အမေနဲ့အတူတူနေရတဲ့ သမီးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘာသာရေးကိုထဲထဲဝင်ဝင်လုပ်ဖြစ်တယ် အိမ့်ချစ်

0
97

ec

အိမ့်ချစ်က ဘာသာတရားကိုထဲထဲဝင်ဝင်လုပ်သလို ဘုရား၊ တရား၊သံဃာကို ကြည်ညိုကိုင်း ရှိုင်းတဲ့ အနုပညာ ရှင်တစ်ယောက် ဆိုတာ သူမရဲ့ လုပ်ဆောင်ချက်တွေက စကားပြောလို့နေပါတယ်။ အိမ့်ချစ်နဲ့ တွေ့ဆုံတိုင်း သူမရဲ့အနုပညာအကြောင်းတွေနဲ့ တခြားအကြောင်းအရာတွေကို ဦးစားပေးမေးဖြစ် ပေမယ့် ဘာသာရေး အကြောင်းတွေ ကိုတော့ မမေးဖြစ်ခဲ့ပါဘူး။ အခု တစ်ခေါက်တော့ သူမကို ဘာသာရေး အကြောင်းတွေကို မေးမြန်းဖြစ်တဲ့အခါမှာ သူမရဲ့ပြောပြချက်တွေက စာဖတ်ပရိသတ်တွေအတွက် တစ်စုံတစ်ရာ အကျိုးရှိနိုင်လိမ့်လောက်မှာပါ။ ဒါကြောင့် ဒီတစ်ပတ် ပေါ်ပြူလာရဲ့အနုပညာရှင်နဲ့ ဘာသာရေး ကဏ္ဍအတွက် အိမ့်ချစ်ရဲ့ဘာသာ တရားဆောင်ရွက်ချက်တွေကို ပရိသတ်တွေအတွက် မေးမြန်း တင်ဆက်လိုက်ပါတယ်။

မေး-ဘာသာရေးကို ဘာကြောင့် ထဲထဲ ဝင်ဝင်လုပ်ဖြစ်တာလဲ

ဖြေ- ဘာသာမတူတဲ့ မိဘ ၂ပါး ကနေပေါက်ဖွားလာတယ်။ မိဘ ၂ ပါးစလုံးက ယုံကြည်ရာကို ကိုးကွယ်ပါလို့ပဲပြောကြတယ်။ ဒါပေမဲ့ အိမ့်ချစ် ဗုဒ္ဓဓဘာသာကိုပဲကိုး ကွယ်တယ်။ အမေက ဗုဒ္ဓဘာသာ ဆိုတော့လေ။ အဖေကလည်း ကိုယ်ယုံကြည်ရာကိုးကွယ်တဲ့အပေါ်မှာ အဖေကလည်းဘာမှမပြောဘူး။ သူကိုယ်တိုင်ကလည်း ကိုယ့်ကို ဘာ သာရေးလုပ်စေချင်တယ်။ ဘယ်ဘာ သာကို ကိုးကွယ်၊ ကိုးကွယ်ဘာသာတရားကို လက်ကိုင်ထားတဲ့မိန်းက လေးတစ်ယောက်ဖြစ်စေချင်တယ်။ ဒါဟာအဖေရော၊ အမေရောရဲ့ ဆန္ဒ။ နောက်ပြီးတော့ အိမ့်ချစ်ရဲ့ အမေက ဘာသာရေးတအားလုပ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ဒါဟာ အမေနဲ့ အတူတူနေရတဲ့ သမီးတစ်ယောက် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘာသာရေးကို ထဲထဲဝင်ဝင်လုပ်ဖြစ်တာ ပေါ့လေ။

မေး- ယုံကြည်ကိုးကွယ်မှု အစစ်က ဘာလဲ

ဖြေ “ငယ်ငယ်တုန်းကတော့ ဘုရားရှိ ခိုးဆိုရင် ရှိခိုးလိုက်တာပဲ။ လူကြီးတွေက စာမေးပွဲအောင်ချင်လား၊ ဘုရားရှိခိုးဆိုတော့ ဒါက အကျိုးလိုလို့ ဘုရားရှိခိုးတဲ့ပုံစံမျိုးပေါ့။ အဲဒီလိုမျိုးနဲ့စခဲ့ရတာပဲ။ ဒါပေမဲ့ အဲဒီအချိန်မှာ ဘာဖြစ်လဲဆိုတော့ အဓိကတစ်ခုက ကိုယ်ကောင်းတာလုပ်ရင် ကောင်းခြင်းတရားပြန်ရ တယ်။ ဒီအရသာလေးကို တဖြည်း ဖြည်းနဲ့ သိလာတဲ့အခါမှာ အသက်အရွယ်အရဘာသာရေးလုပ်တဲ့ ပုံစံ ပြောင်းလာတယ်။ သြော်..ငါ ကောင်းကျိုးတွေဖြစ်ထွန်းဖို့ ငါ ကောင်းတာလုပ်မှဖြစ်မှာပါလား။ အဲဒီအတွက် ငါဘာသာရေး လုပ်ရမယ်ဆိုပြီး တစ်ဆင့်တက်ပြီးလုပ်လာတယ်။ အဲဒီကနေ နောက်ထပ်တစ် ဆင့် ဘာပြောင်းလဲသွားလဲဆိုတော့ ငါဘာသာရေးလုပ်ခြင်းဟာ ကောင်းကျိုးရခြင်း၊ မရခြင်းထက် ငါ့ရဲ့စိတ်ကို အေးချမ်းစေပါလားဆိုတာလေးတစ်ခုထပ်ဖြစ်လာတယ်။ ဒါကမှ တကယ် ကို ယုံကြည်ကိုးကွယ်မှုအစစ်ပါ။ အဲဒီအခြေအနေအထိ အသက်ငယ် ငယ်ရွယ်ရွယ်နဲ့ အိမ့်ချစ်ကို ဒီလို စိတ်ကလေး စောစောစီးစီးဖြစ် အောင်လို့ မျိုးစေ့ချပေးခဲ့တဲ့ အမေ့ကို ကျေးဇူးတင်ပါတယ်။ ကိုယ့်စိတ် အေးချမ်းမှုတစ်ခုအတွက်ကို ဘာ သာရေးလုပ်တဲ့ သဘောမျိုးလေးလည်း အများကြီးသက်ရောက်ပါတယ်။

မေး- ဘာသာရေးလုပ်တဲ့အတွက် ဘယ်လို အကျိုးကျေးဇူးတွေရလဲ။

ဖြေ- အိမ့်ချစ် နေ့တိုင်းဆိုလို့ရှိရင် အမြဲတမ်းဘုရားရှင်ရဲ့ ဂုဏ်တော်ပွားတယ်။ ပဋ္ဌာန်းရွတ်တယ်။ မေတ္တသုတ်ကတော့ အမြဲတမ်းရွတ်ရမှာပေါ့နော်။ မေတ္တာအမြဲတမ်း ပို့တယ်။ ဘယ်သွားသွား၊ ဘယ်လာလာ ဂုဏ်တော်လေးအမြဲ ပွားနိုင်အောင် တာလီလေးတစ်လုံးလက်မှာ အမြဲတမ်းကိုင်ထားတယ်။ စကားပဲ ပြောပြော ဘာပဲလုပ်နေနေ ကိုယ့်မှာ ကောင်းတာလေးတစ်ခုရှိနေတယ် ပေါ့နော်။ အိမ့်ချစ်တို့လည်း လိမ္မာတဲ့အထဲမှာမပါဘူး။ လူငယ်တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပျော်လည်းပျော်ပါးတယ်။ သို့သော်လည်းပဲ ကိုယ်ဟာ မကောင်းတာ တစ်ခုခု ဖြစ်တော့မယ်ဆိုတဲ့ကံမျိုး ပါလာခဲ့ရင် ကိုယ်ကောင်းတာလုပ် နေတဲ့အတွက် အနည်းအကျဉ်းတော့ လျော့ပါးသွားတယ်၊ အများကြီးကိုယ့်အတွက်အကာအကွယ်ဖြစ်တယ်ဆိုတဲ့ စိတ်ကလေးတစ်ခုနဲ့ အိမ့်ချစ်က ဒီနေ့ဒီအချိန်ထိ ဘာသာရေးကို လုပ်တာ။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here