ပရိသတ်တွေကို အလုပ်တွေနဲ့ပဲ သက်သေပြမယ့် ကျော်ထက်အောင်

0
131

စက်တင်ဘာလ ၁၄ရက်နေ့က ကျော်ထက်အောင်ရဲ့ မွေးနေ့ပါ။ မွေးနေ့ အလှူ အဖြစ် ရန်ကုန်နဲ့ မန္တလေးက ပရိသတ်တွေကလည်း မွေးနေ့အလှူတွေ လုပ်ပေးခဲ့ ပါတယ်။ ပရိသတ်တွေက မွေးနေ့ အလှူတွေ လုပ်ပေးတဲ့အတွက် ဂုဏ်ယူမိတယ် လို့ဆိုတဲ့ ကျော်ထက်အောင်က…စက်တင်ဘာလ ၁၄ရက်နေ့က ကျော်ထက်အောင်ရဲ့ မွေးနေ့ပါ။ မွေးနေ့ အလှူ အဖြစ် ရန်ကုန်နဲ့ မန္တလေးက ပရိသတ်တွေကလည်း မွေးနေ့အလှူတွေ လုပ်ပေးခဲ့ ပါတယ်။ ပရိသတ်တွေက မွေးနေ့ အလှူတွေ လုပ်ပေးတဲ့အတွက် ဂုဏ်ယူမိတယ် လို့ဆိုတဲ့ ကျော်ထက်အောင်က… “အသက် ၃ဝ ကျော်သွားပါပြီ။ thirty Something ပေါ့။ မွေးနေ့က ထူးထူးခြားခြား အစီအစဉ်မရှိပါဘူး။ စက်တင်ဘာလ ၉ ရက်နေ့ကတော့ ကျွန်တော့်ရဲ့ မန္တလေးက Fan တွေ က မွေးနေ့လုပ်ပေး တယ်။ ပရဟိတပွဲလေး လုပ်ပေးတာပါ။ စက်တင်ဘာ လ ၁၇ရက်နေ့ မှာတော့ ရန်ကုန်က ပရိသတ်တွေက အလှူလေး ထပ် လုပ်ပေးတယ်။ အခုလိုအလှူလေးတွေ လုပ်ပေးတဲ့ အတွက် ဝမ်းသာပါတယ်။  သူတို့ ကျွန်တော့်ကို အခုလို လုပ်ပေးတဲ့အတွက် ဂုဏ်လည်း ဂုဏ်ယူပါတယ်။ ပီတိလည်း ဖြစ်တယ်။ ကျေးဇူးလည်း အများကြီးတင်ပါတယ်” လို့ ပြောပါတယ်။

ကျော်ထက်အောင်က အနုပညာသက်တမ်း တစ်နှစ်နဲ့ တစ်လ ရှိသွားပြီဖြစ်ပြီး ဒီကာလ အတောအတွင်းမှာ ရုပ်ရှင် ဇာတ်ကား ၈ကား ရိုက်ကူးထားပြီးဖြစ်ကြောင်း သိရပါတယ်။ ရှေ့ဆက်ပြီး ပရိသတ်တွေ အတွက် အလုပ်နဲ့ပဲ သက်သေပြသွားမှာပါ လို့ဆိုတဲ့ ကျော်ထက်အောင်က… “Fan တွေအကုန်လုံးက ကျွန်တော့်ကိုဘာလုပ်လုပ် ချစ်နေကြပါတယ်။ တစ်ခါတလေ ကျရင် သူတို့ဆီက အကြံကောင်း အဥာဏ်ကောင်းတွေ လိုချင်ပါတယ်။ အကြံကောင်းဥာဏ် ကောင်းဆို တာမပေးဘူးတော့ မဟုတ်ဘူး။ ချစ်တဲ့ မျက်စိနဲ့ပဲ ကြည့်တဲ့ အတွက် ဘာလုပ်လုပ် အမှားလုပ်ရင်တောင် ချစ်မယ်ဆိုတာ သိပါတယ်။ တစ်ခါ တလေကျရင် သူတို့ဆီက ကောင်းသောဝေဖန်မှုတွေ၊ အပြုသဘော ဆောင်တဲ့ဝေဖန်မှုတွေ လိုချင်ပါတယ်။ သူတို့အတွက် ဘယ်လို ရှေ့ဆက်မ လဲဆိုတော့  အလုပ်နဲ့ပဲ သက်သေပြ သွားပါ့မယ်။ သူတို့ က ကျွန်တော့်ကို ဘယ်လို role ထားထားတယ် ဆိုတာ ကျွန်တော် သိပါတယ်။ သူတို့ ထား ထားတဲ့ role တစ်ခုအပေါ်မှာ ကျွန်တော် အကောင်းဆုံး ကြိုးစားသွား ပါ့မယ်” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here