Monday, May 4, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeDhammaအသက်အရွယ် ကြီးလာတဲ့ နောက်ပိုင်းမှာ...

အသက်အရွယ် ကြီးလာတဲ့ နောက်ပိုင်းမှာ ဘုရားတရားကို လက်ကိုင်ထားတယ် သရုပ်ဆောင် ကစ်ကစ်

Kit-Kit-3ဘုရားတရားရိပ်မှာ ခိုလှုံရတဲ့ အခါ ရုပ်စိတ် နှစ်ပါးစလုံး တည်ငြိမ် အေးချမ်းစေသလို ဘုရားတရား အလုပ်များ ကိုယ်တိုင် လုပ်ဖြစ်တဲ့ အခါ ဒါန ကုသိုလ်ပြုလုပ်ခြင်းကနေ ကြည်နူးစိတ်၊ သဒ္ဓါတရား စိတ်တို့ စိတ်နှလုံးသားထဲ ကိန်းအောင်း တည်ရှိကာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစေတယ်လို့ ဆိုသူ ကတော့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် ကစ်ကစ်ပဲ ဖြစ်ပါတယ်။ သုံးကြိမ်တိုင် ရိပ်သာဝင် သီလရှင် ဝတ်ခဲ့ရာမှ ကိုယ်တွေ့ ဘုရား တရား ယုံကြည် ကိုးကွယ်ဆည်းကပ်မှု ကောင်းကျိုး ခံစားရပုံ အကြောင်း အပါအဝင် နေ့စဉ်နေ့တိုင်း ဗုဒ္ဓဘာသာဝင်တိုင်း နည်းတူ ဘုရားရှိခိုး ကန်တော့လေ့ ရှိပြီး မေတ္တသုတ်၊ ဂုဏ်တော်ကိုးပါး၊ သမ္ဗုဒ္ဓေ တို့ကို ရွတ် ဖတ်ပွား များ ဖြစ်ကြောင်း အပြင် အနန္တော အနန္တ ငါးပါးနဲ့ ခင်ပွန်းကြီး ဆယ်ပါးတို့ကို မမေ့မပြတ်ကျေးဇူး တရား သိမြင် ကန်တော့ခြင်း ကလည်း ကောင်းကျိုး များ ရရှိခံစားစေကြောင်း သရုပ် ဆောင် ကစ်ကစ်ရဲ့ ဘုရားတရား အလုပ် ယုံယုံကြည်ကြည် လူတိုင်း လုပ်ဆောင် သင့်ကြောင်း ဓမ္မအမြင် စကားသံများ ထပ်ဆင့် ကြည်ညို သဒ္ဓါတရားပွားများကာ သာဓုခေါ် ဆိုနိုင်ဖို့ မေးမြန်း ဖော်ပြ လိုက်ရပါ တယ်။

ဘုရားတရား အမြဲလက်ကိုင်ထား

အစ်မကတော့ ဗုဒ္ဓဘာသာ မြန် မာလူမျိုးတို့ရဲ့ နေစဉ်ဘုရားရှိခိုး ကန်တော့တဲ့ ပုံစံအတိုင်းပဲ နေ့တိုင်း ဘုရားရှိခိုးတယ်။ နံနက်တိုင်းပေါ့။ ဘုရားရှိခိုးပြီးရင် မေတ္တသုတ်ရွတ် တယ်။ ဂုဏ်တော်ကိုးပါး၊ သမ္ဗုန္ဓေကို အမြဲတမ်း ရွတ်ဖြစ်တယ်။ ဒါကလည်း ခေါင်းထဲမှာ သံမှိုစွဲသလို ဖြစ်နေပြီး ကိုယ်စောင့်ဂါထာလိုပါပဲ။ ပြီးရင် သတ္တဝါ အားလုံး အတွက်လည်း အမျှပေးပါတယ်။ အသက်အရွယ် ကြီးလာတဲ့ နောက်ပိုင်းမှာ ဘုရား၊ တရားကို လက်ကိုင်ထားတယ်။ အရင်ကတော့ ဆွမ်းတော်ကပ်ပြီးရင် သတ္တဝါတွေကို ပြန်ပြီး အစာကျွေး တယ်။ အခုတော့ အစာ မကျွေးတော့ဘဲ ဘုရားစင်က စွန့်ပြီးရင် ဘုရားဆေး၊ တရားဆေး၊ သံဃာဆေး ဆိုပြီး ပြန်စားပါတယ်။ ဘုရားကုသလို ပါပဲ။ အစ်မပြန် ကျန်းမာလာတာကလည်း ဆေးကု တာအပြင် အားလုံး၊ အားလုံး သော ပုဂ္ဂိုလ်များရဲ့ ကူညီမှုကြောင့် ၊ ကျေးဇူး ကြောင့်ပါ။ ဒါကြောင့် အစ်မမှာ အားကိုးစရာ ဘုရား၊ တရား၊ အနန္တောအနန္တငါးပါးနဲ့ ခင်ပွန်းကြီး ဆယ်ပါးပဲရှိတယ်။ ဘုရား၊ တရားအမြဲ လက်ကိုင် ထားပြီး နေ့စဉ် လုပ်ဖြစ်ပါတယ်။

ရိပ်သာမှာ အလှူဒါနပြုခဲ့    

အစ်မတို့ ဒါရိုက်တာ ပြည်ဟိန်း သီဟနဲ့ “မဟာ့မဟာ လှယဉ်ကျေးမယ်” ရိုက်တုန်းက ပုပ္ပါးကို အစ်မရောက် ခဲ့တယ်။ ရွှေမန်ကျည်းတော ရိပ်သာ မှာ အစ်မတို့ တည်းခိုရတယ်။ အဲဒီရိပ် သာမှာလည်း ခုတင်မရှိဘူး။ နောက် ပြီး နွေရာသီဆိုရင် နေအရမ်း ပူတဲ့ အခါ ရေခဲရေ ခဏ ခဏ ဝယ်သောက် ရတယ်။ အဲဒီတော့ ရေခဲရေ ဝယ် သောက် ရမယ့် အတူတူ ဆိုပြီး အဲဒီ ရိပ်သာမှာ  Water Coolerတစ် လုံးလှူ တယ်။ နောက်ပြီး သံခုတင် ၂ ယောက် အိပ်တစ်လုံး၊ ခြင်ထောင်၊ ဖက်လုံးဒါလေးတွေ ကိုယ့်တစ်နိုင် လှူခဲ့တယ်။ ပုပ္ပါးက အပြန်ကျောက် ဆည်ရောက်တော့ မဟာရွှေသိမ် တော်ကြီး ဘုရားမှာလည်း ရွှေ သင်္ကန်းလှူပြီး ၇ရက်သား သမီးများ အတွက် ဆုတောင်း ကုသိုလ်ပြု ခဲ့ပါ တယ်။

သီလရှင်ဝတ်ဖြစ်တာ(၃)ကြိမ်မြောက်ခဲ့ပြီ    

အစ်မ သီလရှင်ဝတ်တာ ၃ ခေါက်ရှိပါပြီ။ နောက်ဆုံး တစ်ခေါက် တုန်းကလည်း ပုပ္ပါးက ရွှေမန်ကျည်း တော ရိပ်သာမှာ သီလရှင် ဝတ်ဖြစ် တာပါ။ စန္ဒာသီရိ ဘွဲ့နဲ့ပါ။ သီလရှင် ဝတ်ဖြစ်တာကတော့ ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးတဲ့ ကျီးမနိုးရွာ ဇာတ်ဝင်ခန်းမှာ အစ်မက အကြွေး မပေးနိုင်တော့ ကိုလူမင်းက ဆံပင်ကို ဖြတ်ယူတဲ့ အခန်းရိုက် တယ်လေ။ အဲဒီ အတွက် ကတုံးတုံးရတယ်။ အဲဒါ နဲ့ပဲ ကတုံးတုံးထားတာ အလဟဿ မဖြစ်အောင်၊ အကျိုးရှိအောင် ဆိုပြီး သီလရှင် ဝတ်ဖြစ်ခဲ့တယ်။ ဝတ်တာ ရက်တော့ သိပ်မကြာလိုက်ပါဘူး။ ပုပ္ပါးလည်း ရောက် တုန်းရောက်ခိုက် ကုသိုလ် လည်း ရအောင် ကျန်းမာရေး လေး ကောင်းတုန်းဝတ်ဖြစ်ခဲ့တာပါ။ အစ်မ ဒီလိုကျန်းမာရေး ပြန်ကောင်း ပြီး အနုပညာ အလုပ်တွေ ပြန်လုပ် နိုင်တာကလည်း အဘက် ဘက်က ဆုတောင်းပေး၊ အားပေး ပေးကြတဲ့ ပရိသတ်တွေကြောင့်ပါ။ ပရိသတ် အားလုံးကိုလည်း ကျေးဇူး တင်သလို ဘုရားရှိခိုးတိုင်း လည်း ဆုတောင်းပေး ပါတယ်။

မြတ်မိုးပွင့်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071