Monday, June 1, 2026

Anhui ပြည်နယ် — သဘာဝအလှ၊...

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ Anhui ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သည့် ခရီးစဉ်အတွင်း သဘာဝအလှတရားများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ခေတ်မီစက်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အောင်မြင်မှုများကို တစ်ပြိုင်နက်တည်း တွေ့မြင်ခွင့်ရခဲ့သည်။ Anhui...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ်...

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေရေးတို့နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင် ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံသမ္မတ H.E....

မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လက်ရှိရွေးကောက်ခံအစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် အိန္ဒိယနိုင်ငံက အပြည့်အဝထောက်ခံအားပေးလျက်ရှိမှုကိုဆွေးနွေး အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ယနေ့ညနေပိုင်းတွင် အိန္ဒိယနိုင်ငံသမ္မတ H.E. Smt....

​အာရှမြေမှာ ပထမဆုံးခြေလှမ်းစမည့် ဘရာဇီးလ်နောက်ခံလူ Gilmar...

​၎င်းသည် ရန်ကုန်စီးတီးအသင်းအတွက် ပထမဆုံးသော ပြည်ပကစားသမား ခေါ်ယူမှုလည်း ဖြစ်ပြီး၊ Gilmar သည် ဘရာဇီးလ်ပြည်တွင်းကလပ်များဖြစ်သည့် Trem၊ Cordino၊ Moto Club-MA၊...
HomeArticlesရန်ကုန်စီဂျေ၏ စွန့်စားခန်းများ -...

ရန်ကုန်စီဂျေ၏ စွန့်စားခန်းများ – ၂

“Citizen Journalist  ဟူသည်စင်စစ်အားဖြင့် ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးဒေါ်နွားကျောင်း နေသူသာ ဖြစ်သည်။ သို့သော်…သူ့မှာ အဖိုးတန် အမျိုးမှန်သော နိုင်ငံသားတစ်ယောက် တာဝန် သိ စိတ် အပြည့်ရှိ၏။ လက်လှမ်းမီရာ နိုင်ငံသားတို့၏ နေ့စဉ်ဘဝထဲမှ အများဘက်မူတရာများကို အများ အကျိုးအတွက် စီဂျေက ရေးသား ဖြန့်ဝေပေး “ရှဲ” Share ပေးရခြင်းမှာ စီဂျေဘဝ၏ အနှစ်သာရဟု ဆိုရပေ တော့မည်။”Citizen Journalist  ဟူသည်စင်စစ်အားဖြင့် ကိုယ့်ထမင်း ကိုယ်စားပြီး ကြီးဒေါ်နွားကျောင်း နေသူသာ ဖြစ်သည်။ သို့သော်…သူ့မှာ အဖိုးတန် အမျိုးမှန်သော နိုင်ငံသားတစ်ယောက် တာဝန် သိ စိတ် အပြည့်ရှိ၏။ လက်လှမ်းမီရာ နိုင်ငံသားတို့၏ နေ့စဉ်ဘဝထဲမှ အများဘက်မူတရာများကို အများ အကျိုးအတွက် စီဂျေက ရေးသား ဖြန့်ဝေပေး “ရှဲ” Share ပေးရခြင်းမှာ စီဂျေဘဝ၏ အနှစ်သာရဟု ဆိုရပေ တော့မည်။

စီဂျေတို့ ရပ်ကွက်ထဲတွင် “တစ် လုံးနှစ်လုံး” စာစီကုံးကြသူတွေ “နှစ် လုံးသုံးလုံး” ဖြုန်းကြ သုံးကြသူတွေ များစွာရှိကြရာ သူတို့သည် တရား ဥပဒေကို ချိုးဖောက်ထိပါး နေကြသူ များမှန်း စီဂျေကောင်းစွာ နားလည် သည်။ သူတို့ကို သက်ဆိုင်ရာမှ အရေးယူပါရန် လျှို့ဝှက်  Account  တစ်ခုဖြင့် ရေးသားဖော်ထုတ်သည်။ သို့သော်…ဘာမှဖြစ်မလာသော အခါ စီဂျေဒေါမနဿပွားရလေ သည်။ “ဘုန်းကြီးရူးနဲ့ လှေလူးတွေ့ နေကြပြီ။ သူ့အရပ်နဲ့ သူ့ဇာတ် ဖြစ်ကုန်ပြီ။ ဗွီအိုင်ပီတွေ နှာစေးရော ဂါရကုန်ကြပြီ။ မလုပ်မရှုပ် မပြုတ် ဝါဒ ခေတ်စားလာပြန်ပြီ”ဟု စီဂျေ က ညည်းသောအခါ မိတ်ဆွေတစ်ဦး က ဂန္တဝင်သြဝါဒ တစ်ရပ်ပေးလာ၏။ “ဒီမှာ သယ်ရင်း။ သူများမိုးခါး ရေသောက်ရင် ကိုယ်လည်းသောက် ရမှာပေါ့ကွာ။ မင်း…မသောက်ရင် တော့ မင်း အရူးဖြစ်မှာပဲ” “အမှန်တော့ (အိုင်တီ) ခေတ် ကြီးပေါ်ထွန်းလာလို့သာ မီးခဲပြာဖုံး ဖြစ်နေကြတဲ့ ငါတို့ စီဂျေ တွေပေါ် လွင်လာကြတာပါ။ ပေါ်လွင်လာကြ ပေမယ့် တရားဝင် သတင်းဌာနကြီး တွေက တရားဝင် သတင်းထောက် တွေလောက် မျက်နှာကောင်း မရကြ ပါဘူး။ မျက်နှာကောင်း မရတဲ့အပြင် ငါတို့ကို ထိန်းချုပ် ကန့်သတ်ထားတဲ့ ဆက်သွယ်ရေး ပုဒ်မကြီးတွေကလည်း ငါတို့စီဂျေတွေကို အမြဲတမ်း ဖြဲ ခြောက်နေကြတဲ့ တစ္ဆေကြီး တွေပေါ့ကွာ” ဟု ရန်ကုန် စီဂျေက ခြူသံပါအောင် ညည်းလိုက်ပြန်သည်။ “အကွပ်မဲ့ကြမ်း ပရမ်း ပတာဆိုတဲ့ မြန်မာဆိုရိုး စကား ရှိပြီးသားပါ သယ် ရင်း။ ဥပဒေဆိုတာ အထိမ်း အကွပ်ပါပဲ။ ဥပဒေ သာ မရှိရင် ဆိုရှယ်မီဒီယာ တွေမှာ တစ်ယောက်ကို တစ်ယောက်၊ တစ်ဖွဲ့ကို တစ်ဖွဲ့ အပြန်အလှန် ချိုး ဖဲ့ဝေဖန် ကလော် တုတ် နေကြတာနဲ့ ငါတို့ နိုင်ငံ သားတွေတစ်ခြားအကျိုး ရှိတဲ့ အလုပ်တွေ လုပ် ချိန်ရတော့မှာ မဟုတ် ဘူး။ အမှန်ကတော့ မီဒီယာဆိုတာ သုံး တတ်ရင်ဆေး မသုံးတတ်ရင်တော့ ဘေးပေါ့ကွာ”  ” ကဲ…သယ်ရင်း စကားပြော လို့ကောင်းပေမယ့် ငါ့အလုပ် လုပ်ရ ဦးမယ်။ ခွင့်ပြုဦးကွာ…” ဆိုကာ ရန်ကုန်စီဂျေသည် ယနေ့ ရေးသား လွှင့်တင်ရန် သတင်းအချက်အလက် အဟောင်းများကို စဉ်းစားရင်း လမ်း လျှောက်လာသည်။ သူ့မှာရှိသော သတင်းအချက်အလက်ဟောင်းများ က “အကောင်း” နည်းပြီး “အဆိုး” များလှသည်။ မိမိကို သတင်း ပရိသတ်ကကိုယ့်ဘဝကိုယ် မကျေ နပ်သော အဆိုးမြင်ဝါဒီ ဟု ထင်သွား နိုင်သည်။ အကောင်းရှာဦးမှ…။

အကောင်းမျှော်ဝါဒဖြင့် အကောင်းမြင်။ မြင်ပြီး အကောင်းရှာ ဖွေရန် ကြံစည် စိတ်ကူးနေဆဲတွင် စီဂျေသည် သတင်းဆန်းတစ်ခု ရ သည်။ ရပ်ကွက်ထဲရှိ မြန်မာအမျိုး  သား လူအိုကြီး ဦးဖိုးလူ၊ တရုတ် အမျိုးသား အဘိုးကြီး ဦးကြင်ဝှက်နှင့် အိန္ဒိယမျိုးနွယ် မာမူကြီး ဦးအီဆာတို့ သုံးယောက်သည် သူရဲကောင်း သုံး ယောက်ကဲ့သို့ အတွဲမိမိ၊ တရင်းတနှီး ပေါင်းသင်းဆက်ဆံ နေကြသည်ဟူ သောသတင်းတောင်း။ နံနက်စော စော လမ်းလျှောက်ထွက်ကြ လည်း အတူတူ။ လက်ဖက်ရည် ဆိုင်မှာ ထိုင်တော့လည်း အတူ တူ။ ညနေစောင်း လမ်းလျှောက် ကြပြန်တော့လည်း တုတ်ကောက် ကိုယ်စီနှင့် လက်တွဲညီညီ…။ သုံးယောက် စလုံး အသက် (၇ဝ) စွန်းစ၊ ခေါင်းမွေးဖြူ အဘိုးကြီး တွေ…။ “အင်း..ဒါဟာ ဘာသာပေါင်း စုံ ချစ်ကြည်ရေး လက္ခဏာပဲ။ မြန် မာနိုင်ငံမှာ လူမျိုးစုံ၊ ဘာသာ စုံ၊ အသားအရောင်းစုံ နေထိုင် ကြတဲ့အတွက် အားလုံးချစ်ကြည် ခင်မင်ကြရလိမ့်မယ်။ လူမျိုးချင်း မတည့်လို့ ပြဿနာပေါ်ရင် ဘေး က မဆီမဆိုင် နိုင်ငံတွေက ထ ထအော်တတ်ကြတယ်။ အသံ ကြောင့် ဖားကသေတယ် ဆိုတာ ဒင်း(သင်း) တို့လို ပါးစပ် သရမ်း တဲ့ သတ္တဝါတွေပဲ” ဟု တွေးမိ ကာ သူရရှိသောသတင်းကောင်း ကို ကမ္ဘာသိကြေငြာရန် ဆုံးဖြတ် ချက် ချလိုက်လေသည်။ “သတင်းကောင်းဆိုပြီး ဖြီးလို့ မရဘူး။ အထောက်အထား အချက် အလက် ခိုင်လုံမှ ဖြစ်မယ်” ဟု စဉ်းစားကာ စီဂျေသည် အဘိုး ကြီး သုံးယောက်ကို မသိမသာ လေ့လာအကဲခတ်တော့သည်။

စီဂျေ စိတ်ကူးက ဘာသာမတူ ၊ လူမျိုးကွဲ အဘိုးကြီးသုံးယောက် ချစ်ကြည်ရင်းနှီးမှုကို “စံပြ” အဖြစ် ကမ္ဘာက သိသွားအောင် ပုံဖော်လိုခြင်း ဖြစ်သည်။ ခက်နေ သည်မှာ အဘိုးကြီး သုံးယောက် က အေးအေးဆေးဆေး နေတတ် ကြပြီး “အင်တာဗျူး” တောင်း လျှင် ငြင်းဆန်ကြမှာ သေချာ သည်။ “အဲ့… အဘိုးကြီး သုံး ယောက်က ငယ်သူငယ်ချင်း။ ငယ် ပေါင်းအစစ်တွေတဲ့ဗျ။ သူတို့သုံး ယောက်ပဲ ရင်းရင်းနှီးနှီး ဆက်ဆံ တတ်တယ်။ တခြား အဘိုးကြီးတွေနဲ့ မပေါင်းဘူး။ ပြီးတော့.. သူတို့က စီးပွားရေး အသင့်အတင့် ပြေလည် တဲ့ မိသားစု နောက်ခံ ရှိကြတယ်။ ဦးကြင်ဝှက်ကတော့ အချမ်းသာဆုံး။ ဦးအီဆာက ဒုတိယ။ ဦးဖိုးလူကတော့ စားနိုင်သောက်နိုင်ရုံပါပဲ။ စားနိုင် သောက်နိုင်ဆို သူ့မှာပါးစပ် ပါတာ ကိုး အစ်ကိုစီဂျေရဲ့”ဟု ရန်ကုန် စီဂျေတပည့် လူလည် လူရှုပ်ကလေးက ပြောပြသည်။ အဘိုးကြီး သုံးယောက် ဓလေ့စရိုက်ကို သိနိုင်ရန် စီဂျေက တပည့်ကလေးကို လက်ဖက်ရည် တိုက်၊ ဘီယာတိုက်ပြီး စည်းရုံးတာဝန် ပေးထားသည်။

သည်ကနေ့ ညနေပိုင်း မှာတော့ စီဂျေသည် အဘိုးကြီး သုံးယောက် ထိုင်လေ့ရှိသော လက်ဖက်ရည်ဆိုင် သို့ သွားကာ လက်ဖက်ရည်သောက် ရင်း အဘိုးကြီးတွေကို အကဲခတ် သည်။ အဘိုးကြီးမှာ အင်္ကျီ၊ ပုဆိုးအဆင်နုနု၊ အရောင်လွင်လွင် ကလေးများ ဝတ်ဆင်လျှက် ဆံပင်  တွေကိုလည်း ဆီလိမ်း၍ ပိပိပြားပြား ဖြီးသင်ထားကြသည်။ တခြားအဘိုး ကြီးတွေလို ဆေးတံတွေ၊ ဆေးပြင်း လိပ်တွေ မခဲကြဘဲ၊ စီးကရက်ကလေး တွေ တဖွာဖွာနှင့် ဖြစ်ကြသည်။ “အင်း.. စိတ်ပျိုကိုယ်နုဆိုတာ ဒါပဲ။ ငါလည်း အသက်ကြီးရင် သူ တို့စတိုင်မျိုးနဲ့ နေနိုင်အောင် ကြိုးစားရမယ်” ဟု စီဂျေသည် အဘိုးကြီးတွေကို တစေ့တစောင်း ငေးရင်း အနာဂတ် စီမံကိန်းတစ်ခုကို ချမှတ်၊ ရင်ခုန်နေမိသည်။
ည ၈ နာရီလောက်တွင် အဘိုးကြီးသုံးယောက် လက်ဖက်ရည် ဆိုင်ထဲမှ အတူတကွ ထွက်ခွာသွား ကြသည်။ သူတို့နောက်ကနေ စီဂျေ က နောက်ယောင်ခံ လိုက်သွားသည်။ လမ်းမကြီး အတိုင်း သွားနေ ကြရာက လမ်းမကြီး တစ်ခုထဲသို့ ချိုးဝင်သွား ကြသည်။ လမ်းသွယ်ထဲရှိ KTV  ဆိုင်း ဘုတ်ရှိရာ နှစ်ထပ်တိုက်သို့ အရောက် တွင် အဘိုးကြီးတွေက အပေါ်ထပ်သို့ တက်သွားကြသည်။
“ထွီ… ဖွတ်ထွက်မှ တောင်ပို့ မှန်းသိတော့သကွာ။ သေကာနီးကြီး တွေက မာဆက်ကို လာကြတာကိုး …”
ရန်ကုန်စီဂျေသည် တံတွေး တ ဗျစ်ဗျစ်ထွေးရင်း တဖွဖွ ရေရွတ် မေတ္တာပို့ နေလေတော့သတည်း။

ကြူးနှစ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071