Sunday, May 3, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeCelebrities' Newsချစ်သူနဲ့အတူ ပီဇာဆိုင် ဖွင့်မယ့်...

ချစ်သူနဲ့အတူ ပီဇာဆိုင် ဖွင့်မယ့် စိုးရန်အောင်

Soe-Yan-Aungသရုပ်ဆောင် စိုးရန်အောင်က My’s Pizza လို့ အမည်ပေးထားတဲ့ ပီဇာဆိုင် တစ်ဆိုင်ကို သြဂုတ်လ အတွင်းမှာ ဖွင့်လှစ်တော့ မှာဖြစ်ပါတယ်။ ဒီ ပီဇာဆိုင်လေး ကတော့ ကျောက်ကုန်းလမ်း၊ ရန်ကင်းမြို့နယ် မှာ တည်ရှိတာ ဖြစ်ပြီး ဒီဆိုင်ကို ချစ်သူနဲ့အတူ ပူးပေါင်း ဖွင့်လှစ်ဖြစ်တယ်လို့ စိုးရန်အောင်က ဆိုပါတယ်။ My’s Pizza ဆိုင်လေးအ ကြောင်းကိုတော့

“ဒီဆိုင်လေးဖွင့်ဖြစ်တာ ကတော့ ကော်ဖီဆိုင်လေးမှာ ကိတ်နဲ့ပီဇာပါ တွဲပြီး စားသောက်နိုင်အောင် လို့ ဒီလိုလေး ဖွင့်ဖြစ် တာပါ။ ဒီလို စီးပွားရေး လုပ် ဖြစ်တာ ကတော့ တခြား အနုပညာရှင် တွေလည်း စီးပွားရေး လုပ်ကြတယ်။ ဒါကြောင့်ကျွန် တော်လည်း လုပ်ချင်တယ်။ အစား အသောက်ပိုင်း ဆိုင်ရာကို ကျွန်တော် ကိုယ်တိုင် ကြိုက်တာရယ်၊ နေ့စဉ်ဝင်ငွေ (Daily Income) အရ ရပ်တည်ပေးမှုလေးတွေ အတွက် ဒီကော်ဖီဆိုင်လေး ဖွင့်ဖြစ်သွားတာပါ။ ကျွန်တော်ရယ်၊ ကျွန်တော့် အစ်ကို ရယ်၊ ကျွန်တော့် ကောင်မလေးရယ် သုံးယောက်ပေါင်းပြီး ဖွင့်တာပါ။ ဒီလ ၂၈ ရက်နေ့ကို  Soft Opening လေးပဲဖြစ် ဖြစ်လုပ်ပြီး ဖွင့်သွားမှာပါ” လို့ စိုးရန်အောင်က ပြောပြပါတယ်။

လတ်တလော ဖွင့်ဖြစ်မယ့် ပီဇာဆိုင်လေးကြောင့် လည်း အနုပညာ လှုပ်ရှားမှုလေးတွေ အတွက် အနည်း ငယ် အချိန်မပေးနိုင်သေးဘူးလို့ စိုးရန်အောင်က ဆိုပါတယ်။ လတ်တလော မှာတော့ အက်ရှင် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားအ တွက် အပြီးသတ် ရိုက်ကူးမှုတွေ ပြုလုပ်နေပြီး အခြား အနုပညာ လှုပ်ရှားမှုနဲ့ ဇာတ်ကား ရိုက်ကူးမှု တွေကိုတော့ သီတင်း ကျွတ်လောက်မှ သေသေချာချာ ပြန်လည် လုပ်ဖြစ်မယ်လို့ ပြောပြပါတယ်။ ချစ်သူနဲ့အတူ စီးပွားရေး အတူတူ လုပ်ဖြစ်နေတဲ့ အတွက်လည်း စိုးရန် အောင်ရဲ့ လတ်တလော အချစ်ရေး အကြောင်းအရာတွေ ကို မေးမြန်းကြည့်တော့

“ကျွန်တော့် ရဲ့အချစ်ရေးက တည်တည်ငြိမ်ငြိမ်ပါပဲ ခင်ဗျ။ ကောင်မလေး နဲ့အတူ ဆိုင်လေး လုပ်ဖြစ်တာကလည်း စီးပွားရေး တစ်ခုကို စစမ်း လုပ်ကြည့်တာပါ။ အိမ်ထောင်ပြုဖို့ကတော့ အချိန်တန်ရင်ပေါ့နော်။ အဲဒီလိုပဲ ပြောရမှာပါ ပဲခင်ဗျ”လို့ စိုးရန်အောင် ပြောပြပါတယ်။

မြတ်မိုးပွင့်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071