Looking for something?

Explore the website

Looking for something?

Sunday, May 25, 2025

ဇွန်လ ပထမအပတ်အတွင်း မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်နိုင်သဖြင့်...

ယနေ့ မေ (၂၅)ရက်မှစ၍ ဇွန်လ ပထမအပတ်အတွင်း မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်နိုင်သဖြင့် ကုန်းတွင်းပိုင်းနေထိုင်သူများ အပါအဝင် ရေကြောင်း၊ လေကြောင်းခရီးစဉ်များ သတိပြုရန် မြန်မာ့မိုးလေဝသ(ရန်ကုန်ဌာနခွဲ)က...

မယ်ဆိုင်ချောင်းရေ ပြန်လည်ကျဆင်း၊ စောင့်ကြည့်နေရသည့် အခြေအနေတွင်...

ယနေ့ မေ (၂၅)ရက် နံနက်ပိုင်းအချိန်တွင် မယ်ဆိုင်ချောင်းရေမှာ (၂၄၀) စင်တီမီတာတွင် ရောက်ရှိနေကာ ပြန်လည်ကျဆင်းနေသည်ဆိုသော်လည်း ချောင်းရေ အတက်အကျကို စောင့်ကြည့်နေရသည့် အခြေအနေတွင်ရှိဆဲဖြစ်ကြောင်း...

ရန်ကုန်ပြည်သူ့‌ဆေးရုံ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနအား...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်း‌ရေး အထူးကုဌာနတွင် ပြင်ပလူနာများအား တစ်ရက်လျှင် အချိန်(၂)ချိန်ခွဲ၍ ကြည့်ရှု့ကုသပေးနေပြီဖြစ်ကြောင်း အသိပေးထားသည်။ ပြင်ပလူနာများအနေဖြင့် နေ့စဉ် ရုံးဖွင့်ရက်များ၌ နံနက် (၈)...

China – ASEAN ပိုက်ကျော်ခြင်း...

တရုတ်နိုငံတွင် ဇွန်(၁)ရက်မှ ဇွန်(၄)ရင်အထိ ကျင်းပမည့် China - ASEAN ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် လက်ရွေးစင် ပိုက်ကျော်ခြင်းအဖွဲ့အား Glory...
HomeMoviesလူငယ်ဒါရိုက်တာ၊ လူငယ်သရုပ်ဆောင်တွေရဲ့ ရိုက်ကွင်းပုံရိပ်

လူငယ်ဒါရိုက်တာ၊ လူငယ်သရုပ်ဆောင်တွေရဲ့ ရိုက်ကွင်းပုံရိပ်

hein

ဒီတစ်ပတ်မှာတော့ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ရိုက်ကွင်းတစ်ခုကို ပေါ်ပြူလာအဖွဲ့သားများ ရောက်ရှိခဲ့ပါတယ်။ အဲဒါကတော့ သရုပ်ဆောင်ဟိန်းဝေယံက သူ့ရဲ့ ပထမဦးဆုံးအနေနဲ့ ဒါရိုက်တာ အဖြစ် ပုံဖော်ရိုက်ကူးနေတဲ့ “မာယာကကြိုး” ဇာတ်ကားရိုက်ကွင်းပဲ ဖြစ်ပါ တယ်။ ရိုက်ကွင်းထဲရောက်ရှိတဲ့အခါမှာတော့ ဟိန်းဝေယံက ဒါရိုက်တာရော၊ သရုပ်ဆောင်အနေနဲ့ပါ ရိုက်ကူးနေတာဖြစ်ပြီး ဇေရဲထက်၊ ရတနာဗိုနဲ့ တခြားအနုပညာရှင်များစွာတို့ဖြင့် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာအဆောင်မှာ ရိုက်ကူးနေတာမြင်တွေ့ရပါတယ်။

hein3

ဒီဇာတ်ကားမှာ ဇေရဲထက်ရဲ့ ကာရိုက်တာကတော့ လိင်ပြောင်းလဲထားတဲ့ မိန်းမလျာတစ်ဦးအဖြစ် သရုပ်ဆောင် နေတာကို တွေ့ရပြီး ရတနာဗိုကတော့ ဟိန်းဝေယံရဲ့ချစ်သူအဖြစ် သရုပ်ဆောင်နေတာကို တွေ့မြင်ရပါ တယ်။ ဒီဇာတ်ကားကို ကိုယ်တိုင် စဉ်းစားပြီး ရေးသားထားသလို ကိုယ်တိုင်ဇာတ်လမ်းလေးကို သဘော ကျနှစ်သက်တဲ့အတွက် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တာဖြစ်ပြီး ဒါရိုက်တာအတွေ့အကြုံမရှိသေးတဲ့အတွက် စိတ်လှုပ်ရှား ရင်ခုန်နေမိတယ်ဆိုတဲ့ ဟိန်းဝေယံက..

hein2

” တာဝန်လည်းပိုကြီးပါတယ်။ တော်တော်များများလည်း လေ့လာထားတယ်။ ဒီလိုင်းက ကျွန်တော် လုပ်ကိုင်နေကျလိုင်းမဟုတ်ဘူး။ ကျွန်တော့်အနေနဲ့ တော်တော်ရင်ခုန်နေ ပါတယ်။ အတတ်နိုင်ဆုံးကြိုးစားရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားရုံတင် တဲ့အခါမှာ အားပေးကြပါ။ ဝေဖန်ပေးကြပါ” လို့ ပြောပါတယ်။ ဆက်လက်ပြီး ပရိသတ်တွေ အနေနဲ့လည်း ဒီဇာတ်ကား ရိုက်ကွင်း ကို စိတ်ဝင်စားကြမှာဖြစ်တဲ့အတွက် ရိုက်ကွင်းပုံရိပ်တချို့ကို အခုလိုဖော် ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။

တွယ်တာ
ဓာတ်ပုံ – အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071