အမြဲတမ်း ဖက်ရှင် ကျလှပနေတဲ့ အိန္ဒြာကျော်ဇင်ရဲ့ အခုနှစ် အကယ် ဒမီပေးပွဲတက်ရောက်တဲ့ အကယ်ဒမီ ဖက်ရှင်ကလည်း အမျိုးသမီး ထုအကြား ရေပန်းစား ခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်က ဒီနှစ်မှာ ကတ္တီပါ အစိမ်းရောင် နဲ့ မြပုဝါအစိမ်းရောင် ဝတ်ဆင်ကာ ပွဲတက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်အကယ်ဒမီ ဖက်ရှင်နဲ့ပတ်သက်ပြီး အိန္ဒြာကျော်ဇင်က “အရောင်လေးကတော့ အစိမ်းနဲ့ အဝါကြားထဲက အရောင်ပေါ့။ ဒါပေမဲ့ အစိမ်းဘက်ကို ပိုများတယ်။ အဲဒီ အရောင်လေးကို ဝတ်ချင်လို့ ရွေးလိုက်တာပါ။ ချိတ်က ရွှေပြည်တန်ကပါ။ ဒီဇိုင်း အကုန်လုံးက မအိကျော်ဇင်( Vivid)ပါ။ မြပုဝါလေးကလည်း မအိကျော်ဇင် ရဲ့ Creation ပေါ့။ အင်္ကျီပုံစံကိုလည်း ဒီနှစ်ကို ရိုးရိုးလေးနဲ့ ခေတ်ဆန်တာလေး သွားထားတာပါ။ ပိုက်ဆံအိတ်က တော့ ယွန်းဘူးလေးကို ကိုင်ထားတာပါ။ ဖိနပ်လေးက ပုံတော်လေးနဲ့။ မြပုဝါလေးနဲ့ အဲဒီပုံစံလေးကို ဖက်ရှင် လုပ်ထား တာပေါ့။ ယွန်းဘူးလေးမှာလည်း အစ်မရဲ့နာမည် EDKZ ဆိုတာကို ထိုးပြီး တော့ သီးသန့် လုပ်ခိုင်းထားတာပါ။ လက်ဝတ်ရတနာက Zar & Diamond က ပါ”လို့ အကယ်ဒမီ ဖက်ရှင်နဲ့ပတ်သက်ပြီး ပြောပြပါတယ်။ တချို့ အနုပညာရှင်တွေ က အကယ်ဒမီပွဲကို မိသားစု လိုက်တက်ရောက်ကြတာမို့ ပြေတီဦးနဲ့အိန္ဒြာကျော် ဇင်တို့လည်း သားနဲ့သမီးကို ခေါ်လာဖြစ်မလားလို့ ပရိသတ်တွေ ကလည်း မျှော်လင့် တတ်ကြပါတယ်။ ဒါပေမဲ့လည်း ကလေးတွေကို အကယ်ဒမီပွဲ မခေါ် ဖြစ်ကြောင်းကို အိန္ဒြာကျော်ဇင်က…
“အကယ်ဒမီ ပွဲချိန်က ကြာတယ်လေ။ ကလေးတွေက နေနိုင်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ သူတို့ကနည်း နည်း လည်းငယ်သေးတယ်။ ပွဲချိန်အစ အဆုံး ကို အေးအေးဆေးဆေးထိုင်နိုင် မှာမဟုတ်ဘူး။ အဲဒါကြောင့် မခေါ်ဖြစ်တာ ပါ” လို့ပြောပါ တယ်။ ဒီနှစ် အကယ်ဒမီ ပေး ပွဲမှာတော့ အိန္ဒြာကျော်ဇင် က ဒေါ် အောင်ဆန်းစု ကြည် ရဲ့သဝဏ် လွှာကိုဖတ် ကြားခဲ့ပြီး အခု လိုဖတ်ကြား ခွင့်ရတဲ့ အ တွက်လည်း ဝမ်းသာ ပျော်ရွှင်မိ ကြောင်း ပြောပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ- ခွန်လတ်
