သရဲဆိုတိုင်း မျက်ကွင်းကြီး ညိုလိုက်လို့ မရဘူးဆိုတဲ့ Special Effect ပညာရှင် ကိုအောင်ကျော်ထွန်း

0
296

Ko Aung

လက်ရှိ ရုပ်ရှင်လောကရဲ့ ဇာတ်ကားတော်တော်များများမှာ သရဲဇာတ်ကားတွေ နေရာယူလာတာ တွေ့ရပါတယ်။ သရဲဇာတ်ကားတွေ ရဲ့သရဲဇာတ်ကောင်တွေနဲ့ ပတ်သက်လို့ မိတ်ကပ်အထူးပြုလုပ်ချက်တွေ ကို ကိုအောင်ကျော်ထွန်းတို့လို ပညာ ရှင်တွေက ပြုလုပ်ပေးကြပါတယ်။ ကိုအောင်ကျော်ထွန်းနဲ့ တွေ့တုန်း သရဲဇာတ်ကောင်တွေ အတွက်ပြု လုပ်ပေးရတဲ့ မိတ်ကပ်အထူးပြု လုပ် ချက်တွေ အကြောင်းမေးဖြစ်တဲ့ အခါ…” တကယ်တမ်းကျတော့ သရဲ ဆိုတိုင်း မျက်ကွင်းကြီး ညိုလိုက်လို့ မရဘူး။ မြန်မာပြည်မှာတော့ မျက် ကွင်းကြီး ညိုလိုက်ရင် သရဲဖြစ်သွားတာပေါ့နော်။ ကျွန်တော့်အနေနဲ့ အထူးပြုလုပ်ချက် လုပ်မယ်ဆိုရင် ဘာ ဖြစ်ပြီးတော့ သေတာလဲ။ သူက ဘယ်လိုပုံစံခြောက်မှာလဲ။ သေတာ ဘယ်လောက်ကြာသွားပြီလဲ။ အဲဒီ လို အကြောင်းတရားတွေကို ခံစားပြီး တော့မှ မတူညီတဲ့ ခံစားမှုတွေနဲ့ ပြု လုပ်တာပေါ့။ “တာတေကြီး” ဇာတ်ကားရိုက်ကူးတုန်းကဆို သရဲ ကိုကြည့်ချင်စိတ်တွေ ပေါက်နေတာ။ တစ်ယောက်တည်း လျှောက်သွားတာ။ သရဲကလည်း ကိုယ့်လာ မခြောက်ဘူး။ အဲဒီလို စိတ် မျိုးတော့ ဖြစ်တယ်” လို့ သူက ပြောပါ တယ်။

ဒီပညာရပ်နဲ့ ပတ်သက်လို့ လူငယ်တွေကို ဘယ်လိုလက်ဆင့် ကမ်းပေးသလဲဆိုတဲ့အပေါ် ကိုအောင်ကျော်ထွန်းကို ဆက်လက် မေးမြန်းဖြစ်တဲ့အခါ ” ရန်ကုန်မှာဆို သင်တန်း ၂ ခု ဖွင့်ပေးပါတယ်။ အခု ဒီလောကထဲမှာ Run နေတဲ့သူတွေ အများစုက ကျွန်တော့်တပည့်တွေ များပါတယ်။ မန္တလေးမှာလည်း သင်တန်းတစ်ခါဖွင့်ပြီးပါပြီ။ မေမြို့မှာ လည်း တစ်ခါဖွင့်ပြီးပါပြီ။ မေမြို့မှာ ဖွင့်ထားတဲ့ အတွက်ကြောင့်မို့လို့ မေ မြို့ကို ရုပ်ရှင်လာရိုက်ပြီဆိုရင် တချို့ က မေမြို့မှာပဲ ယူလိုက်တယ်ပေါ့ နော်။ အဲဒါဆိုတော့ ရုပ်ရှင်လောက အတွက် ဒေါက်လေးတွေ ထောက် ပေးထားပါတယ်။ ကျွန်တော်ကတော့ အခု နောက်ပိုင်းမှာ Silicon Effect တွေနဲ့ အဆင်မြင့်တဲ့ဇာတ်ကားတွေလောက်ပဲ ကျွန်တော်ကိုယ်တိုင်လုပ် ဖြစ်ပါတယ်။ ကျန်တာတွေကတော့ တပည့်တွေနဲ့ လုပ်ကိုင်သွားတာများပါတယ်”လို့ ပြောပြခဲ့ပါတယ်။ မကြာမီကျရောက်တော့မယ့် အာဇာနည်နေ့ အတွက်ကိုလည်း ကိုအောင်ကျော်ထွန်းက အာဇာနည် ၉ ဦးရဲ့ ပုံတူကြေးရုပ်တွေကို မြို့ ၂ မြို့အတွက် ထုလုပ်ပေးနေကြောင်း သိရပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here