Saturday, June 27, 2026

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင်...

နယ်မြေအခြေအနေကြောင့် လက်ရှိမပို့ဆောင်နိုင်သေးသော်လည်း အခြေအနေပေးသည်နှင့် ခွဲတမ်းပြန်လည်ပို့ဆောင်မည်ဟု ဝန်ကြီးဌာန ဖြေကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍...

ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းဖို့ မကြိုးပမ်းရန်...

ဘီလာရုစ်နိုင်ငံအား လက်ရှိပဋိပက္ခအတွင်း ဆွဲသွင်းရန် မည်သည့်လုပ်ရပ်မျိုးကိုမျှ လက်မခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက...

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့်...

JLPT ဝင်ခွင့်ကတ်ပါ အမည်နှင့် မွေးသက္ကရာဇ်...

၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် ဝင်ခွင့်ကတ်ပြား (Test Voucher) ပါ...
HomeArticlesရန္ကုန္နီတိ

ရန္ကုန္နီတိ

Kyunitရန်ကုန် နီတိသည် သမိုင်း အဆက်ဆက်၊ ခေတ် အဆက်ဆက်မှာ ပေါ် ထွန်းခဲ့ကြ ကုန်သော တော်လှန်ရေးသမား ကြီးများ၊ ပြုပြင်ပြောင်း လဲ  လောကသားကြီး များအားလုံးကို ကျော်ဖြတ်ကာ အလုံးစုံ တော်လှန်ပြောင်းလဲခြင်းဖြင့် ရန်ကုန်မြို့ တော်ကြီးကို ကမ္ဘာ့အဆင့် ၁ စံပြ မြို့တော် ကြီးဖြစ်အောင် ဖန်တီးဖော်ဆောင်လိုသူ ဖြစ်သည်။

“မင့်ဟာက ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီးကိုဖြိုမယ့်ကြံ ခါးကမသန်ဆိုသလို၊ လူနေချုံကြား၊ စိတ်နေဘုံဖျား အကြံမျိုးပါ ကွယ်။ ဟန်လိမ့်မယ် မထင်ပါဘူး”ဟု ဆူးလေ ဘိုးဘိုးကြီးက ဝေဖန်သတိပေးသည်။ သို့ သော် ရန်ကုန်နီတိမှာ တိုင်းကျိုးပြည်ကျိုး သယ်ပိုး လိုသော စိတ်ဓာတ်အလွန်တရာ ပြင်းထန်နေရကား ဆူးလေဘိုးဘိုးကြီး၏ သတိပေးစကားကို မနာယူချေ။

“မပူပါနဲ့ ဘိုးဘိုးကြီး။ ကျွန်တော်က bottom up ကစ လုပ်မှာပါ။ အောက်ခြေက စပြီး ပြောင်းလဲမှာပါ”

“ဘိုလို မပြောနဲ့ကွယ်င့ါကို၊ တံတွေးစင် တယ်။ ဆိုပါဦးကွယ့် ဘယ်လိုကဘယ်လို အောက်ခြေက စပြီးပြောင်းလဲမှာတုံး”

“နံရံကပ် ကြွေးကြော်သံတွေ ကအစ ပြောင်းလဲမှာပါ ဘိုးဘိုးကြီး။ ဥပမာဆိုကြပါစို့ (ပြောင်းလဲချိန်တန်ပြီ)ဆိုတဲ့ ကြွေးကြော်သံကို ကျွန်တော် က (ခေါင်းလဲချိန်တန်ပြီ) လို့ ပြောင်းမယ်။

“ဟဲ့ …ဟဲ့ ဘာခေါင်းတွေ လဲမှာ တုံး။ မင့်ကြွေးကြော်သံက ဟိုလိုလိုဒီလိုလို အနှောင့်မလွတ် အသွားမလွတ်နဲ့။ မင်းတော့ လက်ထိပ်နဲ့ နီးနေပြီမှတ်တယ်”

“ဟာ ဘိုးဘိုးကြီးကလည်း နိမိတ်မရှိ နမာမရှိ။ ဘာကြောင့် ကျွန်တော့်ကို ဖမ်းမှာ တုံး။ ကျွန်တော်က တိုင်းပြည်နဲ့ လူမျိုး ကောင်းစားရေး အတွက် လုပ်မှာပဲ ဥစ္စာ။ ဘာမှပူ စရာမရှိဘူး”

“မင်းက ခေါင်းတွေလဲမယ်ဆို။ ခေါင်း ဆိုတာ ရှေ့တန်းခေါင်းဆောင် တွေကိုပြော တာမှုတ်လား။ တာဝန်ရှိ အာဏာပိုင်တွေကို ရည်ညွှန်း တာ မဟုတ်လားကွယ့်”

ဤတွင် ရန်ကုန် နီတိသည် သဘောကျ နှစ်ခြိုက်စွာ ခွက်ထိုးခွက်လန် ရယ်မော တော့၏။ ရယ်မောမိပြီးမှ လူကြီးသူမကို မရိုမသေ၊ အ ဂါရဝပြုမိ မှာစိုးလို့ အရယ်ရပ် လိုက်သည်။

“ခေါင်းလဲမယ် ဆိုတာ နိုင်ငံရေးနဲ့ မဆိုင်ပါဘူး ဘိုးဘိုးကြီးရဲ့။ မြို့ တော်ရန်ကုန် ကို ရေပေးဝေနေတဲ့ ရေပိုက်ကြီးတွေက ပိုက် ခေါင်းတွေ ကို ပြောင်းလဲပြီး ခေါင်းအသစ် တပ်ဖို့ပါ။ ခေါင်း အဟောင်းတွေက ရေသိပ် မလုံတော့ တန်ဖိုးရှိတဲ့ ရေတွေ အလကား ဖြစ်ရတာပေါ့ ဘိုးဘိုး ကြီး ရာနော့”

“အိမ်း … မင်းရဲ့ ခေါင်းလဲ ချိန်တန် ပြီကို ငါကြိုက်သွားပေကွယ့်။ ကဲ အလှူငွေ ဘယ်လောက်ရပြီလဲလို့ အလှူခံပုံးကို ပြေး ကြည့်လိုက် ဦးမယ်” ဟုဆိုကာ ဆူးလေဘိုးဘိုး ကြီးလည်း ရန်ကုန်နီတိအနီးအမှ ရိပ်ခနဲ ပျောက်ကွယ်သွားလေသည်။

များမကြာမီရက် များအတွင်း ရန်ကုန် မြို့တော်လူစည်ကား ထင်ရှားသောနေရာ များတွင် (မြို့တော် တစ်ခိုသာစေလို၊ လေကို မဖြုန်းနှင့်၊ မြို့တော် တစ်ဝိုက်သန့်မှ ကြိုက်၊ လူမိုက်မမွေးနှင့်)ဟူသော ကြော်ငြာဆိုင်း ဘုတ်ကြီးများ ပြူးပြူး ပြဲပြဲပေါ်လာကြသည်။

“မဟုတ်မှလွဲရော၊ သဟာတွေဟာ ရန်ကုန်နီတိ ဆိုတဲ့ ငနရဲ့ လက်ချက်ပဲဖြစ်ရ မယ်”ဟု ဆူးလေဘိုးဘိုးကြီးက မှတ်ချက်ချကာ ရန်ကုန် နီတိ ကို ဖုန်းဆက်၍ ဆင့်ခေါ် လိုက်တော့ ၏။ ခေတ်နှင့်လျော်ညီစွာ အလွန် တက်ကြွဖျတ်လတ်သော ရန်ကုန် နီတိသည် ဆူးလေ ဘိုးဘိုးကြီး ရှေ့ မှောက်သို့ ခုန်ပေါက်ရောက်ရှိ လာပြီး “ဟဲလို ဘိုးဘိုး” ဟု ခေတ်မီမီ နှုတ်ဆက် သည်။

“ရန်ကုန်မြို့တစ်ခွင် ပေါက်ကရ ဗွီနိုင်းဆိုင်းဘုတ်တွေ လျှောက်ကပ်တာ နင် မဟုတ်လား။ မဟုတ်က ဟုတ်က ဗွီနိုင်းတွေ ကို ချက် ချင်းဖြုတ်၊ စည်ပင်ဥပဒေနဲ့ အရေး ယူရင် ငါနင့်အတွက် အာမခံလိုက်နေရဦး မယ်”

“ဘိုးဘိုး ကျွန်တော်က ရန်ကုန်နီတိ လေ။ နီတိဆိုတာ လူ့အဖွဲ့အစည်းမှာ မရှိ မဖြစ် အရေး အကြီးဆုံးပဲ။ ဒါဟာ လူတိုင်း ကျင့်သုံးရမယ့် လူ့ကျင့်ဝတ်ပဲ။ အင်္ဂလိပ် တွေကတော့ အက်တိကက် နအငဆကနအအန လို့ ခေါ်ကြတာပေါ့ ဘိုးဘိုးရာ”

“ဟေ့ ကုလားဖြူစကား ညှပ်မသုံးနဲ့ ငါ့ နားထဲမှာ ခလော့စ် ခမသျ အားကြီးဖြစ် သဟဲ့”

“ဘိုးဘိုးကြီး ကတော့ လူကြီး အရမ်း ပီသတာပဲ။ ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့ဆိုတဲ့ ပေါ်လီစီကို အသေကိုင်ထား သကိုး”

“ငါပြောတာ နားထောင်။ နင့် လက်ရာ နီတိတွေကို အမြန်ဆုံးဖြုတ်”

“နီတိကိုတန်ဖိုးထားပါဘိုးဘိုးရာ။ ကျောင်းတွေမှာတောင် နှစ်ပေါင်းများစွာရပ်နားထားတဲ့ ပြည်သူ့နီတိသင်ခန်းစာ ပြန်သင်တော့မှာခင်ဗျ။ နီတိဆိုတာ အကောင်း အဆိုး၊ အမှားအမှန် ခွဲခြားပေးတဲ့ လူ့ကျင့် ဝတ်ပါ။ ကျွန်တော်က လူ့ကျင့်ဝတ်တွေ ကို နှိုးဆော် ကြော်ငြာပေး တာပါဘိုးဘိုး”

“ငရို့ ရန်ကုန်မြို့တော်သူ၊ မြို့တော် သားတွေဟာ မြို့ကြီးသားပီသစွာ အသိ လိမ္မာရှိကြပြီးသား။ နင်ဆရာ လုပ်စရာမလို ပေါင်”

“မဟုတ်သေးဘူး ဘိုးဘိုး၊ (မြို့တော် တစ်ခိုသာစေလို၊ လေကိုမဖြုန်း နှင့်)ဆိုတာ က မြို့တော်ကြီး သာယာ တိုးတက်ဖို့အတွက် အားအား ရှိစကားတွေ သည်အတိုင်း မပြော ကြဖို့ သတိပေးတာ၊ ဘိုးဘိုးအမြင်ပဲလေ။ မိုးလင်းကတည်းက မိုးချုပ်ညဥ့်နက် တဲ့အထိ လက်ဖက် ရည်ဆိုင်၊ စားသောက်ဆိုင်၊ အရက် ဖြူဆိုင်တွေနဲ့ လမ်းဆုံလမ်းခွတွေမှာ လေ ကန်နေကြတဲ့ သူတွေ နည်းသလား။ သူတို့ ဟာ အလုပ်မလုပ်ဘဲ လေကိုဖြုန်းရင်း အချိန် ကိုပါ ဝါးစားပစ်နေကြတာ ဘိုးဘိုးရဲ့”

“အံမာ ကဗျာဆန်နေလိုက်တာ”

“အဲသည် လေဖြုန်းတီးတဲ့ လူတန်းစား ထဲမှာ စာရေးဆရာ၊ ကဗျာဆရာဆိုတဲ့ ပုဂ္ဂိုလ်တွေက ချန်ပီယံပဲ။ သူတို့ကြောင့် လေ ထန်ကုန်းနဲ့ လေအန်ကုန်းဆိုတဲ့ လက်ဖက် ရည်ဆိုင်တွေတောင် ပေါ်ခဲ့ဖူးတယ်။ အခု တော့ အဲသည့်ပုဂ္ဂိုလ်တွေ လေမထန်နိုင် ကြတော့ပါဘူး။ သူတို့ရဲ့ လေထန်ခြင်း လေ အန်ခြင်းအလုပ်ကို အနိုင်ယူလွှမ်းမိုးလိုက် တဲ့ ဖေ့စ်ဘုတ် facebook ပေါ်လာလို့။ ဖေ့စ်ဘုတ် ပွတ်ရင်း တယ်လီဖုန်း ကုမ္ပဏီ တွေကို အလုပ်အကျွေးပြုနေရတာနဲ့ပဲ မအား ကြတော့ပါဘူး။ သို့ပေမဲ့ လူအများစုက လေဖြုန်းနေ ကြလွန်း လို့”

“ကဲပါကွာ (မြို့တော်တစ်ဝိုက် သန့်မှ ကြိုက်၊ လူမိုက်မမွေးနှင့်) ဆိုတာက တော့ ငါ့စိတ်ထဲမှာ သရိုးသရီ ခံစား နေရသရွေ့ မင်းက ဘယ်သူတွေကို လူမိုက်မွေးတယ်လို့ စွပ်စွဲချင်လို့ တုန်း။ ဟင် ငါ့ကို ရှင်းပြစမ်းဟ ရန်ကုန်နီတိရဲ့'”
ရန်ကုန် နီတိသည် အရေးကြီး အဖိုးတန်သော စကားကိုပြောကာ နီးတိုင်း သူပြင်ဆင်လေ့ ရှိသလို တောင် မြောက်လေးပါးကို ကျီးကန်း မျက်လုံးဖြင့် လှည့်ပတ်အကဲခတ်လိုက်သည်။ ပြီးမှဆူးလေ ဘိုးဘိုးကြီးအနီးသို့ တိုးကပ်ကာ

“မြို့တော် တစ်ဝိုက် သန့်မှကြိုက် လူ မိုက်မမွေးနှင့် ဆိုတာကသည်ကနေ့ အခြေ အနေနဲ့ ကွက်တိပဲဘိုးဘိုး။ ရာဇဝတ်မှု ထူးထူး ဆန်းဆန်းတွေကြောင့် မြို့တော်ကြီး က မသန့်တော့ဘူးလေ။ မြို့တော်ကြီး မသန့် အောင် လူမိုက်တွေ ကိုမွေးထုတ်နေတဲ့ ဧရာမ ဒုစရိုက်ကောင်ကြီးတွေ ရှိနေကြတယ် ဘိုးဘိုး။ မူးယစ်ရာဇာတွေဆိုတာ ဘိုးဘိုးကြားဖူးမှာ ပေါ့။ ဒင်း (သင်း)တို့က လူမိုက်တွေကို မွေး ထုတ်နေတာခင်ဗျ”

“အဲသည် မူးယစ်ရာဇာဆိုတဲ့ အကောင် တွေဘယ်မှာလဲ။ ငါ့ကိုပြစမ်းပါ ရန်ကုန် နီတိရဲ့။ သည်ငနဲတွေကို ငါဆွဲစေ့ပြီး နား ရင်းအုပ် ပစ်လိုက်ချင်လို့။ အဲကောင်က ဘယ်မတုံး”

“ဟို …ဟိုမှာ”ဟု ရန်ကုန် နီတိက မရဲတရဲ အမူအရာဖြင့် လက်မောင်းကို ကွေး ကာ လက်ညှိုးကို မဝံ့တဝံ့မြှောက်၍ မိုး ကောင်းကင် ဆီသို့ ညွှန်ပြလေ၏။ ဆူးလေ ဘိုးဘိုးကြီးသည် ရန်ကုန်နီတိ ညွှန်ပြရာသို့ မော့ကြည့်ရာ မိုးသားတိမ်လွှာတွေ မှ လွဲ၍ ဘာမှမတွေ့ရချေ။

ဘိုးဘိုးကြီးက ဇက်ညောင်း၍ ဦးခေါင်း ကို ပြန်ငုံ့လိုက်ချိန်တွင် အဝေးသို့ ထွက်ပြေး နေသော ရန်ကုန်နီတိကို ရေးရေးရိပ်ရိပ် မျှသာ တွေ့မြင် လိုက်ရလေသည်။

ကြူးနှစ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071