အကယ်ဒမီမရပေမယ့် တအားတော်နေတဲ့ သရုပ်ဆောင်တွေလည်း အများကြီးပါပဲ ခိုင်သင်းကြည်

0
227

Khaing Thin Kyi (1)

ခိုင်သင်းကြည် ပါဝင်သရုပ်ဆောင်ထားတဲ့ “ငါ့အကယ်ဒမီ” ရုပ်ရှင်ဇာတ်ကားက မတ်လ၁၈ရက်နေ့မှာ ကျင်းပမယ့် အကယ်ဒမီထူးချွန်ဆုပေးပွဲမတိုင်မီ ရုံတင်ပြသ တော့မှာ ဖြစ်ပါတယ်။ အကယ်ဒမီပွဲကျင်း ပချိန်ကလည်း နီးကပ်နေပြီဖြစ်တဲ့အတွက် အကယ်ဒမီပေးပွဲမှာ ဖြစ်တတ်လေ့ရှိတဲ့ ဂယက်တွေကို ထည့်သွင်းရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ပရိသတ်တွေကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိကြောင်းကို ခိုင်သင်းကြည်က ” ငါ့အကယ်ဒမီက အကယ်ဒမီရာသီစာ ရိုက်ထားတဲ့ဇာတ်ကားဖြစ်လို့ အကယ်ဒမီနား အနီးမှာတင်တော့ပိုကောင်းတာပေါ့။ အဲဒီ့အတွက် ပရိုဂျူဆာတွေက ကြိုးစားနေကြပါတယ်။

အကယ်ဒမီထဲက ပလော့တွေဆိုတော့ ဖေ့စ်ဘုတ်ရွာတုန်းကလိုပေါ့။ ဖေ့စ်ဘုတ်က ပလော့တွေခေတ်စားတဲ့ အချိန်မှာတင်လိုက်တော့ ပရိသတ်အကြိုက်တွေ့ သွားသလို ပေါ့။ အခု ငါ့အကယ်ဒမီကလည်း လက်ရှိဖြစ်နေတဲ့ ဂယက်တွေရော မျိုးစုံပေါ့။ ကိုယ့်အကြောင်းတွေ သူ့အကြောင်းတွေ မျိုးစုံ လျှောက်ထည့်ရိုက်ကူးကြတော့ ရာသီစာလို ဖြစ်နေတော့ အကယ်ဒမီရာသီမှာ ရုံတင်တဲ့သဘောပါပဲ။ ပရိသတ်တွေ လည်း ကြိုက်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။ ခိုင်သင်းကြည်ရဲ့ အကယ်ဒမီပွဲတက်ဖက်ရှင်အတွက် KAY Fashion ကစပွန်ဆာပေးမှာဖြစ်ပြီး ဒီဇိုင်နာ မပုံ့ (My Favourite) က ဖန်တီးပေးမှာဖြစ်ကာ အကယ်ဒမီဖက်ရှင်ကိုတော့ နှစ်စဉ်လိုပဲ မြန်မာဆန်ဆန်ဖက်ရှင်နဲ့ပဲတက်ရောက်မှာဖြစ်ကြောင်းပြောပါတယ်။ ဒီနှစ်မှာတော့ အကယ်ဒမီရရှိမယ့် အနုပညာမောင်နှမတွေကို အားပေး ဖို့ တက်ရောက်မှာပါဆိုတဲ့ ခိုင်သင်းကြည်က…

” ဒီနှစ်ကတော့ အေးမြတ်သူ ကြားတယ်။ အန်တီဝါဝါအောင်၊ မထူးမွန်တို့ကြားတယ်။ မင်းသမီးထဲမှာ သက်မွန်မြင့်၊ ဝတ်မှုံရွှေရည်တို့ထဲက ရမယ်ထင်ပါတယ်” လို့ပြောပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ အတူ အကယ်ဒမီ နှစ်နှစ်ဆက်တိုက်ရရှိခဲ့တဲ့ ခိုင်သင်းကြည်က အကယ်ဒမီဆုဆိုတာ သရုပ်ဆောင်တိုင်း မျှော်လင့်ကြတဲ့ ဆုကြီးတစ်ဆုပဲဖြစ်ကြောင်း ပြောပါတယ်။

” အကယ်ဒမီဆိုတာက အနုပညာသမားတွေ အတွက် အကြီးမားဆုံးမျှော်လင့်လို့ရမယ့် ဂုဏ်ထူးဆောင်ဆုကြီးပေါ့။ ကိုယ့်ဘဝတစ် သက်တာမမေ့နိုင်တဲ့ ဆုကြီးပေါ့လေ။ ဒါပေမဲ့ အကယ်ဒမီမရဘဲနဲ့ တအားတော် နေတဲ့ သရုပ်ဆောင်တွေ လည်း အများကြီး ပါပဲ။ ကံတော့လည်း အများကြီးပါတယ် လေ။ ဒါပေမဲ့လည်း ဒီလိုမျိုး အကယ် ဒမီဆုကြီးကို သရုပ်ဆောင်တိုင်း လိုချင်ကြတာချည်းပဲ။ သရုပ်ဆောင် တိုင်း အားလုံးရဲ့တအား မျှော်လင့်ကြတဲ့ အကယ်ဒမီပါ” လို့ ခိုင်သင်းကြည်က ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here