Looking for something?

Explore the website

Looking for something?

Sunday, May 25, 2025

မယ်ဆိုင်ချောင်းရေ ပြန်လည်ကျဆင်း၊ စောင့်ကြည့်နေရသည့် အခြေအနေတွင်...

ယနေ့ မေ (၂၅)ရက် နံနက်ပိုင်းအချိန်တွင် မယ်ဆိုင်ချောင်းရေမှာ (၂၄၀) စင်တီမီတာတွင် ရောက်ရှိနေကာ ပြန်လည်ကျဆင်းနေသည်ဆိုသော်လည်း ချောင်းရေ အတက်အကျကို စောင့်ကြည့်နေရသည့် အခြေအနေတွင်ရှိဆဲဖြစ်ကြောင်း...

ရန်ကုန်ပြည်သူ့‌ဆေးရုံ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနအား...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနတွင် ပြင်ပလူနာများအား တစ်ရက်လျှင် အချိန်(၂)ချိန်ခွဲ၍ ကြည့်ရှု့ကုသပေးနေပြီဖြစ်ကြောင်း အသိပေးထားသည်။ ပြင်ပလူနာများအနေဖြင့် နေ့စဉ် ရုံးဖွင့်ရက်များ၌ နံနက် (၈)...

China – ASEAN ပိုက်ကျော်ခြင်း...

တရုတ်နိုငံတွင် ဇွန်(၁)ရက်မှ ဇွန်(၄)ရင်အထိ ကျင်းပမည့် China - ASEAN ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့အား Glory...

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူ များတက်ရောက်နိုင်ရေးအတွက် Polytechnic Institute...

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးအောင်မြင်မှုမရှိသူများတက်ရောက်နိုင်ရေးအတွက် Polytechnic Institute ဖွင့်လှစ်ရန်ဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊...
HomeCelebrities' Newsဇာတ်ပွဲကြည့်ရမှာကို ရှက်တယ်ဆိုတဲ့လူတွေရှိတယ် စွမ်း

ဇာတ်ပွဲကြည့်ရမှာကို ရှက်တယ်ဆိုတဲ့လူတွေရှိတယ် စွမ်း

Swan

စွမ်းဇာနည်အနေနဲ့ သူ့ရဲ့ ဇာတ်ရုံပြင်ဆင်မှုအပိုင်းကို အဓိကထားကြိုးစားလုပ်ဆောင်လေ့ရှိသူ တစ်ဦးပဲဖြစ်ပါတယ်။ ဇာတ်ရုံကို အကောင်းဆုံးဖြစ်အောင် မွမ်းမံရင်း ငွေကျပ် သိန်းထောင်ချီလည်း အကုန်အကျခံကာ တည်ဆောက်ထား သူတစ်ဦးလည်း ဖြစ်ပါတယ်။ ပဲခူးဘုရားပွဲမှာလည်း ဇာတ်ရုံ တည်ဆောက်မှုက ကျပ်သိန်း၂၅ဝဝကျော် လောက်ရှိခဲ့ပါတယ်။

” တင်ဆက်မှုတွေ Decoration တွေကောင်းရင် လူဝင်ပိုများတယ်။ ဒီပိုက်ဆံက ပဲခူး ၁ဝ ရက်တည်း နဲ့တော့ မကျေလည်း မကျေသလို အမြတ်လည်း မထွက်ပါဘူး။ ဒါပေမဲ့ ဒါကြီးက ပဲခူးအတွက် မြတ်အောင်ဆိုပြီးတော့ မဟုတ်ပါဘူး။ ကျန်တဲ့ပွဲတွေမှာလည်း ဒီဇာတ်ရုံထဲကသုံးလို့ ရတာတွေကို ပြန်သုံးလိုက်မယ်။ ဇာတ်ရုံ ကတော့ ကျွန်တော့်အတွက် အိမ်ဝယ်ထားသလို ပါပဲ။ ပရိသတ် ရဲ့ကြိုက်နှစ်သက်မှုကိုလည်း ခံစားရပါတယ်” လို့ ဇာတ်ရုံနဲ့ ပတ်သက်လို့ စွမ်းက ပြောပါတယ်။

စွမ်းအနေနဲ့ ဇာတ်ရုံပိုင်းနဲ့ ပတ်သက်လို့ အထူးအလေးထားကာ ကြိုးစားလုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ဇာတ်ရုံကို သူ့အနေနဲ့ အလေး ထား လုပ်ဆောင်နေမှုနဲ့ ပတ်သက်လို့ သူနဲ့ တွေ့ဆုံခိုက်မေး မြန်းဖြစ်တဲ့အခါမှာတော့ …

” တင်ဆက်မှုကိုတော့ ကျွန် တော်က ဦးဆောင်နေတာဆိုတော့ ဖျော်ဖြေမှုမှာ ကျွန်တော်က တိုက်စစ်ပဲ။ စင်ပေါ်ရောက်သွားလို့ ကျွန်တော်က တောက်လျှောက်ကြိုးစားသွားရင် မိုးလင်းရင်ပရိသတ်က စွမ်းသဘင် ကောင်းတယ်ဆိုတာ နာမည်ထွက် တယ်။ Decoration ပိုင်းကျတော့ ကျွန်တော်ကိုယ်တိုင်လည်း ဝါးဇာတ်ရုံတွေဘာတွေလည်း မဆောက်တတ် ဘူး။ မီးလည်း ကျွန်တော်မထိုးတတ်ဘူး။ စက်လည်း ကျွန်တော်မချိန်တတ်ဘူး။ အကောင်းဆုံးပစ္စည်းကိုပဲ ကျွန်တော်က ဝယ်ပေးနိုင်တာတစ်ခုပဲရှိတယ်။ အဲဒီ့အတွက် ကျွန်တော်က ကိုယ်မလုပ်နိုင်တာကို ဦးစားပေး ပြီးတော့ ဖြည့်ဆည်းပေးဖြစ်တာပါ”လို့ စွမ်းက ပြောပါတယ်။

ဇာတ်ရုံပစ္စည်းတွေကိုတော့၊ အမေရိကန်၊ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံက ဝယ်ယူအသုံးပြု ဖြစ်ပြီး ဇာတ်ရုံကို အကောင်းဆုံးဖြစ်အောင် ကြိုးစားဖြည့် တင်းနေတာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ဇာတ် ရုံကို ဖြည့်တင်းနေရခြင်းအကြောင်း အရင်းတစ်ခုလည်း ရှိနေပါသေးတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးလည်း စွမ်းက ” ဇာတ်ပွဲကြည့်ရမှာကိုရှက်တယ်ဆိုတဲ့ လူတွေရှိတယ်။ ဘာလို့လဲပေါ့။ show ပွဲတွေဆိုရင် စက်တွေ မီးတွေကို အကောင်းဆုံးဖြစ် အောင်လုပ်ထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သဘင်ဇာတ်တွေမှာ လည်း လုပ်ထားတာတွေ ကပိုလို့ တောင် ကုန်ကျပါတယ်။ အဲဒါကို ဘာဖြစ်လို့ သဘင်ကို ကြည့်ရမှာ တောင်ရှက်ကြတာလဲပေါ့။ ဒါ ကြောင့် လူငယ်တွေကအစ သဘင် ကိုစိတ်ဝင်စားလာအောင်ကျွန်တော် တို့ကီနခသမအေငသည ပိုင်း တွေမှာ ရော၊ မီးပိုင်း၊ စက်ပိုင်းတွေပါရော ဖျော်ဖြေမှုပိုင်းတွေမှာပါ အကောင်း ဆုံးဖြစ်အောင်လုပ်တယ်။ တင်ဆက် တဲ့အခါမှာလည်း မြန်မာ့အနုပညာ လည်း ပါသလို ခေတ်နဲ့လျော်ညီတဲ့ လူ ငယ်အကြိုက်ကိုလည်း ကျွန်တော်တို့က တင်ဆက်ပေးရပါတယ်။ အမယ်စုံမှ အားလုံးနှစ်သက်မှာ ဖြစ်တဲ့အတွက် ကြောင့်ပေါ့” လို့ ပြောပါတယ်။

လင်းအက္ခရာ၊ ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071