Looking for something?

Explore the website

Looking for something?

Thursday, June 26, 2025

ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ(EAEU)၏ လေ့ လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံ...

လက်မှတ်ရေးထိုးထားသည့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမှတစ်ဆင့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)၏ လေ့လာသူနိုင်ငံအဆင့်အထိတက်လှမ်းနိုင်မည်ကိုယုံကြည်မျှော်လင့်ထားသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့...

ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ပူတင်...

ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် တူရကီသို့လာရောက်ရန် သဘောတူပါက မိမိလည်း တူရကီသို့ လာရောက်ရန် အဆင်သင့်ရှိကြောင်း အမေရိကန်သမ္မတ...

ဂျာမနီနှင့် ဖင်လန်နိုင်ငံတို့မှ ကြက်ခြေနီအသင်းများက ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများလွှဲ...

ဂျာမနီနိုင်ငံကြက်ခြေနီအသင်းနှင့် ဖင်လန်နိုင်ငံကြက်ခြေနီအသင်းတို့မှ မြန်မာနိုင်ငံကြက်ခြေနီအ သင်းကဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌အသုံးပြုရန် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများကို လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ငလျင်တုံ့ပြန်ဆောင်ရွက်ရေးပစ္စည်းများအား ရန်ကုန်လေဆိပ်တွင် ဇွန် ၂၆...

မကြာမီရက်ပိုင်းအတွင်း အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အမျိုးသမီး...

၂၀၂၆ အမျိုးသမီး အာရှဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲပြုလုပ်ရာမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဇွန်(၂၉) ရက်၌ စတင်ကျင်းပတော့မည်ဖြစ်တာကြောင့် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းသည် မိုးထဲရေထဲ အပြင်းအထန်လေ့ကျင့်ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုခြေစစ်ပွဲစဉ်တွင်...
HomeMoviesဖန်တီးတင်ဆက်မှုပုံရိပ်သစ်တွေနဲ့ မြန်မာ့ရုပ်ရှင်လောကထဲ ဝင်ရောက်လာကြတဲ့...

ဖန်တီးတင်ဆက်မှုပုံရိပ်သစ်တွေနဲ့ မြန်မာ့ရုပ်ရှင်လောကထဲ ဝင်ရောက်လာကြတဲ့ လူငယ်ဒါရိုက်တာများ

sdfdf

လူငယ်ဒါရိုက်တာတွေဖြစ်တဲ့အတွက် သူတို့ကို လူငယ်တွေ သိကြပါလိမ့်မယ်။ အထူးသဖြင့် Music ကြိုက်တဲ့လူငယ်တွေဆို ပိုပြီးသိကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေရဲ့ ဒါရိုက်တာဘဝအစကို လူငယ်ကြိုက်သီချင်းတွေရဲ့  Music Video တွေမှာ ရိုက်ကူးရင်း ဖြတ်သန်းလာခဲ့ကြလို့ပါပဲ။ သူတို့ဟာ လေ့လာအားကောင်းတယ်။ ဖန်တီးတင်ဆက်ပုံတွေကောင်းတယ်။ ခေတ်အမြင်ရှိကြတယ်။ ကြိုးစားကြတယ်။ အခုဆိုရင် သူတို့ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ တချို့ဇာတ်ကားတွေက ပရိသတ်ရှေ့ အသုံးတော်ခံပြသပြီးပြီ။ တချို့ဇာတ်ကားတွေက ရိုက်ကူးပြီးလို့ ပြသဖို့ ပြင်ဆင်နေကြပြီ။ ဆက်လက်ရိုက်ကူးဖို့အတွက်ကိုလည်း သူတို့ဟာ အားအင်အပြည့်နဲ့ လေ့လာဆည်းပူးသင်ယူနေကြပါတယ်။ ဒါကြောင့် ယနေ့ခေတ် လူငယ်တွေကြားထဲမှာ တန်းတစ်ခုနဲ့ ရပ်တည်နေနိုင်ကြတဲ့ ဒါရိုက်တာ ဝင်းလွင်ထက်၊ ဒါရိုက်တာ အောင်မြတ်၊ ဒါရိုက်တာ အာကာ၊ ဒါရိုက်တာ ထူးပိုင်ဇော်ဦးတို့ကို သူတို့ရပ်တည်နေတဲ့ နယ်ပယ်၊ သူတို့ရဲ့ ခံစားချက်၊ သူတို့ရဲ့ စိတ်ကူးတွေ အကြောင်း စတာတွေကို မေးမြန်းတင်ဆက်လိုက်ပါတယ်။

ဒါရိုက်တာ ဝင်းလွင်ထက်
၂ဝဝ၄-၂ဝဝ၅ခုနှစ်မှာ Diploma in Computer Art  ဆိုတဲ့ကျောင်းကို စတက်ဖြစ်တာ ပေါ့နော်။ အဲဒီကျောင်းမှာ Video Editingတို့၊ Animation တို့ အဲဒီဘာသာရပ် တွေသင်ပေးတာပေါ့ နော်။ ပြီးတော့ MRTV-4 မှာ Video Editing အဖြစ် ၂နှစ်ဝင် လုပ်တယ်။ ပြီးတော့ Freelance Editor အဖြစ် အပြင်မှာလုပ်ပြီးတော့ ၂ဝ၁ဝ ခုနှစ် လောက်မှာမှ ဒါရိုက် တာစပြီး လုပ်တာပေါ့။ ဆိုတေးရဲ့ ‘မီးအိမ်ရှင်’ စီးရီးခွေကို အရင်ဆုံး စရိုက်ဖြစ်တယ်။ အဲဒီနောက်ပိုင်း Music Video တွေရိုက်တယ်။ ဇေရဲ၊ လွှမ်းပိုင်၊ မိစန္ဒီ၊ ဘန်နီဖြိုးတို့ရဲ့ Music Video  တွေနဲ့ တဖြည်းဖြည်း စလာခဲ့တာပေါ့။ အချိန်အားဖြင့် ဆိုရင်တော့ ဒါရိုက်တာစလုပ်တာ ၂ဝ၁ဝခုနှစ်က ဆိုတော့ ၇နှစ်ရှိခဲ့ပြီ။Editor ဘဝကနေစမယ်ဆိုရင် ၁ဝနှစ်ကျော် သွား ခဲ့ပြီ။  တွေစရိုက် တုန်းကတော့ ကျွန်တော့်အတွက် လွတ်လွတ်လပ် လပ်ပိုရှိတယ်။ အဲဒီ အချိန်တုန်းက ငယ်လည်းငယ်သေး တယ်။ ကိုယ် လုပ်ချင်တဲ့ဟာတွေလည်း ခေါင်းထဲ မှာ ရှိတယ်။ ပေါ့ပေါ့ပါးပါး လေးတွေ လုပ်ဖြစ်တာများတယ်။ အရမ်းခက် ခက်ခဲခဲကြီးတွေမရှိဘူး။ အခုနောက် ပိုင်းရိုက်ကူးဖြစ်တာတွေကျတော့ အခက်အခဲရယ်လို့တော့ မဟုတ်ဘူး။ ဒီ့ထက်ပိုပြီးတော့ Project  ပို ကြီးတာတွေလုပ်တယ်။ ပြင်ဆင်မှု အပိုင်းတွေ ပိုများ လာတယ်။ အချိန် ပေးရတဲ့ အပိုင်းတို့၊ ပြင်ဆင်ရတဲ့ အပိုင်းတို့မှာ Project ပို ကြီးလာတဲ့ အခါကျတော့ အခက်အခဲ လေးတွေ တော့ရှိလာ တာပေါ့။ ရုပ်ရှင်ရိုက်ရ တာကျတော့ Music Video နဲ့ သိပ်မတူဘူး။ Music Video ကျတော့ ပေါ့ပေါ့ ပါးပါးရှိတယ်။ သူမှာရှိတဲ့ Creation ကလည်း အလွန်ဆုံး ၅မိနစ်ပေါ့။ ဇာတ်လမ်း တည်ဆောက်ပုံက ကျစ်ကျစ်လျစ် လျစ်နဲ့ ဘောင်ကျဉ်းတယ်။ အဲဒီတော့ စီစဉ်ရတဲ့အပိုင်းနဲ့ ရိုက်ရတဲ့အပိုင်းမှာ ကျစ်ကျစ်လျစ်လျစ်လေးနဲ့ သပ်သပ် ရပ်ရပ်လေး လုပ်လို့ အဆင် ပြေတာ ပေါ့နော်။ ရုပ်ရှင်မှာကကျ တော့ အများကြီး ကျယ်ပြန့်သွားပြီ။ ဇာတ်လမ်းမှာကလည်း ၁နာရီခွဲ ၂နာရီလောက်ရှိတဲ့ အချိန်မှာကြည့် ရှုတဲ့လူတွေ မပျင်း အောင်၊Actor တွေရဲ့ Tempo၊ ဇာတ်လမ်းရဲ့ Tempo ပါလိုက်ပြီး တော့ ဒါရိုက်တာမှာ တာဝန်ရှိတယ်။ အ ကုန်လုံးသပ်သပ် ရပ်ရပ်လေးရှိဖို့ လိုတယ်။ နောက် တစ်ခုကကျတော့ ဇာတ်လမ်း Frame အရမ်းကျယ်ပြန့် တော့ သူ့ကိုကျစ်ကျစ် လျစ်လျစ်နဲ့ သေသေ ချာချာ Pre Production လုပ်ဖို့ Team Work လိုဟာမျိုးလည်း အကြီးကြီးလိုတာ ပေါ့။ အဲဒီတော့မှ အဆင်ပြေပြေနဲ့ ကိုယ်စိတ်ကူးထားတဲ့ အတိုင်း အကောင်းဆုံး ရိုက်လို့ ရမှာပေါ့။ ပြင်ဆင်ရတဲ့အပိုင်းရော၊ ရိုက်ရ တဲ့အပိုင်းရော၊ တာဝန်ယူရတဲ့ အပိုင်း ရော အဲဒီဟာတွေမှာ အများ ကြီးကွာ သွားတယ်။ ရုပ်ရှင်ကတော့ ပိုပြီး ကျယ်ပြန့်သွားတာပေါ့။ ရုပ်ရှင် မှာ ကျွန်တော်ရိုက်ပြီးလို့ ရုံတင်ပြီး သား ဇာတ်ကားက ‘ရည်းစားဦး’၊ နောက် တစ်ကားက ‘ဘယ်ရည်း စားကို အချစ်ဆုံးလဲ’ ရယ်ပါ။ အခု နောက် ထပ် ဒီနှစ်ပိုင်းထဲမှာ ရုံတင် ဖို့ရှိတဲ့ ဇာတ်ကားက ‘ငါ့ကိုနမ်းတဲ့ မုန်တိုင်း’ ပါ။ လွှမ်းပိုင်ရယ်၊ ရဲရင့် အောင်ရယ်၊ ဖွေးဖွေးရယ်ပါ။ အဲဒါက တော့ ဒါရိုက်တာ ၂ယောက် ပေါ့ နော်။ ကျွန်တော်နဲ့ ကိုအောင် ဇော်လင်းရယ် ပါ။ ပြီးတော့ လွှမ်းပိုင် နဲ့နောက် ဆုံးရိုက်ထားတဲ့ ဇာတ်ကား ရှိတယ်။ ‘ကိုယ်စောင့်နတ်’ဆိုတဲ့ ဇာတ်ကားပါ။ ရှေ့နှစ်ထဲ မှာရုံတင်ပြသဖို့ရှိပါတယ်။ ဒီဘက်ခေတ်မှာ လူငယ်ဒါရိုက်တာ တွေ ရုပ်ရှင်တွေ ရိုက်လာကြတယ်။ လူငယ်ပရိသတ်အကြိုက်ပုံစံမျိုးလေး တွေပေါ့။ ကျွန်တော်တို့ ဒီဘက်ခေတ် လူငယ်တွေရဲ့ အားသာချက်က တင်ဆက်ပုံပိုင်းမှာ ဒီဘက်ခေတ် အမြင်ရှိတယ်။ နည်း ပညာပိုင်းမှာ ပိုပြီးတော့ အားသာ ချက်ရှိတယ်။ အရင်တုန်းက ဒါရိုက် တာကြီးတွေကျ တော့ ကျွန်တော် တို့ မသိတဲ့အရာ တွေ၊ ကျွန်တော်တို့ မတတ်တဲ့အရာ တွေ၊ ကျွန်တော်တို့ ထက်ကောင်းတဲ့ Experience တွေ သူတို့မှာရှိတယ်။ လူငယ်တွေမှာ မရှိတာက အတွေ့ အကြုံပါ။ နောက် တစ်ခုကကျတော့ ဇာတ်လမ်းတစ်ခု လုံးနဲ့ ပတ်သက်တဲ့ ရှိသင့်တဲ့ Power မျိုးတွေမရှိဘူး။ အဲဒီတော့ လူငယ်တွေရဲ့ အားသာ ချက်နဲ့ လူကြီးတွေရဲ့ အားသာချက်ကို ပေါင်းပြီးတော့ ဖန်တီးတယ်ဆိုရင် ပိုပြီးတော့ ကောင်းလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”

ဒါရိုက်တာ ထူးပိုင်ဇော်ဦး
ကျွန်တော်က MTV တွေ Documentary ရိုက်ရင်း ကမှ ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ အစီအစဉ်ဖြစ်လာတယ်။ ဖြစ် လာတော့ ဗီဒီယိုအနေနဲ လည်း မရိုက်ချင်ဘူး။ အဲ့ဒါနဲ့ကျွန်တော် ကိုယ်တိုင်ရေးထားတဲ့’ည’ ဇာတ်လမ်း ကို ရုပ်ရှင်ဇာတ်ကားကြီး အဖြစ်ရိုက် ဖို့ ဖြစ်လာတယ်။ ကျွန်တော်တို့ ဘက်ကလည်း အကောင်း ဆုံးကြိုး စားမယ်။ ပရိတ်သတ် အားပေးမှု လည်း ထိုက်ထိုက်တန်တန် လိုချင်တဲ့ အတွက် ရုပ်ရှင်ဇာတ်ကားကြီး အဖြစ်ဖန် တီးလိုက်တယ်။ ကျွန်တော့် ရဲ့ ဇာတ်လမ်းအတွက် လိုအပ်တဲ့ သရုပ်ဆောင်တွေကို စဉ်းစားတော့ အသစ်တွေနဲ့ ဖန်တီးဖို့ဖြစ်လာတယ်။ ကျွန်တော်တို့ အနေနဲ့အနုပညာ တစ်ခုကို ပုံဖော်တဲ့အခါ ဈေးကွက် ကိုတော့ ထည့်စဉ်းစားတာမရှိပါဘူး။ ကျွန်တော်တို့ ဒီနှစ်ချီပြီး ကြိုးစားထား တယ်။ အဲ့ဒီအပေါ်မှာ ပရိတ်သတ် အားပေးမှုလိုချင်ရုံပါပဲ။ ကျွန်တော်က ရိုက်ကူးတဲ့အခါမှာ ဘယ်သူနဲ့မတူ အောင်ရိုက်မယ်။ ဘယ်လိုဖောက် ထွက်လိုက်မယ် ဆိုပြီး ရိုက်တာတော့ မဟုတ်ဘူး။ ကျွန်တော် ယုံကြည် ထားတဲ့အနုပညာခံယူချက်နဲ့ပဲ ဖန်တီး ရိုက်ကူးပါတယ်။

ဒါရိုက်တာ အောင်မြတ်
ကျွန်တော်က ဒီအလုပ်ကို ဝါသနာပါလို့သာ စလုပ်ဖြစ်ခဲ့တာ။ ရောက်လာတော့လည်း ဘာဖြစ်ရ မယ်ဆိုတဲ့ရည်ရွယ်ချက် စစချင်း တော့မရှိခဲ့ဘူး။ မရှိခဲ့ပဲနဲ့ ဒီအနု ပညာ အလုပ်လုပ်ရပြီဆိုလို့ရှိရင်ပျော် နေတာပေါ့။ ကိုယ်မလုပ် ချင်တဲ့ အရာဆိုရင် ငယ်ငယ်ကတည်း က မလုပ်ဖြစ်ဘူး။ ဒီလမ်းကြောင်း ပေါ် မှာ အလုပ်အနေနဲ့ စပြီးတော့ လုပ်ရ မယ်ဆိုတော့ ကျွန်တော်က အရမ်း ပျော်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်လုပ်ချင်တဲ့အရာကို လုပ်ခွင့်ရ တော့မယ်ဆိုတော့ အဲဒါကို အလုပ် လို့လည်းမယူဆပါဘူး။ ၇နှစ်သာရှိ သွားတယ်။ ကျွန်တော် နေ့တိုင်း အလုပ်လုပ်နေရတယ်လို့ကို မမြင်ပါဘူး။ ကိုယ်လုပ်ချင်တဲ့ဟာကို ပရိုဂျူဆာနဲ့ ဒါကိုဝိုင်းပြီးတော့ Support လုပ်ပေးမယ့်သူနဲ့ သရုပ်ဆောင်တွေနဲ့ အမြဲတမ်းပျော် နေတာပေါ့လေ။ ပြီးတော့ ကျွန်တော် ဝင်ကတည်းက ဒီလောကမှာ အသိုင်းအဝိုင်းရယ်လို့မရှိဘူး။ ဒါရိုက် တာရယ်လို့စလုပ်တော့လည်း ကျွန်တော့်ကို အနီးကပ် သင်ပေးမယ့် ဆရာရယ်လို့မရှိဘူး။ ကျွန်တော်ဖြတ် သန်းခဲ့ရတဲ့ လမ်းကြောင်း တစ် လျှောက်၊ အလုပ်လုပ်ခဲ့ရတဲ့ အတွေ့ အကြုံတစ်လျှောက်မှာ ကျွန်တော့် အတွက် ခွန်အားဖြစ်စေ မယ့်ဆုံးမ စကားတွေ၊ မှတ်သားစရာ စကား တွေကို မှတ်သားခဲ့ပြီးဖြတ် သန်းလာ ခဲ့တယ်။ ကိုဘိုဆန်းဆီမှာ စပြီးတော့ အလုပ်လုပ်တော့ ညီလေး မင်းက အနာဂတ်မှာဘာဖြစ်ချင် တာလဲ ဆိုတော့ အဲဒီတော့မှ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးစဉ်းစားကြည့်မိ လိုက်တယ်။ ငါဘာဖြစ်ချင်တာလဲပေါ့။ ကိုယ်ဖြစ် ချင်တာကိုမှ ကိုယ်မသိ သေးတဲ့ ဘဝမှာ ကျွန်တော့်ကိုယ် ကျွန်တော် Timeline တစ်ခုဆွဲဖြစ်သွားတာ ပေါ့နော်။ ဘယ်လိုပုံစံတွေနဲ့ ငါဆက် ပြီးရပ်တည်မလဲ၊ ဘယ်အလုပ် ကို အဓိကလုပ်ချင်တာလဲ။ ဘယ်ဟာ တွေကိုဆက်ပြီး တော့လေ့လာဖို့လိုလဲ ဆိုတဲ့ အသိစိတ် တစ်ခုက အဲဒီမှာ စပြီးတော့အခြေ တည် ဖြစ်တယ်။ ဆရာမပုညခင်တို့ ဆိုရင်လည်း အမြဲတမ်းကျွန်တော့်ကို စာဖတ်ဖို့ တိုက်တွန်းသလိုမျိုး ခွန် အားဖြစ်စေ မယ့် အကြောင်းအရာတွေကို ကျွန်တော့်ဘဝအတွက် ဦးနှောက်ထဲ မှာ စွဲသွားပြီးတော့မှ ထပ်ပြီးတော့ တက်လှမ်းရမယ့်လုပ် ငန်းတွေ အတွက်ကို ခွန်အား ဖြစ်စေတယ်။ ထပ်ပြီးတော့လည်း ကြိုးစားချင်စိတ် လည်း ဖြစ်စေပါ တယ်။ ပြီးခဲ့တဲ့ နှစ်တွေတော်တော် များများကတော့ Music Video  တော်တော်များများကို ရိုက်ကူးခဲ့ပါ တယ်။ အဓိက  Target ကတော့ လူငယ်တွေအတွက်ပေါ့။ လူငယ်တွေ အတွက် ရိုက်တဲ့နေရာ မှာလည်း ကျွန်တော့်အနေနဲ့ကတော့ ကိုယ် တတ်နိုင်သလောက် အထောက် အကူဖြစ်စေမယ့်၊ ခွန်အားဖြစ် စေမယ့်၊ ပေးချင်တဲ့ ရသနဲ့ Message လည်းမမှားအောင်လို့ အဓိကထား ရည်ရွယ်ပြီးတော့မှ လုပ်ဖြစ်ခဲ့ပါတယ်။ အခုနောက်ပိုင်း မှာတော့ ကျွန်တော် ကြော်ငြာနဲ့ ရုပ်ရှင်ပိုင်းကို အဓိက ထားလုပ် ဖြစ်ပါတယ်။ နောက်ပိုင်း မှာလည်း ရုပ်ရှင်ပိုင်းဆိုင်ရာကို ပိုပြီးတော့ထဲထဲဝင်ဝင်လုပ်သွားဖို့အတွက်ကို ကြိုးစားနေပါတယ်။ ဆက်ပြီးတော့ လည်း လေ့လာနေပါတယ်။ အဓိက ကတော့ ကိုယ်လုပ်လိုက်တဲ့ အရာ တစ်ခုက ကိုယ့်အတွက်တစ်ခုတည်းတင်မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့အသိုင်း အဝိုင်း၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ်တတ်နိုင်သလောက် အကျိုးတစ် ခုခုပေးနိုင်မယ်၊ Message တစ်ခုခု ပေးနိုင်မယ် ဆိုတဲ့ဟာမျိုးကို ကျွန် တော် ပိုပြီးတော့လုပ်ချင်ပါ တယ်။ ကိုယ်ကလည်း အလုပ်တစ်ခု လုပ်လိုက်ပြီဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အချိန်ပေးရသလိုမျိုး အားလည်း အများကြီးစိုက်ရပါတယ်။ ကိုယ်လုပ် ခဲ့ပြီး ကောင်းတာတစ်ခုကတော့ လူတွေအတွက် ကျန်စေမယ့် ရသမျိုး ကိုပေးနိုင်မယ့် အနုပညာ ဖန်တီး မှုမျိုးကို ဆက်လုပ်ဖို့တော့ ရည်ရွယ် ထားပါတယ်။

ဒါရိုက်တာ အာကာ
“ကျွန်တော်နိုင်ငံခြားမှာတော့ ကျောင်းတွေ၊ သင်တန်းတွေတက်ထား တာတော့မရှိပါဘူး။ ကျွန်တော် စပြီးရိုက်တာ ၂ဝ၁ဝထဲကဆိုတော့ အခုဆို ၇နှစ်ရှိသွားပြီပေါ့။ ကျွန်တော် စင်ကာပူကနေ မြန်မာနိုင်ငံ ကိုပြန် လာပြီးတော့ Arkar Production ဆိုပြီးတော့ Official  စလုပ်တာ ၅နှစ်ရှိပါပြီ။ အခု လောလောဆယ်က ဒါရိုက်တာဆို ပြီးလုပ်မယ့်သူက မရှိသေးပါဘူး။ အဓိကက Leader တစ်ယောက်အနေနဲ့ ကျွန်တော် ဝင်လုပ်တာ။ အကယ်၍ ကျွန်တော့် Team ထဲမှာ Directing  လုပ်နိုင်တဲ့လူရှိနိုင်တဲ့အခါကျရင် ဒါရိုက်တာ ဆိုတဲ့ Position ကို သူ့ကိုပေး လိုက်မှာပါ။ ကျွန်တော်က Producer ဆိုတဲ့နေရာကနေပဲ ဝင်ပြီးတော့ လုပ်ချင်တာ။ အခုလက်ရှိ အခြေ အနေမှာ Directing လုပ်မယ့် သူမရှိ သေးတာလည်းပါတယ်။ ကျွန်တော် ကိုယ်တိုင်ပဲအားလုံး Arrange လိုက်လုပ်နေရတာဖြစ်တဲ့ အတွက် ဒါရိုက်တာဆိုတဲ့ Position ကိုယူပြီး တော့ လုပ်ပေးနေတာပါ။ အဓိက ကျွန်တော်အားသန်တာက Produer နေရာကနေပြီးတော့ ဝင်လုပ်ပေး တာကိုပိုအားသန်တာပါ။ ဒီဘက် နောက်ပိုင်းမှာကတော့ ကျွန်တော်တို့ New Generation လူငယ် ဒါရိုက်တာတွေထွက်လာတယ်။ ကျွန်တော်တို့ရုပ်ရှင်ဘက်ကို ကူးလာ တယ်။ တကယ်တမ်းပြောရ မယ် ဆိုလို့ရှိရင်တော့အရှေ့က Generation လုပ်လာတဲ့ဟာက အချိန်အတိုင်း အတာ Limited တစ်ခုကို ရောက်သွား တဲ့အခါမှာ ကျွန်တော်တို့နောက်က Generation ကယူပြီးတော့ လက်ကမ်းသွားတဲ့ သဘောပါပဲ။ ကျွန်တော်တို့လူငယ်တွေချည်း ပဲဖြစ် လာတဲ့အခါမှာပိုကောင်းလာ တာမျိုး လည်းရှိသလို တချို့နေရာတွေ မှာ မကောင်းတာမျိုးတွေလည်းရှိ တတ်ပါ တယ်။ ဒါပေမဲ့ကျွန်တော့် အမြင်မှာ တော့ အခု လက်ရှိရိုက်နေတဲ့လူငယ် တွေ အကုန်လုံးကောင်းပါတယ်။ လူငယ်တွေဖြစ်တဲ့အတွက် ရူးရူး သွပ်သွပ်လုပ်ကြတယ်။ ပိုက်ဆံကို အဓိကမထားဘဲနဲ့ သူတို့လုပ်ချင် တာကို အဓိကထားလုပ်ကြ တယ်။ ထွက်လာတဲ့ Quality  ပိုင်းတွေကတော့ အများကြီးကောင်းတယ်။ အရမ်း လည်း အားရတယ်။ နောက်ပိုင်းကျ လို့ရှိရင်လည်း လူငယ်တွေရိုက်တဲ့ ဖန်တီးမှုတွေပဲဖြစ်လာမှာပါ။ ကျွန်တော်က တော့ ကျိန်းသေတယ်။ Action Type ကိုပဲ သွားဖို့များတယ်။ ငြိမ်ငြိမ် လေးရိုက် ရတဲ့ဟာတွေ အဆင် မပြေ ဘူး။ Drama ကားတွေ ဆိုအဆင်မပြေဘူး။ Action အကြမ်း ပုံစံမျိုးတွေပဲရိုက်ဖို့စဉ်းစားထား တယ်။ ကျွန်တော် အရမ်းရိုက် ချင်တဲ့ဇာတ်ကားကတော့ နောက် နှစ်နှစ် ဝက်လောက်မှပဲရိုက်ကူးဖို့ စဉ်းစား ထားပါတယ်။ အဲဒီ ကားက အခုမှပဲ စပြီးပြင်ဆင်တုန်း ဆိုတော့ ကျွန်တော့် Life အတွက် ၄ကား မြောက်ကား ဖြစ်လိမ့်မယ်။

ရဲရဲ
မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071