Friday, June 27, 2025

Sri Lanka EXPO 2026...

သီရိလင်္ကာနိုင်ငံ၊ စက်မှုနှင့်စွန့်ဦးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပို့ကုန်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ (Export Development Bord – EDB) တို့ ပူးပေါင်း၍ Sri...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန် အစိုးရနှင့်...

၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ...

ငလျင်ဒဏ်သင့်သူများအတွက် ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို Mytel မှတရားဝင်လွှဲ...

Mytel ၏(၇)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မန္တ လေးငလျင်ကြီးဒဏ်သင့်သူများအတွက် Mytel Mini Store များကိုလူနေအိမ်အဖြစ်ပြောင်းလဲထားသော ယာယီကယ်ဆယ်ရေးအိမ်(၃၀)ကျော်ကို ဇွန် လအစောပိုင်းက တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း...

မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန်...

မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ ၏ မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇွန် ၂၆ ရက်ညနေပိုင်းက...
HomeCelebrities' NewsRose Rider ရုပ်ရှင်ဇာတ်ကားကို...

Rose Rider ရုပ်ရှင်ဇာတ်ကားကို နှင်းဆီ အဖွဲ့သားများမှ ထုတ်လုပ်ရိုက်ကူးမှာ ဖြစ်ကြောင်း ပြောတဲ့ နေတိုး

NAY-TOနှင်းဆီအဖွဲ့သား များဖြစ်တဲ့ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေးတို့ ပါဝင်သရုပ် ဆောင်မယ့် Rose Rider ရုပ်ရှင် ဇာတ်ကားကို သြဂုတ်လထဲမှာ ရိုက် ကူးသွားမှာဖြစ်ကြောင်း သရုပ် ဆောင်နေတိုးက ပြောပါတယ်။ ဒီဇာတ်ကား အတွက် သရုပ်ဆောင် မင်းသမီးအသစ် တစ်ဦးကို ရွေးချယ် သွားမှာဖြစ်ပါတယ်။  လာရောက် လျှောက်ထားသူထဲက ၅ယောက် ရွေးချယ် ထားပြီးဖြစ်ပြီး သူတို့ကို ဇာတ်ကား အတွက် လိုအပ်တဲ့ သင်တန်းတွေ တက်ခိုင်းထားသလို၊ အားကစား လေ့ကျင့်ခန်းတွေ လည်း လုပ်ခိုင်းထားပြီး ၅ ယောက်ထဲက တစ်ဦးကို ရွေးချယ်မှာဖြစ်ပါတယ်။  ဇူလိုင်လထဲမှာပဲ စာနယ် ဇင်း မီဒီယာတွေ၊ ပရိသတ်တွေနဲ့ မိတ်ဆက် ပေး သွား မှာဖြစ်ကြောင်း သိရပါတယ်။

ဒီဇာတ်ကားကို နှင်းဆီ အဖွဲ့သားတွေက ငွေကြေးစိုက်ထုတ် ကာ ထုတ်လုပ်ရိုက်ကူး သွားမှာဖြစ်ကြောင်းကို နေတိုးက…

“ဒီဇာတ်ကား က ပြင်ဆင်မှုတွေ အများကြီးပဲ။ production ဒီဇိုင်းတွေ ကအစ ခက်ခဲတဲ့ ဇာတ်လမ်းပုံစံ မျိုး။ တင်ပြမှုတွေက မီဒီယာတွေ ကို ပြောလို့ရတဲ့ အချိန်အခါတစ်ခု သတ်မှတ် ထားတာရှိတယ်။ အဲဒီ အချိန်အခါ မဟုတ် သရွေ့ ကျွန်တော်တို့ ပြောခွင့် မရှိဘူး။ ဒီဇာတ်ကား ကို မီဒီယာကို ချပြတဲ့ အချိန်လိုအပ်တဲ့ ဓာတ်ပုံ ရှုတင်ပုံတွေ ကအစ မိမိဖေ့စ်ဘုတ် စာမျက်နှာတွေမှာ တင်သွားခွင့် မရှိဘူး။ ဒီဇာတ်ကား ထုတ်လုပ်မှုပုံစံက နိုင်ငံ တကာ ထုတ်လုပ်မှု ပုံစံမျိုးဖြစ်အောင် အစစအရာအရာ နိုင်ငံတကာ မှာလုပ်တဲ့ ပုံစံနည်း စနစ်အတိုင်း သွားထားတယ်။ အဝတ်အစားပိုင်းက အစပါဝင်တဲ့ ပစ္စည်းတွေ အကုန်လုံးက ထုတ်လုပ်ရေးက ဝယ်ပြီးသုံးတယ်။ ဝယ်လို့ရတဲ့အရာတွေပေါ့။ ဆိုက်ကယ်တွေဝ ယ်တာကိုလည်း ထုတ်လုပ်ရေး cost  ကနေ အသုံးပြု တယ်။ ရင်းနှီးမြှုပ်နှံမှု တစ်ခုပေါ့။ ဖျက်ဆီး လိုက်ရမှာတွေလည်း ပါတယ်။ နောက်တစ်ခုက ဒီဇာတ်ကားက နှင်းဆီအဖွဲ့သားတွေ စုပေါင်းပြီး တည် ဆောက်ရမယ့် ဇာတ်ကားဖြစ် နေတဲ့အခါကျတော့ ဒီဇာတ်ကား အကျိုးအမြတ်ကို ထည့်တွက်ထားတာ မျိုးမရှိပါဘူး။ ဇာတ်ကားတစ်ကားကို ရိုက်ကူးတဲ့ အချိန်မှာတော့ ကွာလတီ ပိုင်းအရရော၊ သရုပ်ဆောင်မှု အပိုင်းရရော၊ မြန်မာကြိုက် format  ထဲကို လည်း ဝင်အောင်၊ ကွာလတီပိုင်း မှာကျတော့ နိုင်ငံတကာမှာရှိတဲ့ ကွာလတီထဲ ကိုဝင်အောင် လုပ်ဖို့ရည်ရွယ် ထားခဲ့တယ်။ မရိုက်ကူးခင် pre production လုပ်ကတည်းက ကြိုးစားဖို့ လိုတယ်။ ဇာတ်ကားရိုက် ကူးပြီးမှ ကျွန် တော်တို့ ဒီလို လုပ်ထားပါတယ်လို့ ပြောတာထက် စာရင် မလုပ်ခင် ဒီရုပ်ရှင်တစ်ကားကို သူများနိုင်ငံမှာ ဘယ်လို တည်ဆောက် ကြသလဲဆိုတဲ့ ပုံစံမျိုးလေ့လာပြီးမှ ဒီဇာတ် ကားကို တည်ထားတာ ဖြစ်ပါတယ်” လို့ပြောပါတယ်။ နေတိုးက ဒီဇာတ်ကားရိုက်ကူးဖို့ အတွက် ရင်ခုန်မှုလည်းရှိနေပြီး ပရိသတ် တွေ စိတ်ဝင်စားခြင်းခံရ တဲ့ဇာတ်ကားတစ် ကားဖြစ်ကြောင်း ပြောပါတယ်။

ခိုင်ဝေလွင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071