Monday, May 4, 2026

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊...

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု...

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...
HomeDhammaအနုပညာရှင်တွေ အနေနဲ့ ဘဝကိုပျိုတယ်လို့ပဲ...

အနုပညာရှင်တွေ အနေနဲ့ ဘဝကိုပျိုတယ်လို့ပဲ ပုံသေမထားဘဲ အိုမှာပဲ ဆိုတာ တွေးပြီးတော့ ကြိုတင် ပြင်ဆင်သင့်ကြောင်း ဆရာတော် ဒေါက်တာ အရှင်ခေမာသီရိ (လှတော)မိန့်ကြား

Hla-Taw-Saya-Taw-2မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်မှာ တည်ဆောက်လျက်ရှိနေတဲ့စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ပန်းချီ၊ ပန်းပု၊ ကာတွန်းအနုပညာရှင် တို့ရဲ့ ခိုနားရာ နေရာ တစ်ခုဖြစ်တဲ့ အနုပညာဆည်း ဆာရိပ် ဘိုးဘွားရိပ်သာ မြေနေရာ ကိုတော့ ဒေါက်တာ အရှင်ခေမာ သီရိ(လှတော) ၊ သာသနာဓဇဓမ္မာ စရိယ ၊M.A, Ph.D. ကလှူဒါန်းထား တာဖြစ်ပါတယ်။ မေလ၂၅ရက်နေ့  မှာတော့ အဲဒီမြေနေရာမှာ ဆောက် လုပ်ထားတဲ့ သဘင် ဘိုးဘွားရိပ် သာကို ဖွင့်လှစ် လိုက်ပြီဖြစ်ပါတယ်။ ဆရာတော် အနေနဲ့လည်း အခုလိုဖွင့်လှစ် လိုက်နိုင်ပြီဖြစ်တဲ့ အတွက် ဝမ်းသာ ပီတိဖြစ်နေရပြီး ဘိုးဘွား ရိပ်သာ အဆောက်အအုံတွေကိုလည်း ဆရာတော် ကိုယ်တိုင်ကြီးကြပ်ပြီး လုပ်ဆောင်ပေး ခဲ့တာပဲ ဖြစ်ပါတယ်။

ဘိုးဘွားရိပ်သာမှာလာရောက် နေထိုင်လိုတဲ့ အနုပညာရှင် အဘိုး အဘွား များအနေနဲ့ အသက်၇ဝ နဲ့ အထက်ဖြစ်ရမှာ ဖြစ်ပြီး ခိုကိုးရာမဲ့ပြီး ကျောထောက်နောက်ခံ မရှိသူများဖြစ် ရမှာဖြစ်ကာ ဘိုးဘွားရိပ်သာ အနေနဲ့ အဘိုးအဘွားများ ကွယ်လွန်တဲ့အထိ တာဝန်ယူပေး သွားမှာဖြစ်ကြောင်း သိရပါတယ်။ “ဘိုးဘွားရိပ်သာ ရဲ့မြေနေရာ အကျယ်က ၂၆ဧကကျယ် ပါတယ်။ ဆူညံသံတွေ မရှိဘူး။ အဲဒီ့အတွက်  အဘိုးအဘွားတွေ အတွက် အသက်ရှည်ဖို့ရာ ကောင်းမွန် တဲ့ နေရာပေါ့။ တိတ်ဆိတ် ငြိမ်သက် တယ်။ အခုဆိုရင် သရုပ်ဆောင်ဦး တင်ထွန်း၊ ဂစ်တာနိုင်ဝင်း၊ ဒါရိုက်တာ မောင်စိတ္တ၊ ဒေါ်စိမ်းစိမ်း (ရွှေမန်း ဆီသို့) တို့ဒီကိုရောက်နေပြီ။ သူတို့ ဟာ တစ်ချိန်တုန်းက အနုပညာ လောကမှာ လျှမ်းလျှမ်းတောက် တွေလေ။ ဒါပေမယ့် တစ်နေ့ကျတော့ ကံရဲ့အလှည့် အပြောင်းကြောင့် အရောင် တောက်ပနေပြီးတော့မှ အ မှောင်အောက်ကို ရောက်သွားကြ တယ်။ အဲဒါက ကံရဲ့အလှည့်ပြောင်း ကြောင့်ပဲလေ။ အနုပညာ ရှင်တွေ ဟာ သူရဲ့အရောင်တောက်နေတဲ့ အချိန်မှာ သူက မာနဝင်တာကိုး။    ကိုယ့်ကိုယ်ကိုယ် မဆင်းရဲဘူး ဆိုတဲ့ အထွတ် အထိပ်ကို လှမ်းကိုင်ထားတာ လေ။

Hla-Taw-Saya-Tawဘုန်းဘုန်းတို့ တရား သဘောနဲ့ ကြည့်ရင် အနိစ္စဟာ မတည်မြဲခြင်း လို့ပြောတာကိုး။ ဒါပေမယ့် သူတို့ကနိစ္စလို့ ထင်မှတ်ထားကြတာလေ။ စန်းထ နေတဲ့ အချိန်မှာ လျှမ်းလျှမ်း တောက် သလို စန်းကျချိန်မှာ အမှောင်အောက် ရောက် သွားဖို့ ခြေ လှမ်းပြင်လိုက်တာ ပဲလေ။ တော်တော် လည်း သံဝေဂ ရစရာပါ။ အဖွား ဒေါ်စိမ်းစိမ်း တို့ ဆိုရင်လည်း ဝင်းဦး တို့နဲ့ အတူတူ ပဲလေ။ တကယ့်ကို နာမည် ကြီးတွေ လေ။ ဒါကြောင့် အနုပညာရှင်တွေက လည်း ဘဝကို ပျိုတယ်လို့ ပုံသေ မထားနဲ့။ အိုမှာပဲ ဆိုတာကို ကြိုတင် ပြီးတော့မြင် သင့်တယ်။ ကြိုတင် ပြီးတော့ ပြင်သင့်တယ်။ လူငယ်တွေ အနေနဲ့လည်း “အရှေ့မှာ အဘိုးတွေ အဘွားတွေ ဘယ်လိုပုံရိပ်နဲ့ ဘဝနိဂုံး အဆုံး သတ်သွားသလဲ ဆိုတာမြင် အောင်ကြည့်ပြီး ဒါတွေကို များများ သင်ခန်းစာ ယူနိုင်ပါစေ”လို့ အနု ပညာရှင်တွေ အနေနဲ့ ဘဝနေဝင် ချိန်အတွက် ကြိုတင်ပြင် ဆင်ထား နိုင်ဖို့ ဆရာတော်က မိန့် ကြားပါတယ်။ ဘိုးဘွား ရိပ်သာ မှာ ရောက်ရှိနေကြ တဲ့အနုပညာရှင် သက်ကြီး ဝါကြီး တွေဆီကိုလည်း မျိးဆက်သစ် လူငယ် တွေ အနေနဲ့ လာရောက်ကာ ဘော် လန်ဒီယာ အနေနဲ့ လုပ်ဆောင် ပေး နိုင် ကြစေ လိုပြီး သံဝဂစိတ်လည်း ရနိုင်ပါစေကြောင်း ဆရာတော် က မိန့်ကြားခဲ့ပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071