ဇာတ်လမ်းတွဲ၊ မီဒီယာနဲ့စီးရီးတွေကို မိတ်ဆက်တဲ့ သားစိုး

0
128

Thar Soe (2) copy

အဆိုတော် သားစိုးတည်ထောင်လိုက်တဲ့ ‘တစ်နှစ်သုံး’ မီဒီယာကို မိတ် ဆက်ခြင်းနဲ့  တစ်နှစ်သုံး မီဒီယာနဲ့ MNTV / Channel တို့ ပူးပေါင်း ထုတ်လုပ်မယ့် ‘ဂျော်နီငပိနဲ့ တော်ကီချက်ကြီး’ ဇာတ်လမ်းတွဲ မိတ်ဆက်ခြင်း ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ က Orchid Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီမိတ်ဆက်ပွဲမှာတော့ ဇာတ်လမ်းတွဲ မိတ်ဆက်အပြင် သားစိုးက သူ့ရဲ့ ‘ရောသမထပ်မွှေ’ စီးရီးသစ်ကိုပါတစ်ပါတည်း မိတ်ဆက်ခဲ့ပါတယ်။ ဂျော်နီငပိနဲ့ တော်ကီချက်ကြီး ဇာတ်လမ်းတွဲကတော့ သားစိုးကိုယ်တိုင်ရေးသားထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး ဒီဇာတ်လမ်းရေးဖြစ်ပုံကို သားစိုးက “ကျွန်တော်တို့ ငယ်ငယ်က စူပါဟီးရိုးကာတွန်းတွေရှိတယ်။အဲ့ဒါတွေကို ကျွန်တော်တို့ သ ဘောကျခဲ့တယ်။အခု ဒီဇာတ်လမ်းကလည်း အဲ့လိုသဘောဆန်ဆန်လေးကို ဟာသနဲ့ရောထားတာပါ။ ကျွန်တော် ဒီဇာတ်လမ်းကို ရေးထားတာ ၂ဝဝ၉ လောက်ကတည်းကပါ။

အဲ့ဒီတုန်းက ထွက်ခဲ့တဲ့ ‘မွှေလို့မဝ’ လိုဆိုတဲ့ စီးရီးထဲက သီချင်းတစ်ပုဒ် ရေးရင်းနဲ့ ဒီဇာတ်လမ်းကိုရေးဖြစ်တာ” လို့ သားစိုး ကပြောပါတယ်။သားစိုး ဇာတ်လမ်းရေးတဲ့ ဒီဇာတ်လမ်းမှာတော့ ညီထွဋ်ခေါင်၊ ကြက်ဖ၊ သားစိုး နဲ့ဆုမြတ်နိုးဦး တို့ က အဓိက ပါဝင်သရုပ်ဆောင် ထားပြီးဒါရိုက်တာကိုသက်က ရိုက် ကူးမှာဖြစ်ကြောင်းလည်း သိရပါတယ်။ဒါ့အပြင်သားစိုးက တစ်နှစ်သုံး ဆိုတဲ့မီဒီယာကို တည်ထောင်လိုက်ပြီး ကြော်ငြာကိစ္စများအတွက် မီဒီယာ လုပ်ငန်းတစ်ခုအနေနဲ့ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။ သားစိုးက ဒီနှစ်သင်္ကြန် မတိုင်ခင်မှာတော့ ‘ရောသမထပ်မွှေ’ ဆိုတဲ့ နာမည်နဲ့ စီးရီးသစ် ထွက်လာမှာ ဖြစ်ပါတယ်။

ရဲရဲ၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here