သူဋ္ဌေးဝါဒသီချင်းနဲ့ ပတ်သက်ပြီး နန်းတော်ရှေ့ ဆရာတင်မိသားစုနဲ့ သားစိုးတို့ ပြန်လည်အဆင်ပြေ

0
126

tharsoe

သူဋ္ဌေးဝါဒသီချင်းနဲ့ ပတ်သက် ပြီး နန်းတော်ရှေ့ဆရာတင် မိသားစုအား သားစိုးကတောင်းပန်ခြင်း အခမ်းအနားကို ဧပြီလ၄ရက်နေ့၊ နေ့လယ်၁နာရီက ဂီတအစည်းအရုံး၊ ဂီတအလင်္ကာခန်းမမှာပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ မြန်မာနိုင်ငံဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးတင်ဦးလေးမှ အဖွင့်စကားပြောကြားခဲ့ပြီး သားစိုးက သူဋ္ဌေးဝါဒသီချင်းနဲ့ပတ်သက်လို့ နန်းတော်ရှေ့ ဆရာတင်ရဲ့ သားဖြစ်သူ ဦးရွှေနန်းတင်အား ရှိခိုးဦးတင်ကာတောင်းပန်ခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးလည်း သားစိုးက..

” ကျွန်တော့်ဘက်က သီချင်းကို အသုံးပြုတဲ့အခါမှာ ပွင့်ပွင့်လင်းလင်း မပြောမိဘဲနဲ့ ကြားထဲက တစ်ဆင့်ခံသွားတဲ့အခါ လွဲမှားမှုတွေဖြစ်ပေါ်ပြီး ကျွန် တော့်ကြောင့် လူကြီးမိဘတွေ စိတ်ဆင်းရဲကြရတဲ့အတွက် ကျွန်တော့်အနေနဲ့ တအားကို စိတ်ထိခိုက်ရပါတယ်။ ဒီလိုမျိုး လည်း မဖြစ်စေချင်ပါဘူး။ နောက် ပိုင်း ဒီလိုမျိုးမဖြစ်စေရအောင်လည်း ဘယ်သီချင်းမဆိုကျွန်တော့်အနေနဲ့ ရောသမထပ်မွှေမယ်ဆိုရင် မိသားစုဝင်တွေနဲ့ သေသေချာချာတွေ့ဆုံပြီးတော့ ဒီလို၊ ဒီလိုလုပ်မယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပြီး ပိုပြီးကောင်းမွန်သွား အောင် ကျွန်တော်ပြုလုပ်သွားပါမယ်” လို့ တောင်းပန်စကားဆိုခဲ့ပါတယ်။ ဆက် လက်ပြီး နန်းတော်ရှေ့ဆရာတင်ရဲ့သားဖြစ်သူ စည်သူဦးရွှေနန်းတင်ကလည်း သြဝါဒစကားပြောကြားခဲ့ပါတယ်။

ဒီနောက်မှာတော့ နန်းတော်ရှေ့ဆရာတင်ရဲ့ မြေးဖြစ်သူ ဒေါ်နန်းခင်အေးကလည်း ” ကျွန်မအနေနဲ့အားလုံး ၃ခုတောင်းဆိုထားပါတယ်။ ပထမတစ် ခုတောင်းဆိုတာကတော့ မှားတာကို မှားမှန်းသိတယ်ဆိုရင် ကျွန်မတို့က ဗုဒ္ဓ ဘာသာ မြန်မာလူမျိုးတွေ ဖြစ်တဲ့အတွက် ဂါရဝေါစ၊ နိဝါတောစဆိုတဲ့ဆိုရိုးစကား အရ တောင်းပန်ရင်တော့ ကျေနပ်ရတာပါပဲ။ ကျွန်မတို့လည်း အခုကျေနပ်ပါတယ်။ ပထမတစ်ခုက ငါတို့မိသားစုကို တောင်းပန်ရမယ်။ ငါတို့မှာ မောင်နှ မ၃ယောက်ရှိတယ်။ ပြီးတော့ ငါတို့ရဲ့ ဖေဖေဦးရွှေနန်းတင်ရှိတယ်။ ငါတို့ ကိုတော့ ဒီအတိုင်းပါးစပ်နဲ့ တောင်းပန်ရင် ကျေနပ်ပါတယ်။ ငါတို့ အဖေကို တော့ သက်ကြီးဝါကြီးလည်း ဖြစ်တယ်ဆိုတော့ မင်းရှိခိုးပြီးတော့ တောင်းပန်ပါ လို့ နံပါတ်၁အနေနဲ့ တောင်းဆိုပါတယ်။ အခုလည်း သူကျွန်မတို့ကို လုပ်ပေးပါ တယ်။ ဒုတိယအချက် ကျွန်မတို့တောင်းဆိုတာကတော့ သတင်းစာတွေထဲမှာ ကျွန်မတို့ကို တောင်းပန်တဲ့စာထည့်ပေးရမယ်။ တောင်းပန်ပေးရ မယ်ဆိုတော့ လည်း သတင်းစာထဲမှာ တောင်းပန်စာပါလာတဲ့အတွက် ကျွန်မတို့အနေ နဲ့ကျေနပ်ပါတယ်။ ကျွန်မနောက်ဆုံးတောင်းဆိုထားတာ တစ်ခုရှိပါတယ်။ ထွက်ပြီးသား အခွေကိုတော့ မောင်သားစိုးကိုကျွန်မ ဒုက္ခမပေးချင်ပါဘူး။ အခု အခွေ၅ဝဝ ကုန်သွားပြီပဲထား။ ၅ဝ၁၊၅ဝ၂ ကစပြီး ကျွန်မတို့သီချင်းကိုဖယ်ပေးပါ။ ဒီအခွေထဲကိုလုံးဝမထည့်ပါနဲ့တော့လို့ ကျွန်မတောင်းဆို ထားပါတယ်။ အဲဒါကတော့မောင်သားစိုး ဘယ်လိုဆက်လက်လုပ်ဆောင်မလဲဆိုတာ ကျွန်မ စောင့်ကြည့် ရပါလိမ့် ဦးမယ်။ ကျွန်မတောင်းဆိုတာကတော့ အဲဒီ၃ခုတောင်းဆို ထားပါတယ်။ ၂ခုကတော့ ပြီးဆုံးသွားပါပြီ။ ကျွန်မလည်းကျေနပ်ပါတယ်။ နောက်တစ်ခုက ပရိသတ်တွေက ထင်ကြပါလိမ့်မယ်။ ငွေတွေဘယ်လောက် များပေးလို့ကျေနပ်လိုက်တာလဲပေါ့။ ကျွန်မတို့ဘာငွေမှလည်း မယူပါဘူး။ ကျွန်မတို့က မုဒိတာတရားနဲ့ ဒီကလေးက မှားမှန်းသိသွား တဲ့အတွက် သူလည်း မိကောင်း ဖခင်သားသမီးပါ။ သူကတောင်းပန်တဲ့အတွက် ကျွန်မတို့ မိသားစုက ကျေနပ်လိုက်တာပါ” လို့ ပြောပါတယ်။ နောက်ဆုံးမှာတော့ နန်းတော်ရှေ့ ဆရာတင်ရဲ့ မြေးတစ်ဦးဖြစ်တဲ့ ဦးနန်းဝင်းကလည်း မုဒိတာစကား ပြောကြား ခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here