၂ဝ၁၆ ခုနှစ်အကယ်ဒမီဆုပေးပွဲမှာ ထည့်သွင်း ပြုလုပ်မည့် အစီအစဉ်များ

0
245

aca

မတ်လ ၁၈ ရက်နေ့၊ ညပိုင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်သော ၂ဝ၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ပြည်သူ့ ရင်ပြင်၌ ကျင်းပမည်ဖြစ်ပြီး ယခုနှစ် အကယ်ဒမီပေးပွဲ၏ အဓိကဆောင်ပုဒ်မှာ ” မြန်မာ့ရုပ်ရှင် နှစ်၁ဝဝပြည့်ဆီသို့ ” ဆိုသည့်အတိုင်း အကယ်ဒမီပွဲအခမ်းအနားနေ့ အပြင်အဆင် များကို ထူးခြားဆန်းသစ်စွာဖြင့် ပြုလုပ်သွားမည်ဟု သိရသည်။ အဆိုပါ အကယ်ဒမီပေးပွဲ၏ စတိတ်အပြင်အဆင်အပိုင်းအပါအဝင် အစီအစဉ်တစ်ရပ်ကို ဦးစီးမည့် Star Event Production ဂျွန်လွင်က..

gbvn

” အဖွင့်မှာက ဓီရာမိုရ်ရဲ့ ရုပ်ရှင်သီချင်းသံစဉ်တွေကို ညနေ ၅ နာရီခွဲ ကနေ ၆နာရီ ၄၅ မိနစ်ထိ ပြသမယ်။ ဧည့်သည်အဝင်တီးလုံး အော်ဂတ်စတာနဲ့တီးပြီးပြသမယ်။ ပြီးတော့ DJ သော်သော်နဲ့ Immertal Music Brand က ကိုဝဏ္ဏတို့ ပူးပေါင်းပြီးတော့ တီးခတ်ထားတယ်။ ဆီမီးခွက်အကကို ကပြသွားမယ်၊ ဒုတိယပိုင်းမှာက နှစ်၁ဝဝဆီသို့ဆိုတဲ့ ပြဇာတ်ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သရုပ်ဆောင်သင်တန်းဆင်းများက တေးသရုပ်ဖော်တွေနဲ့ ဖျော်ဖြေတင် ဆက်မယ်။ နောက်ပြီး မြခြူသံပြဇာတ် ကိုဖျော်ဖြေတင်ဆက်မယ်။ ချိုပြုံး၊ ထွန်းအိန္ဒြာဗိုတို့က မောင့်မူပိုင်ရှင် ရုပ်ရှင်သီချင်းကို သီဆိုမယ်” ဟု ယခု နှစ်အကယ်ဒမီ အစီအစဉ်နဲ့ပတ်သက် ပြီး ပြောသည်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here