ယခု ၂ဝ၁၇မဟာသင်္ကြန်ကာလတွင် နာမည်ကျော် Iron Cross ဂီတအဖွဲ့အနေဖြင့် မန္တလေး မြို့ ကျုံးမြောက်ဘက်တွင် ကိုယ်ပိုင်ဖျော်ဖြေရေးမဏ္ဍပ်တစ်ခုတည် ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။ ဧပြီ ၁၄ရက်နေ့မှ စတင်ကာ ဧပြလ ၁၆ရက်နေ့ အထိဖျော်ဖြေမည့် IC မဏ္ဍပ်တွင် Iron Cross တီးဝိုင်းနှင့်အတူ လေးဖြူ၊အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းတို့အပြင်အငဲ၏ သမီးဖြစ်သူ လမင်းခ၊ ဂစ်တာချစ်စမ်းမောင်၏ သမီးဖြစ်သူ ငဲငယ်လေးတို့ကလည်း ပါဝင်ဖျော်ဖြေသွားမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ မဏ္ဍပ်ကို ဖျော်ဖြေရေးသီးသန့်အနေဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပြီးရေ ကစားမဏ္ဍပ်ထည့်သွင်းထားခြင်းမပြုဟုလည်း သိရသည်။
” အရင်နှစ်တွေမှာတော့ အခြားမဏ္ဍပ်တွေမှာ အိုင်စီအနေနဲ့ဖျော်ဖြေရေးအနေနဲ့ပါတာပေါ့။ အခုကတော့ အိုင်စီရဲ့ကိုယ်ပိုင်မဏ္ဍပ်အနေနဲ့ အားလုံးစုပေါင်းပြီးလုပ်ကြတာပေါ့။ အခြားကုမ္ပဏီတွေလည်းပူးပေါင်း ပါဝင်ကြပါတယ်” ဟု Iron Cross မှ ဦးကိုကိုလွင်က ပြောသည်။ယခုနှစ် မန္တလေးကျုံးမြောက်ဘက် တိရစ္ဆာန်ဥယျာဉ်ရှေ့တွင် ပြုလုပ်မည့် အဆိုပါ အိုင်စီမဏ္ဍပ်ကို KBZ BANK နှင့်တကွ Strong Source Holding Co.,Ltd. လက် အောက်ရှိ Hotel SS (Aung Ban), CNC Men’s Wear တို့က ပူး ပေါင်းပါဝင်ကူညီထားကြကြောင်းလည်းသိရသည်။
P-054