါ”လို့ ထားထက်ထက်က ပြော ပါတယ်။
ခိုင်ဝေလွင်၊ 

ဓာတ်ပုံ- ရဲလင်းအောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071