အကယ်ဒမီစင်မြင့်ထက်ဆီကနေ အနုပညာလုပ်ကိုင်ခွင့်လေးတွေ ရကြတော့မယ့် ၂ဝ၁၆ ခုနှစ်အကယ်ဒမီ ရွှေကြိုမောင်၊ မယ်များ

0
221

shwekyo

မတ်လ ၁၈ရက်၊ ပြည်သူ့ ရင်ပြင်မှာ ကျင်းပမယ့် ၂ဝ၁၆ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေး ပွဲအခမ်းအနားအတွက် အကယ်ဒမီ ရွှေကြို မောင်၊မယ် ၁၆ဦးစာရင်းကိုထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ရွှေကြို ရွေးချယ်ရေးအကဲဖြတ်ဒိုင်တွေအနေနဲ့ အကယ်ဒမီ မေသန်းနု၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီရန်အောင်၊ စာနယ်ဇင်း ဆရာ ဦးဝင်ငြိမ်း၊ စာနယ်ဇင်းဆရာ ကိုမျိုး(မြန်မာစာ)၊ ဓာတ်ပုံပညာရှင် ဦးမိုးမင်း(ျွပျေ)၊ တက္ကသိုလ် ယဉ် ယဉ်လဲ့၊ ဒေါ်ခင်သန်းနွယ်၊ ဒါရိုက်တာမောင်ဗေဒါ၊ ဒါရိုက်တာအိအိ ခိုင်တို့က ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။

” နှစ်တိုင်း၊ နှစ်တိုင်းမှာ လှပြီးတော့ ကျန်ခဲ့တဲ့သူတွေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဆင့်တို့က အမှတ်ပေးစနစ်နဲ့ သွားတာပေါ့။ မဆင့်တို့ ဒိုင်တွေတစ်ယောက်နဲ့ တစ် ယောက်ရွေးချယ်မှုချင်းမတူတဲ့ အတွက် တစ်ခါတလေမှာ တအား ပြည့်စုံပေမယ့် ကျန်နေရစ်ခဲ့တဲ့သူ တွေလည်းရှိပါတယ်” လို့ အကယ်ဒမီမေသန်းနုက သူမတို့ ရွေးချယ် ဖြစ်ခဲ့တဲ့ ရွှေကြိုမောင်၊ မယ်တွေနဲ့ ပတ်သက်ပြီးပြောပါတယ်။ ရွှေကြိုမောင်၊ မယ် ၁၆ဦးတို့အနေနဲ့ကတော့ မောင်ရှိန်းတင်ထူး၊ မောင်အေး ကျော်ဇင်၊ မောင်သက်ပိုင်ဖြိုး၊ မောင် သြဇာ၊ မောင်တေဇာလင်း၊ မောင်သူ ရအောင်၊ မောင်ဧဝရတ်မိုး၊ မောင်စိုး မင်းအောင်နဲ့ မမိုးပွင့်ဖြူဟန်၊ မနှင်း ဝတီကျော်၊ မနေခြည်ရွှန်းလက်၊ မနေ ရည်ဝင်းလဲ့၊ မပြည့်ဝတီမောင်၊ မနှင်း ရွှေရည်(ထက်ထက်)၊ မမိယဉ်စနိုင်း၊ မဟေသာလင်းလက်တို့ ပဲဖြစ်ကြပါတယ်။

မကွေးတိုင်း၊ ချောက်မြို့ သူလေးဖြစ်တဲ့ ပြည့်ဝတီမောင်ကတော့ လက်ရှိအချိန်မှာမှ ဆယ်တန်း အောင်ထားတာဖြစ်ပြီး သူမအနေနဲ့ ပထမဦးဆုံးရွှေကြိုဝင်ပြိုင်ဖူးခြင်းဖြစ် ကြောင်းသိရပါတယ်။ သူမက ” ပြည့်ဒီရွှေကြိုကို ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ရတဲ့အကြောင်းကတော့ ပြည့်ငယ်ငယ်ကတည်းက စိတ်ဝင်စားတယ်။ အကယ်ဒမီပေးပွဲကိုလည်း ကြည့် ဖြစ်တယ်။ သူများ တွေလိုကိုယ်လည်း ရွှေကြိုတစ် ယောက်အဖြစ် စင်ပေါ်တက်နိုင်ရမယ်ဆိုတဲ့စိတ်လည်းရှိခဲ့ ပါတယ်။ ရွှေကြိုတစ်ယောက်ဖြစ်လာတဲ့ အပေါ်မှာ အနုပညာလျှောက်လမ်းတစ်ခုမှာ မှတ်တိုင်တစ်ခုအနေနဲ့ ထင်ကျန်မယ်ပေါ့နော်။ ကိုယ်က လည်း ထင်ကျန်ချင်တဲ့ဆန္ဒရှိပါတယ်။ ဒီကနေဘာဖြစ်လာမလဲဆိုတော့ ကိုယ်ကြိုးစားနိုင်တဲ့အတိုင်းအတာ ပေါ်မူတည်ပြီးတော့ အတိုင်းအတာတစ်ခုအထိရောက်သွားမယ်လို့ ယုံကြည်ပါတယ်” လို့ပြောပါတယ်။ နေရည်ဝင်းလဲ့ကတော့ ရန်ကုန်သူလေးပါ။ သူမကတော့ ရွှေကြိုကို ယှဉ်ပြိုင်ခဲ့တာ ၃နှစ်ရှိခဲ့ပြီဖြစ်ပြီး ဒီနှစ်မှာမှ အရွေးချယ်ခံရခြင်း ဖြစ်ပါ တယ်။ သူမက ရန်ကုန်တက္ကသိုလ်၊ ရူပဗေဒ(ထူးချွန်)၊ တတိယ နှစ်လည်း ဖြစ်ပါတယ်။

” ရွှေကြိုတစ်ယောက်ဖြစ်သွား ပြီဆိုတော့ ညီမက ၂ဝ၁၆ခုနှစ်ရဲ့ ရွှေကြိုတစ်ယောက်ပါဆိုတဲ့ ဂုဏ် လေးတစ်ခု၊ မှတ်တိုင်လေးတစ်ခုဆို တာ ညီမတို့အတွက်တော့တအား ကြီးမားပါတယ်။ ညီမတို့မှာလည်း အနုပညာမျိုးရိုးမရှိဘူးဆိုတော့ ဘာပဲပြောပြောရှေ့ဆက်လုပ်မယ့် အနုပညာတွေအတွက်ခြေလှမ်းလေးတစ်ခုဖြစ်သွားတယ်လို့ထင်ပါတယ်” လို့ နေရည်ဝင်းလဲ့က သူမရဲ့ပီတိ ကိုပြောပါတယ်။ ဘိတ်သားလေး သက်ပိုင်ဖြိုးကတော့ လက်ရှိအနုပညာလောကထဲကို အနည်းငယ်ဝင်ရောက်လို့နေပြီး သူ့ကို MPT ကြော်ငြာနဲ့အတူ ပရိသတ်ကသိကြပါတယ်။ သူလည်း မနှစ်က အကယ်ဒမီ ရွှေကြိုဝင်ပြိုင်ခဲ့ဖူးပြီး ဒီနှစ်မှာမှ အရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ သူက..

” ရွှေကြိုဆိုတာ အနုပညာလမ်းကြောင်းကိုဖွင့်ပေးမယ့်တံခါးကြီးတစ် ချပ်ဖြစ်ပါတယ်ဗျ။ အဲဒီတံခါးပေါက်ကြီးကိုဖွင့်ချင်လို့ ကျွန်တော်ရွှေကြို ဝင်ပြိုင်ဖြစ်တာပါ။ ကျွန်တော်မနှစ်ကလည်းဝင်ပြိုင်ဖူးပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေရှိနေလို့ ဒီနှစ်ဝင် ပြိုင်ဖြစ်တာပါ။ အခုရွှေကြိုတစ်ယောက် ဖြစ်သွားပြီဆိုတော့ ကျွန် တော့်ကိုလည်း အရင်ကထက်ပိုပြီး တော့သတိထားမိလိမ့်မယ်လို့ထင် တယ်။ ကျွန်တော့်ရဲ့ အနုပညာလမ်းကြောင်းကြီးလည်း အခုချိန်ကစပြီးတော့ ပွင့်သွားပြီလို့ထင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here