Tuesday, May 5, 2026

နည်းပြချုပ်သစ်နှင့်အတူ ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ရာသီသစ်အတွက်...

၂၀၂၆-၂၇ ရာသီ Myanmar Women League (MWL) အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းအနေဖြင့် လေ့ကျင့်ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ရာသီအတွက်...

ပြုံယမ်းအမျိုးသမီးကလပ်အသင်း ဆိုးလ်သို့ လာရောက်ကစားမည်

မြောက်ကိုရီးယား အမျိုးသမီးဘောလုံးကလပ်အသင်း နာဂိုယန်အက်ဖ်စီသည် မေလ ၂၀ ရက်နေ့တွင် တောင်ကိုရီးယားအမျိုးသမီးကလပ်အသင်း ဆူဝန်အက်ဖ်စီနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့်...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။ မေ ၄ ရက်ကပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့...

တရုတ်တွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲ၍ လူ...

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လူ ၂၁ ဦး ‌ေ-သဆုံးကာ ၆၁ ဦး ဒ-ဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်ကို သေချာစွာ...
HomePoemဒုကၡဘံုႀကီးထဲမွာ

ဒုကၡဘံုႀကီးထဲမွာ

ဒုကၡဘံုႀကီးထဲမွာ
(ငါတို့ဟာ)
ဒုက္ခကိုဖိနပ်ပါးလိုစီးပြီးလမ်းလျှောက်ကြတယ်
ဒုက္ခကိုခြေအိတ်လိုစွပ်ထားပြီးနွေးကြတယ်
ဒုက္ခကိုဘောင်းဘီရှည်လိုဝတ်ပြီးလုံနေကြတယ်
ဒုက္ခကိုသွားတိုက်ဆေးလိုတိုက်ကြတယ်
ဒုက္ခကိုလက်သည်းနီလိုဆိုးကြတယ်
ဒုက္ခကိုပဋိဇီဝဆေးလို ရောစပ်သောက်ကြတယ်။
ဒုက္ခဘုံကြီးထဲမှာ
(ငါတို့ဟာ)
ဒုက္ခကိုဈေးကြီးကြီးပေးပြီး ဝယ်ယူစားသုံးနေကြတယ်
သုခပါးပါးကိုအောက်ဆီဂျင်လို တစ်ဝကြီး
ရှူသွင်းနေကြရပြီး
ပျော်ရွှင်မှုလက်တစ်ဆစ်စာဟာ နိဗ္ဗာန်ဘုံပဲ
အညစ်အကြေးတွေတင်းကြမ်းပြည့်နေတဲ့
ခန္ဓာကိုယ်ကိုသယ်ပိုးရင်း
ဒုက္ခတောထဲကိုပျော်ပျော်ကြီးဆန့်ထွက်နေတဲ့
ဒုက္ခဘုံသားစစ်စစ်တွေလိုနေထိုင်ကြတယ်
မေတ္တာတရားကိုအရောင်ပါးပါးဆိုးပြီး ခင်းချလိုက်ရင်
ဒုက္ခတစ်ထွေးကြီးနဲ့ပိုက်ထဲမှာလူတွေ မိနေတယ်။
ဒုက္ခဘုံကြီးထဲမှာ
(ငါတို့ဟာ)

တစ်ယောက်ပခုံးသားတစ်ယောက် ကိုက်ဖဲ့စားကြ
တစ်ယောက်မျက်ခုံးမွှေးတစ်ယောက်နှုတ်ကြ
တစ်ယောက်လွတ်လပ်မှုတစ်ယောက် ချူယူကြ
တစ်ယောက်ပြေးလမ်းတစ်ယောက်
ရေဖြန်းကြ/ခဲ(ဂဲ)ချကြ
နှုတ်ခမ်းမှာပျားရည်သုတ်ပြီးအပ်နဲ့ထိုးကြ
ကိုယ်ကျင့်တရားကိုသူများကျင့်ဖို့ပဲ
လမ်းညွှန်နေကြ
မလွန်ဆန်ဝံ့တော့တဲ့
အကြောင်းတရားတွေရဲ့အောက်
အထိတ်တလန့်ကျကွဲကြ
သေကြ
ကြေကြ
ပျက်စီးကြ
ဒုက္ခဘုံကြီးထဲမှာ
အရှင်လတ်လတ်ငရဲသားတွေလို
ငါတို့တွေ။

လမင်းခ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071