ချစ်သူကြောင့် စိတ်ချမ်းသာနေရတဲ့ စန္ဒီမြင့်လွင်

0
104

 ချစ်သူရှိနေပြီဖြစ်တဲ့ စန္ဒီမြင့်လွင်က သူ့ရဲ့ချစ်သူက အနုပညာလောကထဲက မဟုတ်ဘဲ အပြင် က သူတစ်ဦးပါလို့ ဖွင့်ဟဆိုခဲ့ပါတယ်။  “သူကဒီးဒီအပေါ်နားလည်တယ်။ ဒီးဒီတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ်။ သူကလည်း ဒီးဒီကို ချစ်တယ်။ ဒီးဒီကို သူတစ်ခါမှမချစ်ဖူးတဲ့ အချစ်မျိုးနဲ့ တအားချစ်တယ်။ နောက်ပြီး ဒီးဒီရဲ့ ဘဝမှာလည်း သူ့ကိုအချစ်ဆုံးပါပဲ။ ဒီးဒီထက် အရမ်းမငယ်ပါဘူး။ ရွယ်တူပါပဲ။ တစ်နှစ်လောက်ပဲ ကွာတာပါ။ သူက အေးဆေး ပါပဲ။ ဒီးဒီလုပ်ချင်တဲ့အလုပ်တွေရှိရင်လုပ်ပါ။ သူတတ်နိုင် တဲ့ဘက်က ကူညီမယ်။ သူ့အလုပ် လည်း သူအေးဆေး လုပ်နေမယ်။ ဒီးဒီလုပ်ချင်တဲ့အလုပ်တွေလုပ်၊ မလုပ်ချင်လည်းမလုပ်နဲ့။ ဒီးဒီကို ဘာမှကန့်ကွက်တာမရှိပါဘူး။ ဒီးဒီ ရဲ့သဘောပါပဲ” လို့ပြောပါတယ်။ အခုအချိန်မှာတအား စိတ်ချမ်းသာနေပြီး ဒီလိုစိတ်ချမ်းသာမှုမျိုး မရှိဖူးသေးဘူးလို့ဆိုပြီး ထူးခြားရင် ပရိသတ်တွေကို အရင်ဆုံး အသိ ပေးမှာပါလို့ စန္ဒီမြင့်လွင်ကပြော ပါတယ်။

စန္ဒီမြင့်လွင်က ဆိုဖီယာနဲ့အတူ Radio Music Festival 2017 ပွဲမှာ သီချင်းသစ်တစ်ပုဒ် သီဆိုဖော်ဖြေ ခဲ့ပြီး lesbian တွေအကြောင်းကို သီဆို ထားတာဖြစ်တယ်လို့သိရပါတယ်။ ဘယ်သူတွေပဲဖြစ်ဖြစ် အချစ်က ဘယ်သူမဆိုချစ်လို့ရတယ်ဆိုတဲ့အ ကြောင်းကို ပြောပြချင်တာပါလို့ စန္ဒီမြင့်လွင်ကပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here