ဂီတစာဆိုတွေ၊ဂီတစာရေးဆရာကြီးတွေရဲ့ သီချင်းတွေကို အသုံးပြုလျှင် မိသားစုနဲ့ တိုင်ပင်သင့်ကြောင်း ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးတင်ဦးလေးပြော

0
127

Thin Oo Lay

သူဋ္ဌေးဝါဒသီချင်းနဲ့ပတ်သက်ပြီး နန်းတော်ရှေ့ဆရာတင်မိသားစုနဲ့ သားစိုးတို့ကို နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ရဲ့ညှိနှိုင်းဖြေရှင်းကော်မတီမှလုပ်ဆောင်ပေးခဲ့ပါတယ်။ ဒီလို နှစ်ဦးနှစ် ဖက် ကျေကျေနပ်နပ် ဖြစ်သွားတဲ့အထိ အဆင်ပြေအောင် လုပ်ဆောင်ပေး ရတဲ့အတွက်လည်း ဂီတအစည်းအရုံး(ဗဟို) အမှုဆောင်အဖွဲ့ကိုယ်စားတအား ကျေးဇူးတင်ကြောင်း ဥက္ကဋ္ဌဦးတင်ဦးလေးက ပြောပါတယ်။

” နောက်နောင်ကိုလည်း မြန်မာ့ဂီတလောကမှာ ကျော်ကြားခဲ့တဲ့ ဂီတ စာဆိုတွေ၊ ဂီတစာရေးဆရာကြီးတွေရဲ့ သီချင်းတွေကို ဆက်လက်အသုံးပြု မယ်ဆိုရင်လည်း သက်ရှိထင်ရှားရှိနေတဲ့ မိသားစုတွေနဲ့ တိုင်တိုင်ပင်ပင်၊ အကယ်၍မိသားစုတွေ မရှိခဲ့ဘူးဆိုရင်လည်း ဒီသီချင်းသံတွေကို မီခဲ့တဲ့ ပုဂ္ဂိုလ် ကြီးများဆီမှာ ညှိညှိနှိုင်းနှိုင်းတေ့တေ့ဆိုင်ဆိုင်လေးနဲ့ နည်းနာနိသယ ခံယူပါလို့ ပြောကြားလိုပါတယ်” လို့ ဂီတအစည်း အရုံး(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးလေးက အကြံပြုစကား ပြောကြားခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here