Looking for something?

Explore the website

Looking for something?

Monday, June 23, 2025

ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်ကူးစက်ခံရသူ ၃၆ ဦးထပ်မံတွေ့ရှိပြီး...

ဒါကာ၊ဇွန် ၂၂ ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်ကူးစက်မှုများပြန်လည်ဖြစ်ပေါ်နေပြီး ဇွန်လ ၂၂ ရက်၊ တနင်္ဂနွေနေ့တွင် အများဆုံး စံချိန်တင်ကာ တစ်ရက်တာအတွင်း ၅ ဦး‌ေ-သဆုံး၍ ကပ်ရောဂါစတင်ချိန်မှစ၍...

ကျိုက်ထီးရိုး ဘုရားဖူးများအတွက် တောင်တက်ယာဉ်များ နှစ်ဖွဲ့ခွဲထား

မိုးတွင်းကာလတွင် ကျိုက်ထီးရိုးစေတီတော်မြတ်ကို လာရောက်ဖူးမြှော်သူများအတွက် တောင်တက်ယာဉ်များကို အလှည့်ကျ နှစ်ဖွဲ့ခွဲ၍ပြေးဆွဲပေးနေကြောင်း သိရသည်။ မိုးတွင်းကာလသည် ကျိုက်ထီးရိုးဘုရားပွဲတော် ကာလမဟုတ်သော်လည်း လာရောက်ဖူးမြော်သူများရှိသည့်အတွက် ထိုကဲ့သို့ တောင်တက်ယာဉ်များလည်း ပြေးဆွဲပေးလျက်ရှိနေခြင်း...

ထိုင်းသံရုံးမှ ကြီးမှူးကာ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ၏အကြီးဆုံးသော...

ဂျွန်လ ၂၂ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2 ၏...

အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို...

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ကမ်းနားလမ်း၌ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် အဆောက်အအုံသစ်ကို ပြီးခဲ့သည့် ဇွန်လ (၂) ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း...
HomePoemေကာက္ရုိးမီး

ကောက်ရိုးမီး

အချိန်​က အ​ကောင်းဆုံးသမား​တော်​၊
ကာလစီး​ကြောင်းထဲမှာ
တို့အားလုံးဟာ တိုက်​စားခံရ
သမိုင်းစာမျက်​နှာ မှုန်​ဝါးခံရ
ရဲ​ဘော်​တို့ရဲ့ ​သွေး​တွေ ​ခြောက်​​သွေ့ခံရ
ကြွေး​ကြော်​သံ​တွေ ကွယ်​​ပျောက်​ခံရ
သူတို့ဘက်​မှာ
အချိန်​သမား​တော်​ရှိတယ်​။

ဖင်​မှုတ်​​ပေးမှ ထထခွပ်​တဲ့
ခွပ်​လက်​ကျ ကြက်​ဖလို
အမြီးလိမ်​ချိုးမှ အလန့်​တကြား ​ပြေးတဲ့
ပခုံး​ပေါက်​ နွားအိုလို
အဲယားကလင်​ဒါက မီးတုတ်​ပြမှ နိုးတဲ့
အင်​ဂျင်​ကျ စစ်​လက်​ကျန်​ကား တစ်စင်းလို
အစာအိမ်​အ​ဟောင်း​အ​ကြောင်း
စဉ်းစားရင်း

လက်​ငုတ်​ချည်​တိုင်​အ​ကြောင်း
စဉ်းစားရင်း
အစာအိမ်​အသစ်​အ​ကြောင်း
ထည့်​သွင်းစဉ်းစားရင်း

သကြားလွှာဖုံး ကတိကဝတ်​​တွေကို
မျှော်​လင့်​​စောင့်​စားရင်း
နီ​ဖျော့​ဖျော့နှလုံးအိမ်​​တွေ
ပင့်​ကူမျှင်​​တွေ အဖုံးခံရ
အနီစပတ်​ ညာလက်​​မောင်း​တွေ
မျက်​စိ​အောက်​က ​မေ့​လျော့ခံရ
အတူ​လျှောက်​ခဲ့တဲ့

ရဲရဲ​တောက်​​ခြေ​ထောက်​​တွေ
တ​ဖြေး​ဖြေးသပ်​လျှို​သွေးခွဲခံရ
ဒီလိုနဲ့
ကောက်​ရိုးတစ်ပုံ ​လောင်​စာကုန်​​တော့
အသုံးချတတ်​သူ​တွေအတွက်
မြေသြဇာ​တွေဖြစ်

ပညာရှိဆန်​သူ​တွေက သင်​ခန်းစာရ
နှုတ်​ပိတ်​​နေသူ​တွေက နှုတ်​ပိတ်​ခံရ
တဖက်​က​တော့ ပြုံးစစ ​ခေါင်းညိတ်
‘​မြွေပွေးကို သွားစမိတာကိုး’လို့
ဝေဖန်​သူ​တွေက ​ဝေဖန်
ဝန်းရံသလိုလိုနဲ့
အဖက်​ဖက်​ချွန်​တဲ့သူ​တွေ ထူးချွန်
နာမည်​လာ​သွေးတဲ့သူ​တွေ ​သွေး
က​လေး​တွေချည်းပဲဆိုပြီး
လူကြီးလာ လုပ်​​သူ​တွေလုပ်
ဟုတ်​ခနဲ​တောက်​တဲ့ မီးအ​ရောင်​ထဲ
မြင်​ကွင်း​တွေအများကြီး
ဖြတ်​စီးသွားတယ်​။

မောင်​ထိန်​လင်း(မြို့သာ)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071