နှစ်စဉ်သင်္ကြန်နား နီးလာတိုင်းသင်္ကြန်သီချင်းတစ်ပုဒ်လောက် မှမဆိုလိုက်ရရင် မကျေနပ်တဲ့ ဟဲလေးက ဒီနှစ်သင်္ကြန်အတွက်လည်း တေးရေးစိုးလင်းစီစဉ်တဲ့ April Kings မှာရော၊ ကိုဂျက်စီစဉ်တဲ့ Summer 6 မှာရော သင်္ကြန်သီချင်း တွေဆိုထားတဲ့အတွက် သူဆိုထားတဲ့သီချင်းလေးတွေကို ပရိသတ်က ဘယ်လို တုံ့ပြန်မလဲဆိုတာကိုလည်း စောင့်မျှော်နေလေရဲ့။ ဂီတလောကမှာ ၁၆နှစ် ကျော်ရပ်တည်လာနိုင်ခဲ့တဲ့ ဟဲလေးကသူ့ရဲ့လာမယ့်အနုပညာလှုပ်ရှားမှုတွေကိုလည်း..
” ပြည်သူ့အချစ်တော်က အမ်တီဗီမထွက်တော့ပါဘူး။ လက်ရွေးစင်တေးများအခွေပဲ သင်္ကြန်ပြီးတော့မှထွက်တော့မယ်။ လက်ရွေးစင်ပြီး သွားလို့ သီတင်း ကျွတ်လောက်ကျရင်တော့ အိမ့်ချစ်နဲ့ ၂ယောက်တွဲအခွေ လာပါမယ်” လို့ ဟဲလေးကပြောပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကျော်နှစ်ပတ်လောက်က အောင်မြင်စွာကျင်းပပြီးစီးခဲ့တဲ့ ၂ဝဝဝပြည့်နှစ်များဆီက ဂီတအဖွဲ့တွေရဲ့ရှိုး (Back To Millennium) ကို ပေါ်ပေါက်လာအောင် အိုင်ဒီယာပေးခဲ့သူက ဟဲလေးပါ။ သူက ” အဲဒီလိုမျိုးပွဲက နောက်တစ်ကြိမ် အဲဒီလိုပရိသတ်မျိုးတွေဖြစ်ဖို့ဆိုတာ တအားခက်ခဲပါတယ်။ ဒါကြောင့်အားလုံး၊ အားလုံးအတွက် အမှတ်တရဖြစ်ပြီး ရင်ထဲမှာ ကျန် နေခဲ့တယ်၊ အဆိုတော်တွေ အားလုံးလည်းဆိုပြီးတဲ့အခါမှာ တစ်သက်လုံးအတွက်အမှတ်တရကျန်နေခဲ့တဲ့အတွက် ကျွန်တော့်အနေနဲ့ တအားကို ပီတိဖြစ်မိပြီးပျော်ရွှင်ခဲ့ရပါတယ်” လို့ပြောပါတယ်။ မကြည် လိုက်ရတဲ့သူတွေအတွက် ဘယ်လိုလုပ်ပေးဖို့ရှိမလဲလို့ ဆက်လက်မေးတော့ “မေးကြတဲ့အတွက် အခွေလေးထွက်ဖို့တော့ ကြိုးစားပါမယ်” လို့ ပြောပြခဲ့ပါတယ်။
မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း