Friday, June 27, 2025

တရုတ် Xiaomi ကပထမဆုံးလျှပ်စစ် SUVကား၊...

ပေကျင်း၊ ဇွန် ၂၇ တရုတ်နည်းပညာကုမ္ပဏီ Xiaomi သည် ၎င်း၏ ပထမဆုံး လျှပ်စစ် SUVကား YU7 နှင့် ၎င်း၏ ပထမဆုံး...

တောင်ကြီးတက္ကသိုလ်တွင် Business Law ဒီပလိုမာသင်တန်း...

တောင်ကြီးတက္ကသိုလ်၊ ဥပဒေပညာဌာနတွင် စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ စီးပွားရေးဥပဒေဒီပလိုမာသင်တန်းကို ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်ပြီး ဝန်ထမ်းဖြစ်ပါက...

ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန် UFC ဖလိုင်းဝိတ်အဆင့်...

အမေရိကန်နိုင်ငံ၊ နီးဗားဒါးပြည်နယ် လက်ဗီးဂက်စ်မြို့ T-Mobile Arena ၌ ဇွန်၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန်...

Sri Lanka EXPO 2026...

သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ Sri...
HomeArticlesပြည်မြို့ မှပျူခေတ်တွင်တည်ထားသည့် မဟာစေတီ...

ပြည်မြို့ မှပျူခေတ်တွင်တည်ထားသည့် မဟာစေတီ ဘုရားကြီး

 

Untitled-2

ပြည် မြို့သည် ပဲခူးတိုင်း အနောက် ဘက်ခြမ်း ဧရာဝတီမြစ် အရှေ့ ဘက်ကမ်းတွင်တည်ရှိ၏။ ရခိုင်ပြည်နယ်၊ ဧရာ ဝတီတိုင်း၊ မကွေးတိုင်းတို့နှင့် ကုန်လမ်း၊ ရေလမ်းဆက်သွယ်သွားလာနိုင်၏။ သရေ ခေတ္တရာပျူမြို့ဟောင်းလည်း ပြည်မြို့နှင့် မနီး မဝေးတွင် တည်ရှိ၏။

သရေခေတ္တရာ ဒွတ္တပေါင်ဘုရင် တည် ထားခဲ့သည့် ဘုရား ပုထိုးစေတီ အများ အပြားလည်း ရှိလေ၏။ ထိုဘုရားစေတီများ ထဲတွင် အေဒီ ၆ ရာစု ပျူခေတ်တွင် တည်ထားခဲ့ သည့် ဘုရားကြီးစေတီသည် ပြည်မြို့မှ အောင် လံမြို့အထွက် ကားလမ်းဘေးတွင် တည်ရှိ၏။ ဘောဘောကြီးစေတီနှင့် တစ်ခေတ်တည်း တည်ထားခဲ့သော်လည်း အနည်းငယ် နောက်ကျ သည်ဟုဆိုလေ၏။ ဘောဘောကြီး စေတီတော် နှင့်သွင်ပြင်လက္ခဏာကွဲပြားမှုရှိ၏။ မျက်မှောက်ခေတ်စေတီတော်များ၏ ရှေ့ပြေး ပုံစံဖြစ်သည် ဟု ပညာရှင်များက ယူဆကြ လေ၏။

ဒွတ္တပေါင်မင်းကြီးတည်ထားခဲ့သော ကောင်းမှုတော်စေတီ ကိုးဆူအနက်တစ်ဆူ အပါအဝင်ဖြစ်၏။ ဘုရားရှင်၏ ဓာတ်တော် တစ်ဆူ၊ လက်ယာခြေမတော်မှဖြစ်သော ခြေ သည်းတော်ကိုထည့်သွင်းဌာပနာထားပြီးမဟာစေတီဟုဘွဲ့အမည်သမုတ်ခဲ့ကြောင်းသိရ၏။

စေတီတည် ထားစဉ်က ဖြည်းဖြည်း ဆေးဆေး တည်တော်မူသဖြင့်” ဆေးဆေး” စေတီဟု လည်းကောင်း၊ ထုထည်ကြီးမားသော ကြောင့် “မဟာစေတီ ဘုရား” ဟုခေါ်ခဲ့ကြ၏။ နောင်နှစ်ပေါင်းကြာသော် ဘုရားကြီးဟု ပြောင်းလဲခေါ်ခဲ့ကြ ပြန်၏။ ခေတ်အဆက်ဆက် မင်းနှင့် ပြည်သူတို့က ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြ၏။ ယခုအခါ ဘုရားကြီး ဂေါပက အဖွဲ့မှ အနီးကပ်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိလေ၏။ သရေခေတ္တရာ နယ်မြေများအတွင်း ရှိဘုရား ပုထိုးစေတီများအား ရှေးဟောင်း ဇုန်သတ်မှတ်ပြီး ရှေးဟောင်းသုတေသနနှင့် စာကြည့်တိုက် ဦးစီးဌာနမှ ထိန်းသိမ်းလျက်ရှိ၏။ ထိုအတူမဟာစေတီဘုရားကြီး အား လည်း ရှေး ဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာနယ်မြေ (Ancient Monumental Zone) သတ်မှတ်ထားလေ၏။ ပျူမြို့များ ကမ္ဘာ့ အမွေအနှစ်စာရင်း ဝင်ခဲ့သဖြင့် ပြည်တွင်း၊ ပြည်ပဘုရားဖူးများ အမြဲမပြတ်လာ ရောက် ဖူးမြော်လေ့လာကြ၏။

ဘုရားကြီး၏ တစ်ချို့ နေရာများတွင် ရာသီဥတုဒဏ်ကြောင့် ပျက်စီးနေမှုများ မြင်တွေ့ရလေ၏။ မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ် ဘုရားပုထိုးစေတီများအား ရေရှည် တည်တံ့အောင် ဆက်လက် ထိန်းသိမ်းစောင့် ရှောက်ရန်လိုလေ၏။ နိုင်ငံသားတိုင်းနှင့် သက်ဆိုင်ရာဌာနများမှလည်း တာဝန်ရှိပါ ကြောင်း တင်ပြလိုက်ရပါ၏။

နိုင်ထွန်း(TGI)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071